INTRODUCING WITH MY LANGUAGE
မင်္ဂလာပါ..စတီးမစ်ချစ်သူတို့ရေ
ကျွန်တော့် နာမည် မိုးတိမ်လင်း လို့ခေါ်ပါတယ်။
ဒီစတီးမစ်ကို စတွေ့တာ ရက်ပိုင်းလေးပဲရှိပါသေးတယ်။Twitterမှာ တွေ့လိုက်ရတာပါ။
ဒါနဲ့ ချက်ချင်း မန်ဘာလုပ်ပြီး ဝင်လိုက်တယ်။
ဝင်ခွင့်ရလာတော့ ဝမ်းသာတယ်။
စတီးမစ်ကို သဘောကျမိတဲ့အကြောင်းကတော့
စမတ်ကျကျ မျှဝေလို့ရတာလေးကိုပါပဲ။
ဗရုတ်သုတ်ခ သိပ်မရှိပဲ ခပ်သန့်သန့်ဆန်နေတာလေးကိုရောပေါ့။
မြန်မာတွေလဲရှိမယ်ဆိုတာတွေးတော့တွေးမိတယ်။
ဒါပေမယ့် စတီးမစ်အကြောင်း မြန်မာပြောတာ တခါမှမကြားဖူးဘူးခင်ဗျ။ဒီလိုနဲ့ ပို့စ်တင်လိုက် မန့်လိုက်နဲ့ နေလာတာ ဒီနေ့နဲ့ဆို ၄ရက်ပဲရှိသေးတယ်။
ဖီးလ်တော့ တော်တော်ဖြစ်တယ်ဗျ။
မထင်မှတ်ပဲ အမျိုးတွေနဲ့ဆုံရလို့ ပိုပြီးဝမ်းသာမိပါတယ်ခင်ဗျ။အမျိုးတွေကို ပြောပြစရာရှိတာလေးတချို့အား မိတ်ဆက်ရင်း ပြောပြပါရစေ။ီလိုဗျ။ဒ
မနေ့က ရွှေတိဂုံဘုရားနဲ့ ပတ်သက်တဲ့အကြောင်းလေးတင်မိတယ်။အဲဒီလို လေးနက်တဲ့ကိစ္စရပ်တွေ သမိုင်းကြောင်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ကိုယ့်ဘာသာရေးရင် ပေါ့သွားမှာ စိုးသလို အဓိပ္ပာယ်လွဲကုန်မှာလဲ စိုးတာပေါ့။
အဲဒါနဲ့ အရင်းမြစ်ရှာပြီး source ပေးတင်တာပေါ့။
သူပင်ဂိုလေးကိုလဲ copy လုပ်ပြီး အဖွင့်လေးမှာထည့်တင်တယ်ပေါ့ဗျာ။
အဲဒီမှာ အောက်က ညီလေးတယောက်က လာမန့်တယ်။သူက မြန်မာဖောင့်နဲ့မန့်ထားတော့ သိပ်နားမလည်ဘူး။မြန်မာဖေစ့်ဘုခ်အဖွဲ့ရှိတယ်။
လမ်းညွှန်စာအုပ်ရှိတယ်ဆိုပြီး ဒေါင်းလုပ်လင့်လေး
ချပေးသွားတယ်။ သူအင်္ဂလိပ်စာလုံးလေးတွေ ညှပ်ထားတာကိုတော့ နားလည်တယ်။မြန်မာလိုကျတော့ ကျွန်တော့်ဖုန်းမှာ မပေါ်ဘူး။ ကျွန်တော်လဲ ပြန်ပြောလိုက်တယ်။ လမ်းညွှန်ပေးလို့ ကျေးဇူးပါလို့။
နောက်ထပ် အကိုတစ်ယောက်က လာမန့်ပြန်တယ်။သူက ဘာပြောလဲဆိုတော့
