ဒီနေ့ အလုပ်ပိတ်ရက်ဖြစ်လို့ အခါးတိုင်းနေ့တွေလို မနက်စောစောထစရာမလိုသည်နှင့်နေအတော်မြင့်မှ အိပ်ရာမှ
ထဖြစ်သည်။ အိပ်ရေးဝအောင် အိပ်လိုက်ရသဖြင့် စိတ်များကလည်းကြည်လင်းလန်းဆန်းလို့နေပါသည်။
ကော်ဖီခါးတစ်ခွက်ကို ဖျော်ပြီး သတင်းစာတစ်စောင်ဆွဲယူလျှက် အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။
ကော်ဖီလေးငုံလိုက် ဆေးလိပ်ကလေးဖွာလိုက်နှင့် သတင်းစာဖတ်ရင်း မနက်ခင်းကို ကြိုဆိုဖြတ်သန်းရသည်မှာ
အရသာရှိလိုက်ပါဘိ။
ကျန်းမရေးငှာနရဲ့ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ကလေးသူငယ်ဦးရေ တစ်သိန်းငါးသောင်းကျော်ဟာ
ဆေးရွက်ကြီးကိုနေ့စဉ်သုံးစွဲနေကြသည်။အရွယ်ရောက်ပြီးသူ လူဦးရေ ခုနှစ်သန်းကျော်သည်လည်းဆေးရွက်ကြီး
ကို နေ့စဉ်သုံးစွဲလို့နေကြပါသည်။အဆိုပါ လူဦးရေတို့အနက်မှ နှစ်စဉ်လူဦးရေ ခြောက်သောင်းကျော်သည် ဆေးရွက်
ကြီးသုံးစွဲမှုကြောင့်ရရှိသောရောဂါများဖြင့် သေဆုံးနေကြသည်ဟုသိရပါသည်။ သေဆုံးသူလူဦးရေခြောက်သောင်း
ကျော်တို့သည် အချိန်မတိုင်မီသေဆုံးကြရသူများဖြစ်ကြသည်။
စာရင်းဇယား ကိန်းဂဏန်းတွေကိုကြည့်ရင်း အတော်ကိုထိတ်လန့်တုန်လှုပ်မိပါသည်။ ကလေးသူငယ်ဦးရေ
တစ်သိန်းငါးသောင်းကျော်ဆိုသည်ကို အတော်စိတ်ဝင်စားမိသည်။အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသော
လူငယ်လေးတွေကို ဆိုလိုတာဖြစ်မည်။ ငယ်ငယ်က စမ်းသပ်လို့သည့်စိတ်ကြောင့် လူမမြင်ကွယ်ရာတွင်
ဆေးလိပ်ခိုးသောက်သဖြင့် မီးခိုးငွေ့များသီးခဲ့သည့် အဖြစ်ကိုသတိရမိသေးသည်။ ခုခေတ်မှာတော့လူငယ်လေးတွေ
က လမ်းပေါ်မှာပင်ဆေးလိပ်ကလေး လက်ကြားညှပ်ကာသောက်လို့နေကြသည်။ကွမ်းယာတပျစ်ပျစ်ထွေးလို့နေကြပြီ။
အမူးလွန်နေသော ကလေးတစ်ချို့တောင် တွေ့မိသေးသည်။ခေတ်စနစ်ပြောင်းလဲမှုဆိုးကျိုးများက လူငယ်တွေကို
ရိုက်ခက်လို့နေချေပြီ။
မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူများတွင် ဆေးရွက်ကြီးသုံးစွဲနေသူမှာ အမျိုးသား၄၃ဒသမ၈ရာခိုင်နှုန်းရှိပြီး အမျိုးသမီး
၈ဒသမ၄ရာခိုင်နှုန်းရှိသည်။ ထိုအထဲတွင် ဆေးရွက်ကြီးသုံးစွဲခြင်း၏ အဓိကအချက်ဖြစ်သော ကွမ်းယာစားသုံးခြင်းကို
အမျိုးသား ၆၂ဒသမ၂ရာခိုင်နှုန်း အမျိုးသမီး ၂၄ဒသမ၁ရာခိုင်နှုန်း သုံးစွဲနေကြောင်းသိရသည်။ အသက်ငယ်ရွယ်သူ
လူငယ်ယောက်ျားလေး ၂၁ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သုံးကြပြီး ၁၁ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါသော ကွမ်း
