အချစ်ငတ်လို့
ရွာလည်ခဲ့ခြင်းမဟုတ်ပါ။
အသစ်တပ်မက်လို့
ဘဝပျက်ခဲ့ခြင်းပါ။
နေ့ရက်တွေနှောင်း
အချိန်တွေပြောင်းလည်း
ချစ်ခြင်းမပါ ..
ထိုဇာတာအတွက်
ဘဝဇာတ်ခုံပေါ်ခွေယိုင်လဲကာ
သံစဉ်တွေ ဟာ ကြမ်းတမ်းခဲ့ပြီ။
အအိပ်မက်သူတစ်ယောက်
အိပ်ပျက်ခဲ့ရ ထိုတညတာ
နေ့ရက်များစွာ ကုန်ဆုံးခဲ့လည်း
အိပ်ပျက်ညတွေ အမှတ်ရဆဲ။
ကြမ္မာ သင်နှင့် ကျွန်ုပ်
စီးချင်းအဆုံး သင်သည်ကျွန်ုပ်အား
အလဲထိုးခဲ့  ။
ချစ်မှုရေးရာဗျူဟာကင်းလည်း
နှလုံးခွန်အားပြည့်ဝပါလျှက်
သင့်အားရှုံးနိမ့်ကာပင်
ချစ်ခြင်းနလံမထူနိုင်ခဲ့ပြီ ။
အို.. အရှင်
သက်ညှာသနားဤလူသားအား
သနားသဖြင့် ချစ်ခြင်းတဖန်ပြန်၍
ပေးအပ်ပါလော ။ ။
Photo credit - google
nice follow me
Good !
Follow me vote and ment .