အထက်က ညီလေးပြောတာကို သူကထပ်ပြောပြတာပါ။
ဆိုတော့ သူ့ပြောပုံကြောင့် ကျွန်တော် နဲနဲတင်းသွားတယ်ဗျ။ကော်ပီလုပ်တဲ့အတွက် ဆောရီးပဲ ဘာညာဆိုတော့ တင်းမိတာပေါ့။
ဒါနဲ့ ကျွန်တော်ပြန်မန့်တာပေါ့။ခင်ဗျား ဆောရီးတာ မရီးတာ ကျုပ်မသိဘူးလို့ ကျုပ်က အဖိုးခရချင်လွန်းလှလို့ ရေးတာမဟုတ်ဘူးလို့ ဆိုပြီး
ခပ်ဘုဘုပဲ ပြန်ပြောမိတာပေါ့။ဟုတ်တယ်ဗျ။
တကယ်ဆို ဒီလိုဒီလိုလေးဆို ပိုသင့်တယ်။ပိုကောင်းမယ် ဆိုပြီးပြောလာရင် တမျိုးပေါ့ဗျာ။အခုကပြည့်ပြည့်စုံစုံနားမလည်သေးတဲ့ တဖက်သားကို နှိမ်သလိုလို ကျင်သလိုလို သဘောသက်သွားတော့
ပြန်ပြောမိတာပေါ့။သူကတော့ ဘယ်လိုသဘောနဲ့ပြောလဲတော့ မသိဘူးပေါ့ခင်ဗျ။ထားပါတော့။
(ဒီပိုစ့်ကိုတော့ LAPTOP တော့နဲ့ သုံးပြီး မြန်မာလိုမြင်နိုင်ပါပြီ။ရေးနိုင်ပါပြီခင်ဗျာ)
စတီးမစ်နာမည် @builderb ပေါ့။
ဒါလဲမပြီးသေးဘူးဗျ :):) နောက်ထက် အကိုတစ်ယောက်လာမန့်ပြန်ရောဗျာ...စိတ်ထဲလဲတွေးမိတာက..အော် ဖေ့စ်ဘုတ်ခ်မှာပဲ အာရုံနောက်တတ်တယ်မှတ်တာ..ဒီမှာလဲ နောက်တာပဲဟ၊ လို့ :-D
သူပြောတာလဲကြည့်ဦး
နာမည်တော့ မထည့်တော့ပါဘူးဗျာ။
သူထပ်လာမန့်တော့ ကျွန်တော် ပိုတင်းသွားတာပေါ့။အာ့နဲ့ ကျွန်တော်လဲ --ခင်ဗျားက စတီးမစ်ပိုင်ရှင်လား။ကိုယ်ကိစ္စကိုဂရုစိုက် ကျုပ်ဘာမှလာပြောမနေနဲ့--ဘာညာ ပြန်ပြောမိကုန်တာပေါ့ဗျာ။
တကယ်တမ်းက ဒီလိုပြန်မပြောသင့်မှန်း သိတော့သိပါတယ်ခင်ဗျ။သူကလဲ ခုလိုမပြောပဲ ဒါလေးတွေက ဒီလိုရှိတယ်.. ဒါကို ဒီလိုလုပ်ရင် ကောင်းတာပေါ့ ဆိုလာရင် ကျွန်တော်လဲ လိုက်ပြီးစဉ်းစားပေးမိမှာပါ။ ခုတော့ သူ့လေသံကြီးကြောင့် ကျွန်တော်လဲ ပြောမိပြောရာ ပြောချမိကုန်တာပေါ့။
နောက်တစ်ခုက ကော်ပီဆိုတဲ့ အပေါ်မှာ ကျွန်တော့်အယူအဆလေးပြောချင်တယ်။လုံးဝ မလေးမစား ခရက်မပေး ဘာမပေးဆိုရင် အဖျက်ဆန်တဲ့ ကော်ပီသမားပေါ့။နောက်တမျိုးက ကော်ပီတော့ယူတယ်။ ခရက်ဒစ် သို့မဟုတ် အညွှန်းပေးတယ်ဆိုရင် ဒါလုပ်နိုင်ပါတယ်။ကျွန်တော်လဲ ဒုတိယပုံစံနဲ့ ကော်ပီလုပ်တာပေါ့။ဟုတ်တယ်လေ။
