Steem Power ဘယ်လိုစုခဲ့သလဲ(2)

in #myanmar7 years ago (edited)

DQmRH4L3NRwevsep63eFBj9gLsW4TzDjFk985AeK6TGAJ8W_640x480.jpg

စတီးမစ်လမ်းမထက်က မြန်မာ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ။

ဒီနေ့တော့ ညီငယ်လေးရဲ့ အမေးကိုအဆုံးသက်ပါ့မည်။
အမှန်တော့ သူမေးတဲ့မေးခွန်းကို တစ်ခွန်းထဲဖြေလိုက်ချင်တာပါ။ကျွန်တော်လဲ စာရေးစရာလေးရအောင် မှတ်မိသလောက်
ပြန်စဉ်းစားပြီး ရေးချပြခဲ့တာပါ။ ဒီနေ့လဲ ဆက်ရေးပါဦးမယ်။

ဟုတ်ကဲ့ပါ ဘယ်ကနေပြန်စမလဲဆိုတော့ စတင်းပါဝါ နှစ်ရာကျော်လောက်ကပြန်စပါမယ်။ ဂွတ်ကြီးရဲ့ စပေါ့ကို နဲနဲအားစိုက်
ပြီးယူခဲ့တယ်။သူက တစ်ရက်ခြားတစ်ခါလောက်ပေးတယ်။မဆိုးဘူးလို့ပြောရမှာပေါ့။နောက်တစ်ချက်က ဘုတ်တွေကို
သုံးနေတယ်။ အဲ့တုန်းက ဘုတ်တွေကသိပ်သုံးလို့ကောင်းပါတယ်။ ကျွန်တော်ရှုံးမှာကြောက်ပါတယ်။ဒါပေမယ့် သူလဲစွဲတယ်
ဗျ။မဘုတ်ရတဲ့နေ့ဆို တစ်ခုခုလိုနေသလိုဘဲ။ဒီနေရာမှာတစ်ခုဖြည့်ပြောချင်တာက ဘာလို့ဘုတ်တွေကိုသုံးဖြစ်လဲဆိုတာလေးပါ
ကျွန်တော်လဲ အများနည်းတူပါဘဲ ပို့စ်တစ်ပုဒ်တင်လို့ ဆယ်ပြားပြားနှစ်ဆယ်ရဖို့ အတော်ကိုဆုတောင်းရတာပါ။ပို့စ်ဘယ်
လောက်အားစိုက်ပြီးရေးပါစေ မတက်ပါဘူး။ပေးသူအကြိုက်မရေးနိုင်တာလဲ လိုအပ်ချက်ပေါ့။ဒီတော့ဘာဖြစ်လာသလဲ
စာရေးချင်စိတ် နည်းလာတယ်။ သိပ်မထူးပါဘူးကွာဆိုတဲ့ အဆိုးဖက်အတွေးဝင်လာတယ်ပေါ့။သူများရတာတွေကြည့်ပြီး
အားကျတာပေါ့နော်။မနာလိုစိတ်တော့ နဲနဲမှမရှိပါဘူး။ဒီစိတ်ကအရေးကြီးပါတယ်။ကိုယ့်ကိုပြန်ပြီးနှစ်တာ ဒီစိတ်ပါ။အဆိုး
သံသရာလို့ခေါ်မလား အတွေးသံသရာလို့ဆိုမလား ဘယ်လိုဆိုဆို ဘယ်လိုခေါ်ခေါ်ပါ နောက်ဆုံး ဒီအတွေးရဲ့ရိုက်ခက်
မှုဟာ ကိုယ့်ထံကိုတန်းတန်းမက်မက်ပြန်လာပါတယ်။

ဘုတ်တာလေး ဘက်ကိုပြန်သွားပါမယ်။စာရေးတယ် ပို့စ်တင်တယ်
ပြားစွန်းပါးပါးလေးတွေကိုမျှော်တယ် ရရင်ပျော်တယ် မရရင်အားငယ်စိတ်ပျက်တယ်ပေါ့။ဒီတော့ ဘုတ်ဝယ်သုံးကြည့်တယ်
ကုန်သွားတာ ပေးလိုက်ရတာကို စိတ်ထဲမထားမိဘူး မတွက်တော့ဘူး။ ကိုယ်ရေးတဲ့ပို့စ်မှာ ဒေါ်လာတွေတက်လာတာကို
ကြည့်ပြီး တကယ်ကိုပျော်ပါတယ်။ အားလဲရှိလာတယ်။နောက်တစ်ခုက နေ့တိုင်းပို့စ်တင်တယ် နေ့တိုင်းဘုတ်လုပ်တယ်
တစ်ပါတ်လည်တော့ နေ့တိုင်းငွေဝင်တယ်ဆိုတာဖြစ်လာတာပေါ့။ ပိုက်ဆံအိတ်ထဲကို နေ့တိုင်းဒေါ်လာတွေဝင်လာတယ်
ဒီခံစားချက်လေးက အလွန်ကိုအဆင်ပြေပါတယ်။ မိမိကိုယ်မိမိအားပေးခြင်း တစ်မျိုးပါဘဲ။

