သတ္တိရှိစွာ လုပ်ဆောင်ပါ အောင်ပွဲအခါခါ ကြုံရမှာ

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ကြောက်ရင် လွဲ၊ ရဲရင် မင်းဖြစ် ဟူသော

ဆိုစကားလေး ကြားဖူးကြ မဟုတ်ပါလား။

ကြောက်တတ်တဲ့သူဟာ အကြိမ်ကြိမ်အခါခါ သေရတတ်တယ်
ဟူသော ပြောစမှတ်ပြုစကားလေးလည်း ကြားဖူးကြမှာပါနော်။

တစ်ကယ်တော့ အကြောက်တရား ထားသင့်သော
နေရာမှာ တစ်ခုသာ ရှိပါမည်။
မကောင်းမှုဟူသမျှ တွေးမြင်ပြောပြုမူရာ ၌သာ
ဆင်ခြင်ထိမ်းသိမ်းထားရှိအပ်သော အကြောက်တရား
သာလျှင်ဖြစ်ပါသည်။

လောကီရေးရာ အဖြာဖြာတွင်ကား
မိမိတို့ လိုလားအပ်သော အောင်မြင်မှု (ငွေကြေးဥစ္စာ၊
ဂုဏ်ဓာတ်၊ လူမှုရေးနှင့် ပညာရေး) ကို ရရှိစေရန်မှာ
သတ္တိရှိရှိ ရဲရဲရင့်ရင့် ရင်ဆိုင် ယှဉ်ပြိုင် ဇွဲခတ်နွှဲနိုင်မှ
ဖြစ်ပေမည်။

သတ္တိ ရှိတယ်ဆိုတာကလည်း တကယ်စင်စစ်မှာ
ကြောက်ရွံ့ခြင်းကင်းမဲ့တာ မဟုတ်ပါဘူး။
မိမိကြောက်သော်လည်း ရင်ဆိုင်ရဲတဲ့စွမ်းရည်ကိုဆိုပါတယ်။
ကြောက်ရွံ့စရာ ကြုံတွေ့ရပါကလည်း လုပ်သင့်လုပ်ထိုက်တာကို
နောက်မတွန့်ဘဲ ရှေ့ဆက်တတ် ကျော်ဖြတ်ဖို့ပါ။
မိမိတို့ လုပ်စရာရှိတာကို ပြီးဆုံးအောင် လုပ်ပါမှ
မိမိတို့ လိုလားအပ်သော အောင်မြင်မှု ရရှိမှာပဲပေါ့။

သို့သော် မိမိတို့၏ ပြုဖွယ်ဆောင်တာအဝဝမှာ
ရွေးချယ်မှု မှန်ကန်ဖို့တော့ လိုပါမည်။ မှားယွင်းစွာ
ရွေးချယ်မိခဲ့သော လမ်းကို မိုက်ရူးရဲ ဆန်စွာ
ဆက်လျှောက်နေပါက ဒုက္ခရောက်တတ်ပါသည်။

သတ္တိနှင့် မိုက်ရူးရဲဆန်ခြင်း တို့ကိုတော့ ခွဲခြားတတ်ဖို့
အရေးကြီးပါသည် ဟု မျှဝေပေးရင်း
သတ္တိရှိစွာ လုပ်ဆောင်ပါ အောင်ပွဲအခါခါ ကြုံရမှာ
ဟူသော စာတမ်းလေးကို အဆုံးသတ်လိုက်ပါရစေ။
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

@billionairehein

Sort:  

အောင်ပွဲသို့ ရဲရဲချီ

Posted using Partiko Android

ရဲရဲချီတတ်မယ်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!

Learn more: https://esteem.app Join our discord: https://discord.gg/8eHupPq

Thank you very much!

Posted using Partiko Android

ကြောက်ရင် အခါခါသေတယ်ဆိုတာ သိပ်မှန်ပါတယ်။ အထူးသဖြင့် တွေးပူပန်ကြောက်လန့် ခြင်းဟာပိုဆိုးပါတယ်။

တွေးကြောက်နေမယ့်အစား ရင်ဆိုင်လိုက်တာ ပိုကောင်းမှာပါပဲ

Posted using Partiko Android

ပထမဆုရယူမယ်ဟေ့!

Posted using Partiko Android

ထိပ်ဆုံးထိသွားမယ်လေ

Posted using Partiko Android

ကြောက်တတ်သူလွဲ လို့ ရဲတဲ့သူမင်းဖြစ်တဲ့

ရဲရဲချကြစို့ဗျာ

Posted using Partiko Android

ယခုလိုသတိ​​ပေေးတာ ​ကျေးဇူးပါ

ယခုလို ကွန်မန့်ပေးတာ ကျေးဇူးပါဗျ

Posted using Partiko Android

Congratulations @billionairehein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 45000 upvotes. Your next target is to reach 50000 upvotes.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Christmas Challenge - Send a gift to to your friends

You can upvote this notification to help all Steemit users. Learn why here!

Thank for new badge

Posted using Partiko Android

ဟုတ်ကဲ့ပါ ဥဥ ကြောက်ဖုညှော် ခ်ခ်

မကြောက်ရင် ချမလား😁😁😁

Posted using Partiko Android

ခုလို ကလောင်ဖြင့် အသိပေးလို့ ကျေးဇူးအထူးပါ ကိုဟိန်း

ဖတ်ပေးလို့ ကျေးဇူးပါဗျာ

Posted using Partiko Android