စိတ်ကူးနဲ့ခရီးသွား
ဘဝမနက်ခင်းတိုင်း
ပြီးပြည့်စုံမှုလွှမ်းခြုံလို့ 
ဘာလိုအပ်ဦးမှာလည်း ..
ပိုနေသာထိုင်သာရှိသွားအောင်
အသဲစွဲ၊ အသဲကျော်နိုင်ငံတကာ
မင်းသမီးတွေ စိတ်ကူးထဲထည့်
ပျော်မြူးလိုက်စမ်းဘာ ဘယ်သူ
မှ အပြစ်မပြောဘူး ..
ကြေကွဲနေရတာငါ့အတွက် ဘဝဆိုရင်
ငါဟာ ပြီးပြည့်စုံသူတစ်ယောက် အဖြစ်
မှတ်ပုံတင်နိုင်ပြီ ။
အနိမ့်အမြင့်အတက်အကျ သံစဉ်မညီတဲ့
ဒီဘဝမှာ နိမ့်ကျခြင်းသံစဉ်တွေသာ ငါဆင်ခဲ့ရ။
...
နောင်တကို အရည်ဖျော်ပစ်ချင်တယ်။
အချိန်တွေကို နောက်ပြန်ရစ်ချင်တယ်။
...
တကယ်လို့  ရိုးသားခြင်းတွေသာ ငါ့ကို
အဖော်ပြုပေးမရ်ဆိုရင် သူနဲ့ မိတ်ဆွေဖြစ်
ချင်ပါသေးတယ်။
...
သေခြင်းကိုတော့အဖော်မညှိချင်သေးဘူး
ရှေ့ ဆက်လက်ကျန်ဘဝမှာ ..
ဘဝသံစဉ်အမြင့်တွေကို နားဆင်ချင်ပါသေးတယ်။
...
ခုတော့ အဆင်မပြေချင်ပုံများ
ဆေးလိပ်မီးညှိတာတောင်မီးက
မညိချင်ဘူး။ လေတာပေါ့ .. ဘဝရယ် ။