တစ်ခုကောင်းတာက အဲ့ဒီလိုဘုတ်လုပ်တဲ့အခါ ပေးတဲ့ငွေပြန်ရတဲ့အပြင် စတင်းပါဝါထဲကို အစိမ်းလိုက်အမြတ်ကျန်တဲ့အချိန်
တွေရှိလာပါတယ်။ဒီထက်ပိုကောင်းတဲ့ အချိန်တွေလဲရှိပါတယ်။ ကိုယ်ကဘုတ်ဝယ်လိုက်တယ် သူလာဘုတ်လို့ရတဲ့ငွေကိုတွက်
ကြည့်တော့ ကိုယ်ပေးတဲ့ငွေပြန်ရတယ် စတင်းပါဝါထဲကိုလည်း တစ်ဝက်ဝင်တယ် ဒါ့အပြင်ကို မြတ်နေသေးတယ်ဆိုတော့
အတော်ကိုအဆင်ပြေခဲ့ပါတယ်။ မှတ်မိတာလေးတစ်ခုကတော့ ဘုတ်ငါးဒေါ်လာဝယ်တယ် သူလာဘုတ်တာဆယ့်ခုနှစ်
ဒေါ်လာအနီးအနားမှာအမြဲရပါတယ်။ဒီတော့ မြတ်ပြီပေါ့။ အဲ့ဒီလိုအချိန်ကို အတော်လေးကြာကြာရခဲ့ပါတယ်။ ပေးရတဲ့
အက်ဘီဒီက မကုန်တဲ့အပြင် တဖြည်းဖြည်းပွားနေတော့တာပါဘဲ။ ဘုတ်လုပ်တာကိုတော့ လောဘမကြီးပါဘူး ။ဘယ်
လောက်မြတ်နေပါစေ တစ်ပို့စ်ကို ငါးဒေါ်လာပုံမှန်ဘဲဘုတ်ပါတယ်။ အပ်မီ ရယ် ဘူဒါဟွဲ ရယ်ကတော့ကျေးဇူးရှင်
ကြီးတွေပေါ့ အက်ဘီဒီပို့တဲ့အခါလဲ နည်းရှိခဲ့ပါတယ် အတိအကျမပို့ရပါဘူး။ 2.450 နဲ့ 2.550 အဲ့လိုပို့တာပါ ပုံမှန်တော့
မဟုတ်ပါဘူး။ နဲနဲအပြောင်းအလဲရှီပါတယ်။ အဲ့ဒီလိုလေးပို့ရင် အမြဲမြတ်ပါတယ်။တိုက်ဆိုင်တာလား အယ်ရာလားဆိုတာတော့ ကိုယ်လဲမသိပါဘူး။ကိုယ်သိတာကတော့ဒီလိုလုပ်တာ အမြတ်အစွန်းရတယ် ဆိုတာကိုပါဘဲ။ လောဘကြီးပြီး တစ်နေရာငါးဒေါ်လာပို့ဖူး
ပါတယ် မရှုံးပေမယ့်မမြတ်ပါဘူး။ တခြားဘုတ်တွေလဲ ဒီနည်းမရပါဘူး။ ဒါကိုတော့ အမြဲဘုတ်လုပ်စားနေတဲ့ နိုင်ငံခြားက
လူနှစ်ယောက်ရဲ့ ပို့နည်းကိုလိုက်လုပ်ခဲ့တာပါ။ဘုတ်လုပ်စားတဲ့ သူတို့အကြောင်းနောက်တစ်ခါထည့်ေ၇းပါ့မယ် ။ အခုချိန်တော့ သူတို့လဲမဟန်ပါဘူး။ တစ်ယောက်က နားတောင်နားနေပါပြီ

စတင်းပါဝါ သုံးရာနားလောက်ဖြစ်မယ်ထင်တယ် အက်ဘီဒီဈေးတွေ ထောင်တက်လာပါတယ် တအိအိတက်တာမဟုတ်
ပါဘူး ချက်ချင်းကို တက်သွားတာ ၀မ်းအက်ဘီဒီ ဒေါ်လာတစ်ဆယ်ကျော်သွားတဲ့အချိန်ပေါ့ ဘုတ်ကမြတ်နေတဲ့အက်ဘီ
ဒီတွေက လက်ထဲပိုက်မိနေတဲ့အချိန်ပေါ့။ဟန်ကျလိုက်တာတော့မပြောနဲ့။ ၀မ်းအက်ဘီဒီကို ဆဲဗင်းစတင်းလောက်ဖြစ်ပြီ
လေ ဘာမှတွေးမနေပါဘူး။ ရှိသမျှအက်ဘီဒီတွေကို စတင်းထဲအကုန်ရိုက်ထည့်ပါတယ်။ စတီးမစ်မလုပ်ခင်ကလုပ်ထား
မိတဲ့ အွန်လိုင်းငွေ ဘီတီစီ အနည်းငယ်နဲ့ ပီအမ် တွေကိုချိန်းယူပါတယ်။ ရှုံးမှန်းသိပါတယ်။ဒါပေမယ့် စတင်းအနာဂါတ်ကို
ယုံကြည်စွာနဲ့ပစ်ထည့်လိုက်ပါတယ်။အများကြီးတော့မဟုတ်ပေမယ့် အတော်လေးကို စတင်းအင်အားတောင့်သွားစေခဲ့ပါတယ်
စတင်းခုနှစ်ရာကျော်လောက်ဖြစ်မယ်ထင်တယ်။