ယာကိုစားသုံးကြသည်။ မိန်းကလေး ၂ရာခိုင်နှုန်းမှာဆေးလိပ်သောက်သုံးကြပြီး ၂ရာခိုင်နှုန်းမှာကွမ်းယာစားသုံးကြ
သည်ဟု သိရသည်။ဆေးလိပ်နှင့်ဆေးရွက်ကြီးပါသော ကွမ်းယာစားသုံးမှုမှာမြန်မာနိုင်ငံတွင် တစ်စတစ်စမြင့်တက်
လာပြီး ကျန်းမာရေးထိခိုက်မှုနှင့် အသက်အန်တရာယ်ဖြစ်စေမှုများ နှစ်စဉ်သေဆုံးမှုစာရင်းများ တိုးတက်ဖြစ်ပေါ်လျှက်
ရှိလို့နေပါသည်။
ဘယ်နေရာဘယ်ဒေသ ဘယ်မြို့ရောက်ရောက်လိပ်စာမေးစရာမလိုပဲ အလွယ်တကူရှာဖွေတွေ့မြင်နိုင်တဲ့အရာတွေ
ကတော့ ဆေးလိပ်နှင့်ကွမ်းယာရောင်းချသောဆိုင်များ နေရာအနှံ့အပြားမှာ တွေ့နိုင်သကဲ့သို့ အရက်ဘီယာရောင်း
ချသည့်ဆိုင်များလည်း များပြားစွာတွေ့မြင်နိုင်ပါသည်။ဆေးလိပ်နှင့် ဆေးရွက်ကြီး အရက် ဘီယာတို့သည် လူတို့ရဲ့
ကျန်းမာရေးကို ထိခိုက်နိုင်သည်နှင့်အမျှ ပတ်ဝန်းကျင်ကိုပါ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ ထိခိုက်နိုင်သည်ကို
တွေ့မြင်ရပါမည်။
အချိန်သည်ကား နေ့လည်ခင်းသို့ပင်ရောက်လုပြီဖြစ်သည်။သတင်းစာတစ်စောင်လုံးလည်း အစမှအဆုံးတိုင်ဖတ်လို့
ပြီးချေပြီ။ ထိုင်နေတာကြာပြီဖြစ်လို့ ညောင်းညာမှုများ ပြေလျှောစေရန် ခြေလက်များကိုအကြောဆန့်ထုပ်လိုက်သည်။
မနေ့ညတုန်းက လမ်းထဲမှ လူငယ်ကာလသားလေးတွေအချင်းချင်း သောက်စားမူးရူးပြီးစကားများရန်ဖြစ်ကြသည်။
လုံးထွေးသတ်ပုတ်ကြရင်းတိုးဝှေ့မိသဖြင့် အိမ်ရှေ့ကရိုင်နဲ့နေသောခြံစည်းရိုးသည် တိုင်ကျိုးကာ လဲကျသွားခဲ့သည်။
ယခုချိန်ထိ မည်သူတစ်ဦးတစ်ယောက်မျှ အနှီးခြံစည်းရိုးအား လာရောက်ပြင်ဆင်တည့်မက်ပေးမည့်သူ ပေါ်မလာပါ။
ကိုယ်လည်း ငယ်ရာကကြီးလာသူဖြစ်လို့ လူငယ်တွေကို အပြစ်မပြောလိုတော့ပါ။တိုင်အသစ်တစ်ချောင်းစိုက်ကာ
ပြန်ပြင်ရပေတော့မည်။ဖတ်ပြီးသွားတဲ့သတင်းစာကို စားပွဲပေါ်သို့ချကာ အလုပ်လုပ်ရင်းဝါးရန်အတွက်
ကွမ်းယာဝယ်ရန် လမ်းထိပ်သို့ထွက်ခဲ့လိုက်ပါတော့သည်။
MSC-060
photo : google image@bobokyaw
ဘားမထူးပါဘူး ဟာ နောက်ဆုံးတော့်လဲ ကိုယ်လိုသူလို သိသိနဲ့ မိုက်နေတာပါဘဲ
ကျေးဇူးပါ
@royrodgers has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo
Very appealing and informative post shared followed . @bobokyaw Wish you the best with all your future endeavors.
thanks
nice post
ကျေးဇူးပါ
Good post
thanks
That right, good article!
thanks bro
မစွန့်လွတ်နိုင်ဘူးလေ ဟဲ
thanks bro
ရှောင်သင့်ပါတယ်
ကျေးဇူးပါဗျ
ကောင်းပါတယ်
thanks bro
Good Writing
ကျေးဇူးပါဗျ
ရှောင်ကျဉ်ရမည်သိနေကြသော်လည်းပေါ့လေ