ချွေးနဲ့သွေးနဲ့ အပင်ပန်းခံပြီး ဖန်တီးထားတဲ့ မူရင်းပုဂ္ဂိုလ်တွေကို လေးစားသမှုရှိရမှာပေါ။တန်ဖိုးကို နားလည်ရမှာပေါ့နော်။ကျွန်တော် အဲဒီလို နားလည်ထားလို့ ပို့စ်မှာ soure လေးပေးတာ လင့်ခ်က အလုပ်မလုပ်ဖြစ်နေတာကို မသိပဲ ပြောလာကြတော့ အဲလိုအဲလို မပြောချင်တာတွေ ပြောမိကုန်တော့တာပါပဲခင်ဗျာ။ကဲ ကဲ ရှိခဲ့တာရှိပါစေတော့ဗျာ။
တကယ်ဆိုမြန်မာတွေအချင်းချင်းကို အရမ်းညီညွှတ်စေချင်ပါတယ်ဗျာ။အဆင့်အတန်းရှိရှိလဲ ဖြစ်စေချင်ပါတယ်။ဒါ ကျွန်တော်ဆန္ဒအမှန်ပါပဲ။
မည်သူ့ကိုမျှ သြဇာအာဏာ မပေးတတ်သလို
ကျွန်ုပ်ဆန္ဒမရှိပဲ မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းရဲ့ ထိန်းချုပ်လမ်းညွှန်ခြင်းကိုမျှ ခံယူမည် မဟုတ်ပါ။
အကျိုးလိုလို့ ညောင်ရေလောင်း စိတ်မျိုးလဲမရှိပါ။
ကျွန်ုပ်အား အမှန်တကယ်ဖြူစင်စွာ ခင်မင်သူများရဲ့
အားပေးမှုကို ခံယူရင်း ကျွန်ုပ်စိတ်မှ အလိုလျောက်ခင်မင်မိသူများကို ဖေးမကူညီရင်း စတီးမစ်နဲ့အတူ အမြဲရှိဖို့ ရည်သန်မိပါသည်။)(ထို့ကြာင့် ကျွန်တော် @Builderbသည်
စတီးမစ်မိတ်ဆွေ အားလုံးကို လေးစားပါတယ်။
နောင်များလဲ ကိုယ်တိုင်သိကျွမ်းနားလည်သမျှလေးတွေကို ကိုယ်ပိုင်ပို့စ်အဖြစ် မျှဝေပေးသွားမှာဖြစ်သလို
ကိုယ်မနိုင်နင်းတဲ့ အကြောင်းအရာများကိုတော့
တတ်ကျွမ်းနားလည်သူများထံမှတဆင့် (အသိအမှတ်ပြုကာ) ပြန်လည်မျှဝေပေးသွားပါ့မယ်ဆိုတာ ပြောရင်နဲ့ မိတ်ဆက်ခြင်း ပိုစ့်လေးကို ရပ်ဦးမယ်ဗျ။ကျေးဇူးတင်ပါတ်ခင်ဗျ။ယ
အားလုံးအားလုံး လိုအင်ပြည့်ဝနိုင်ကြပါစေ။
Whatever,I will living together with STEEMIT
@builderb
I enjoyed your post. Good luck here on Steemit!
