Cryptocurrency နှင့်ကျွန်တော့်အတွေ့အကြုံများ

in #myanmar7 years ago (edited)


 

 Cryptocurrency ဆိုပီးတော့ ခုနားလည်နေတဲ့ Digital ငွေကြေးတွေကို bitcoin ကနေစပီးသိရှိခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အင်တာနက်ကနေငွေရှာချင်စိတ်ဖြစ်လာတာကတော့ ချမ်းသာတဲ့သူဋ္ဌေးသားတွေကိုမြင်ပီး ချမ်းသာချင်တဲ့စိတ်တွေဖြစ်လာခဲပါတယ်။မိသားစုအနေနဲ့ကလဲသာမာန်လူတန်းစားဖြစ်တဲ့အတွက် မိမိကိုယ်တိုင် အလုပ်လုပ်ကိုင်ပီး ပုံမှန်ဝင်ငွေရနိုင်တဲ့အလုပ်တစ်ခုလုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီအလုပ်လုပ်ကိုင်ရင်းနဲ့ အလုပ်နေရာမှာ အင်တာနက်သုံးလို့ရတဲ့ Wifi hotspot ရရှိတဲ့အတွက် အင်တာနက်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။

 ကျွန်တော်အလုပ်လုပ်တဲ့အချိန်ကတော့ ၂၂.၂.၂၀၁၃ ခုနှစ်ကဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ပက်သက်ပီးအသုံးပြုချင်တယ်ဆိုရင် ၁နာရီကို ၃၀၀ကျပ် ၄၀၀ကျပ် ၅၀၀ကျပ်ပေးပီးတော့ အင်တာနက်ဆိုင်တွေမှာ အင်တာနက်သုံးရပါတယ်။အဲ့တုန်းကတော့ အထူးအဆန်းဖြစ်နေခဲ့တာပေါ့အင်တာနက်ဆိုတာကြီးကို။တစ်နေ့တစ်နေ့အင်တာနက်သုံးဖို့စောင့်နေတဲ့လူတွေကလဲ တန်းစီနေတာပါပဲ။ အဲ့ဒီအချိန်တုန်းကဆို မြန်မာနိုင်ငံမှာ စီးပွားရေးမလုပ်ကိုင်ကြပဲနိုင်ငံခြားသွားပီးအလုပ်လုပ်ကိုင်ကြတဲ့လူတွေရှိပါတယ်။ နိုင်ငံခြားမှာ သွားရောက်လုပ်ကိုင်နေတဲ့ သားသမီးတွေကိုမိဘတွေက ရုံးပိတ်ရက်တွေ လကုန်ရက်တွေဆို အဆက်အသွယ်လုပ်ဖို့ကြိုးစားကြပါတယ်။ အဲ့ဒီအတွက်ကြောင့်လဲ အင်တာနက်ဆိုင်တွေမှာ နိုင်ငံတကာဖုန်းခေါ်ဆိုလို့ရတဲ့ desktop application ဖြစ်ကြတဲ့ Skype, Pfingo စတာတွေနဲ့ အင်တာနက်ကနေ ဖုန်းခေါ်ဆိုပီးအဆင်အသွယ်လုပ်ကြပါတယ်။ ၁ မိနစ်ကို ၅၀ကျပ် ၈၀ကျပ်စသဖြင့် ပေးရပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံခြားရောက်နေသူတွေရဲ့အကြံပေးချက်နဲ့ Gtalk ဆိုတဲ့အကောင့်တွေနဲ့ အဆက်အသွယ်လုပ်လာကြပါတယ်။