အပေါ်မှာပြောခဲ့သလိုတစ်ရက်သုံးပို့်စ်လေးပို့စ်တင်ပါတယ် စာလဲရေးတယ်
ဓါတ်ပုံလေးတွေလဲတင်တယ်ပေါ့။ ဒါကနေ့တိုင်းလုပ်ခဲ့တာနော်။ ဓါတ်ပုံတစ်ပုံ ထည်းနဲ့ ဘာစာမှမပါဘဲ ပို့စ်တစ်ပုဒ်လုပ်ပြီးတင်ခဲ့ဖူးပါတယ်
တစ်ရက်ထဲ ဆယ်ပုံလောက်တင်လိုက်မိပါသေးတယ်။အဲ့ဒါတွေကိုလဲဘုတ်လုပ်တာပါဘဲ။ဒီလိုလုပ်တာတော့ အတော်ကို
မကောင်းတဲ့စိတ်ကူးဆိုတာ နောက်မှသိပါတယ်။အမှားကောင်း လို့ပြောရမှာပါဘဲ။ဘုတ်လုပ်ထားတဲ့ခုနှစ်ရက်မပြည့်သေးတဲ့ပို့စ်တွေက
တန်းစီနေတော့တာပါဘဲ။

ဘယ်လိုမှတော့ မအောင်းမေ့ပါနဲ့ဦး ဒီနေရာခဏနားပါဦးမယ်။ အဆုံးမသက်နိုင်သေးပြန်ပါဘူး။နောက်ရက်ဆက်ရေး
ပါ့မယ်။ပြောရင်းရေးရင်း ပြောချင်တာနဲ့ပြောစရာတွေက တန်းစီနေတုန်းပါဘဲ။

စတီးမစ်လမ်းမထက်က ရွှေမြန်မာအားလုံး ချမ်းသာကြွယ်ဝနိုင်ကြပါစေဗျာ။

image

Photos credit; Google Image Author : @bobokyaw

Sort:  

အကိုအ​တွေ့အကြုံ​တွေက ကျွန်​​တော်​တို့အတွက်​ အား​ဆေးတစ်​ခွက်​လိုပါပဲ....။ အကို​ဆောင်းပါးဖတ်​ပြီး စာ​ရေးဖို့ စိတ်​အားထက်​သန်​လာပါတယ်​...။ ​ကျေးဇူးပါအကို​ရေ....။ ​နောက်​ထပ်​ ​ပြောစရာ​တွေရှိ​သေးရင်​လည်း ထပ်​တင်​​ပေးပါအုံးအကို​ရေ......။

အားပေးမှုအတွက် အထူးကျေးဇူးပါညီငယ်ရေ
စာတွေတော့ရေးဖြစ်နေဦးမှာပါ

Waiting. Bro

ကျေးဇူးတင်ပါတယ်ခင်ဗျ

ကျေးဇူးပါအစ်​ကို​ရေခုလို​ဝေမျှ​ပေးတဲ့အတွက်

ဟုတ်ကဲ့ ခုလိုပြောပေးလို့
ကျေးဇူးတင် ၀မ်းမြောက်ရပါသည်။

This post has received gratitude of 2.20 % from @appreciator thanks to: @bobokyaw.

Thanks.

You got a 1.20% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker websitevote for @yabapmatt for witness! for more info. If you would like to support the development of @postpromoter and the bot tracker please

Thanks you.

Ummmm, I can't read Blockchain! But I upvoted you anyway @bobokyaw. Keep up the comments and curation is what I am told. Hope to read more from you in the future.

Thanks you.


If you believe this post is spam or abuse, please report it to our DiscordYou got a 1.70% upvote from @buildawhale courtesy of @bobokyaw! #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.

Thanks you.

This post has received a 2.43 % upvote from @boomerang thanks to: @bobokyaw

Thanks

အပိုင်း(၃)ကိုစောင့်နေပါ့မယ်ဗျ

ကျေးဇူးတင်ပါတယ်

ငါလဲ ရိုးရိုးပဲသွားနေတာ ဘိုဘိုကျော်ရေ စမ်းကြည့်ဦးမှနဲပတူတယ်။

လုပ်သင့်ပါတယ်ဆရာ