Have a great time!Thanks @sepracore
အကို အနေနဲ့ မြန်မာတွေ နဲ့ အတူတကွ တက်ညီလက်ညီ ပူးပေါင်းပြီး ရှေ့ဆက်သွားမယ်ဆိုရငိ steemit ပိုမို အောင်မြင်မူရရှိမယ်လို့ ထင်ပါတယ် ။ မြန်မာ တွေ အားလုံးကို steemit myanmar newbies group ကနေ အမြဲတမ်း ကြိုဆိုနေပါတယ်။
မင်္ဂလာပါ..ကျေးဇူးပါခင်ဗျ
welcome bro
Good luck for U!Thanks @konaing
ခုလိုပြန်ရှင်းပြတာ ကောင်းပါတယ် ၊ ဖြစ်နိုင်တယ်လို့ ကျွန်တော်ယူဆပါတယ်၊ ဒါပေမယ့် steemit က facebook နဲ့တော့မတူဘူး၊ အသင်းအဖွဲ့ဆန်တယ်၊ တစ်ဦးတည်းလှုပ်ရှားဖို့ သိပ်မကောင်းဘူး၊ ပြောရရင် ငွေကြေးပါနေတော့ ၊ကိုယ်ကဘာသဘောနဲ့မှမဟုတ်ပဲ ။tag မှာ myanmar ဆိုပြီးထည့်လိုက်တယ်။ အဲတာ team ဖွဲ့လှုပ်ရှားနေတဲ့ myanmar steemit ကိုသွားထိတယ် ၊reputation ကိုကြည့်လိုက် 10 ပဲရှိတော့တယ်၊ 0 ဆို ပိုစ့်တောင်တင်မရတော့ဘူး ၊ အလာကြောင့်ပါ ။စိတ်မရှိနဲ့ နားလည်သွားရင် ပူးပေါင်းပါဝင်ပါ ၊အဆင်ပြေသွားမယ်
အကြံပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။
ဘယ်လိုပဲရှိသည်ဖြစ်စေ..မြန်မာအားလုံးကို အင်အားရှိသမျှ တတ်အားသမျှ ရိုင်းပင်းပေးဖို့ဆိုတာ ကျွန်တော့်မူရင်းရည်ရွယ်ချက်ပါပဲခင်ဗျ။မင်္ဂလာပါ @minsoenaing
စိတ်မရှိပါနဲ့ ညီလေးရေ... ဒီPlatform ပေါ်ကို မြန်မာတွေ အခုလို ကိုယ်ပိုင်ဆောင်းပါး တွေ ရေးပြီး တင်နိုင်ဖို့ ရှေ့ကအစ်ကို တွေ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သိရင် ညီလေ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ အရင်တုန်းက ဒီ Platform ပေါ်ကမြန်မာတွေကို ဘယ်သူမှ ဂရုမစိုက်ပေမယ့် အစ်ကိုတွေရဲ့ ကြိုးစားမှုကြောင့် မြန်မာဆောင်းပါးတွေကို support ပေးမဲ့ အဖွဲ့တွေရရှိလာပါတယ်။ original content ရေးလို့ တရက်ကို USD 5$ လောက်ရရှိနေကြပါတယ်။ USD 5$ ဟာ ညီလေးလို digital currencies trader တယောက်အနေနဲ့ မပြောပလောက်ပေမယ့် ကျန်တဲ့ သူတွေအတွက်တော့ မက်လောက်စရာ ငွေကြေး ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီအခွင့် အရေးတွေ မပျက်သွားအောင် ဒီ Platform ကို ဝိုင်းပြီးကာကွယ်နေကြတာဖြစ်ပါတယ်။ ဒီ Platform ဟာ international မှာ reputation နဲ့ သွားနေတာ ဖြစ်တာကြောင့် မိမိ တို့ မြန်မာ tag အောက်မှာ ရှိတဲ့ အကောင့်မှန်သမျှကို သူများတွေ အထင်သေးခြင်းမရှိအောင် ဝိုင်းဝန်း ထိမ်းသိမ်နေကြတာဖြစ်ပါတယ်။ ညီလေးက ဝင်ရောက်လာတာ သိပ်မကြာသေးတာကြောင့် မသိသေးတာပါ။ ညီလေးရဲ့ အရှေ့မှာ ဒီ Platform ပေါ်ကို ဖြစ်ချင်ရာဖြစ် ငါတင်ချင်ရာ တင်မယ်ဆိုပြီး ဖျက်လိုဖျက်ဆီး လုပ်ခဲ့ သူတွေ ရှိခဲ့ တဲ့ အတွက် အခုလို ဝိုင်းဝန်း တားဆီး ရခြင်း ဖြစ်ပါတယ်။ ညီလေး အနေနဲ့ အဖွဲ့ အစည်း အောက်ကို ဝင်ရောက်လိုချင်း မရှိဘူးဆိုရင်တောင် plagiarism, spam , abuse တို့ ကို ရှောင်ပြီး Myanmar tag အောက်မှာ ဝင်ရောက်ရေးသားနိုင်ပါတယ်။ တကယ်လို့ ငါကြိုက်တာ ငါတယ်မယ်ဆိုရင် Myanmar tag မထည့် ပဲ ညီလေးဖာသာ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။
အရင်ဆုံး ကျွန်တော်အပေါ်မှာ လမ်းညွှန်ပေးခဲ့ခြင်း မဟုတ်သော်လဲ တခြားတခြားသော မြန်မာအမျိုးတွေကို
လမ်းပြပေးခဲ့တယ်ဆိုတာ သိရလို့ကျေးဇူးလဲ တင်သလို ၀မ်းလဲသာမိပါတယ်လို့ ပြောပါရစေခင်ဗျ။
ကျွန်တော့် ဒီ community field ကို မြန်မာတစ်ယောက်အနေနဲ့ ကမ္ဘာက မြန်မာလူမျိုးကို အသိမှတ်ပြုစေရမယ် ဆိုတဲ့
စိတ်နဲ့ ၀င်လာခဲ့တာပါ။ဆိုတော့ မြန်မာဆိုတဲ့ tag ကို လူမျိုးတစ်ယောက် အနေနဲ့ ကျွန်တော် သုံးမိမှာပါပဲ။ဒါပေမယ့် အဖျက်သဘောဆောင်တဲ့ အပြုအမှုမျိုးကိုလုပ်ဖို့တော့ နဂိုကတည်းက ကျွန်တော့်ဆီမှာ မရှိခဲ့ပါဘူး။
ညစ်ညမ်းမှု အငွေ့အသက် ဒီ Fieldမှာ မရှိဘူးဆိုတာကိုလဲ ခံစားမိလို ၀င်လာတာပါ။ဒီတော့ ရှေ့လျောက်လဲ အသင်းအဖွဲ့မှာ ပါဝင်တာ မပါဝင်တာ အပထားပြီး မြန်မာ ညီအကို မောင်နှမ အားလုံးကို ကျွန်တော်ပေးနိုင်သမျှ ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့.. မင်္ဂလာပါ @kachinhenry
E ငွေကြေးရောင်း/၀ယ်/လဲသူဆိုပြီး အရမ်းလဲ အထင်မကြီးပါနဲ့ ဦးခင်ဗျ။ခုထက်ထိတော့ အကျိုးအမြတ်ထက် ကွဲခဲ့ရတဲ့အကြိမ်က များနေပါတယ် :) :) .. နောက်ပြီး ကျွန်တော် ပရိုလဲ မဟုတ်သေးပါဘူးခင်ဗျ။ အခြားအခြားအလုပ်ကလေးတွေနဲ့ အသက်မွေးနေတဲ့ သာမာန်လူပါခင်ဗျ။
ဘယ်လိုပဲဖြစ်စေပါခင်ဗျ..
ကျွန်တော်ပေးနိုင်တဲ့ ကတိတခုကတော့ မြန်မာဆိုတဲ့ နာမည်နဲ့လူမျိုးကို ကျွန်တော့်အားနဲ့ အရောင်မထွန်းတောက်နိုင်ခဲ့ရင်တောင် ကျွန်တော့်ကြောင့်တော့ အရောင်မမှိန်စေရဘူး ဆိုတာကိုပါခင်ဗျ။
See U !!
မင်္ဂလာပါ မြန်မာစတီးမစ်မှကြိုဆိုပါတယ်ဗျာ... ဖြစ်ပျက်ခဲ့သမျှအားလုံးသည် မြန်မာကိုချစ်ခင်ပြီး မြန်မာကိုကာကွယ်ချင်သောစိတ်တို့ကြောင့်ဖြစ်ခဲ့ကြရပါတယ်။ နားလည်ပေးပါ။ ညီလေးက မြန်မာဆိုတော့ ညီလေးလည်း မြန်မာကို ချစ်ခင်မြတ်နိုးတန်ဘိုးထားမှာပါ။ အဲလိုပဲ မြန်မာစတီးမစ်အဖွဲ့သားအားလုံးကလည်း မြန်မာဆိုတဲ့နာမည်ကို နိုင်ငံတကာမှာ နာမည်ဆိုးမဖြစ်စေချင်လို့ စေတနာဒေါသောနဲ့ပြောမိကြခြင်းဖြစ်ပါတယ်။ မြန်မာစတီးမစ်က စစခြင်းမှာကို ကော်ပီတွေကြောင့် နာမည်ပျက်စာရင်းရောက်နေတာမို့ ပါ မြန်မာ tag တွဲထားတာဖြစ်လို့ လမ်းညွှန် သတိပေးရင်းဖြစ်ကြရတာမို့ နားလည်ပေးကြပါလို့ပြောချင်ပါတယ် တန်ဘိုးထားတဲ့အရာတစ်ခု မပျက်စီးအောင်ကာကွယ်နေကြတဲ့ သူတွေမို့ အထိအခိုက်မခံပဲ နားလည်မှုတွေလွဲကုန်ကြတာပါ ခုလိုပြန်လည် ရှင်းပြပေးတာကိုက ညီလေးရဲ့စိတ်ဓာတ်ကို ဖော်ပြရာရောက်နေပါပီ လေးစားပါတယ် မြန်မာကို နိုင်ငံတကာမှာ လေးစားမှုလေးရှိလာအောင် ၀ိုင်းဝန်းကြိုးပမ်းနိုင်အောင် ကူညီပေးပါလို့လည်း တောင်းဆိုအပ်ပါတယ်ဗျာ လိုအပ်တဲ့အကူအညီတွေလည်း မြန်မာစတီးမစ် Group မှာ လာရောက်ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်းပါခင်ဗျာ လေးစားပါတယ်ညီလေးရေ မြန်မာကို ကျွန်တော်တို့ မြန်မာတွေကပဲ မြှင့်တင်နိုင်မှာ ဖြစ်သလို နိမ့်ကျအောင်လုပ်တာကလည်း ကျွန်တော်တို့မြန်မာတွေပါပဲ ရေခြား မြေခြား နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့မြန်မာတွေက ဒီကိစ္စတွေပိုသိမယ်ထင်ပါတယ် မြန်မာဂုဏ်ကို မြင့်တင်မလား နိမ့်ကျအောင်လုပ်မလားဆိုတာတော့ ညီလေး ဘာသာဆုံးဖြတ်ပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်
အခုလို နားလည်စွာ မြင်ပေးနိုင်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်ခင်ဗျ။
ဟုတ်ကဲ့ပါ. အခွင့်အရေးကို ပဓာန မထားပဲ ကျွန်တော့်မှာရှိသမျှ အချိန် အသိဥာဏ် အားအင်လေးများကို
စတီးမစ်မြန်မာ မိသားစုများနဲ့အတူ မျှဝေသုံးစွဲသွားမယ်ဆိုတာ ပြောပါစေခင်ဗျ။
ကောင်းသောနေ့လေးတွေကို ပိုင်ဆိုင်ပါစေခင်ဗျ။Hii @ansoe မင်္ဂလာ့ မင်္ဂလာပါခင်ဗျားး
Hello Builderb I hope you enjoy your time here, its a great community :) Nice post, i will follow your account, please follow me at @khunpoom
Nice to meet u.
Ok i will do.
Thanks for friendship with me :):)Hi @khunpoom
Congratulations @builderb! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Welcome @builderb aboard the steemit express. This is a great platform to express yourself just like any other social media outlet except this one pays its users for interacting with each other. Post good content and your rewards can be limitless but always stay true to yourself.
Checkout this post and give me some feedback on it
https://steemit.com/steemit/@slickhustler007/circle-of-friends-day-19-2017820t95724165z
@slickhustler007 #circleoffriends #minnowsupport #cof
I willThanks @slickhustler077