 Gtalk တွေဟာဆိုရင် ဖုန်းပြောလို့ရတဲ့ voice call ပါဝင်ပါတယ်။ နောက်ပီး အင်တာနက်ရနေသမျှတော့ message တွေကြိုက်သလောက်ပို့လို့ရပါတယ်။၁နာရီကို ၃၀၀ကျပ်ဆိုရင် နာရီဝက်ဆို ၁၅၀ကျပ်ပဲကျသင့်ပါတယ်။ ဖုန်းပြောမယ်ဆိုရင်တော့ ၁ မိနစ်ကို၅၀ နဲ့ပိုကုန်ကျပါတယ်။ အဲ့ဒါကြောင့် Gtalk နဲ့အဆက်အသွယ်လုပ်လာကြပါတယ်။ ဒီလိုနဲ့တိုးတက်လာခဲ့ကြပါတယ် အင်တာနက်အသုံးပြုသူတွေအနေနဲ့။အင်တာနက်မသုံးသူတွေထက်စာရင် ဗဟုသုတပိုရှိလာခဲ့ကြပါတယ်။ အင်တာနက်ပေါ်မှ သတင်းအချက်အလက်တွေ video တွေ နည်းပညာတွေ စတာတွေကို သိမြင်ခွင့်ရလာကြပါတယ်။ အဲ့တုန်းကဆို 512 Mb speed ရှိတဲ့အင်တာနက်နဲ့ပဲလုပ်ကိုင်ကြပါတယ်။ အင်တာနက်ဆိုင်မှာဝန်ထမ်းလုပ်မယ်ဆိုရင်လဲ ၁လကို ၃၀၀၀၀ကျပ်နဲ့ ခန့်ထားလို့ရပါတယ်ဝန်ထမ်းတစ်ယောက်ကို။ ခုခေတ်အနေနဲ့စဉ်းစားကြည့်ရင် ၃၀၀၀၀ကျပ်က ၁ လစာဆိုတာ ရယ်ချင်စရာဖြစ်နေမှာပါ။ မိမိကိုယ်တိုင်လဲ အင်တာနက်ဆိုင်မှာ ၁လ ၃၀၀၀၀ကျပ်နဲ့လုပ်ကိုင်ခဲ့ဖူးပါတယ်။ 

အဲ့လိုလုပ်ကိုင်ရာမှာ ဘာတွေတွေ့ကြုံရလဲဆိုရင်တော့ လူတန်းစားပေါင်းစုံနဲ့လူမျိုးပေါင်းစုံလာရောက်အသုံးပြုကြပါတယ်။လူကြီးတွေဆိုရင် နည်းပညာတွေသတင်းအချက်အလက်တွေလာရောက်လေ့လာကြပါတယ်။လူငယ်တွေဆိုရင်တော့တစ်ယောက်နဲ့တစ်ယောက်အဖွဲ့လိုက်ချိန်းကြပီးတော့ Game တွေဆော့ကြပါတယ်။ မိန်းကလေးတွကလဲ သူတို့ရဲ့အင်တာနက်ရည်းစားတွေနဲ့ချိန်းတွေ့ကြပါတယ်။ ဒီလိုနဲ့တစ်ရက်တစ်ရက်အချိန်ကုန်ကြပါတယ်။ ကိုယ်ကတော့ တစ်နေ့တစ်နေ့သန့်ရှင်းရေးတွေလုပ်ရတယ်၊ ကွန်နက်ရှင်တွေစစ်ရတယ်၊ ဆိုင်အဖွင့်အပိတ်တွေလုပ်ရတာပေါ့။ အဲ့တုန်းကလဲ အလုပ်ကလေးလုပ်နေရရင်ကိုပျော်နေတာပေါ့။ ဒီလိုနဲ့နောက်ပိုင်းကျတော့ အားတဲ့အချိန်အပြင်သင်တန်းတွေတက်ခဲ့တယ်။

 သင်တန်းတွေကတော့ အစုံပေါ့။ ကွန်ပျူတာအခြေခံသင်တန်း။ အင်တာနက် အီးမေးသင်တန်း။ အင်္ဂလိပ်စာအခြေခံသင်တန်း။ A+ and Networking သင်တန်းတွေတက်ခဲ့ပီးတော့ နောက်ပိုင်းကျတော့ အင်တာနက်ဆိုင်မှာအလုပ်လုပ်တာကနေထွက်လိုက်ပီး အင်တာနက်ဆိုင်တွေ Net Game ဆိုင်တွေစက်တပ်ဆင်ပေးရတဲ့ Service ပိုင်းကိုလုပ်ကိုင်ဖြစ်လာပါတယ်။ အင်တာနက်ဆိုင်တွေ ဂိမ်းဆိုင်တွေကို ဖွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ လူ ၃ ယောက်ပဲရှိပါတယ်။ စက်တွေကို ကွန်ပျူတာအပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ မှာပေးပါတယ်။ တစ်ခါမှာရင်အများကြီးမှာတဲ့အတွက် လျှော့ဈေးနဲ့ရပါတယ်။ ဒါကလဲ Service လုပ်နေတဲ့လူတွေရဲ့အကျိုးအမြတ်ပေါ့။ အဲ့လိုလုပ်ငန်းတွေမှာ ဒီလိုပဲလုပ်ရပါတယ်။ နောက်ပိုင်းမှာတော့တစ်ခြား Service company တွေကလဲအလုပ်အကိုင်တွေခေါ်လာတဲ့အခါမှာတော့ Service လုပ်ငန်းကနေ အလုပ်ပြောင်းခဲ့ပါတယ်။

 ဒါကတော့ company နာမည်နဲ့Service ဝင်ရတာပေါ့ နဲနဲပဲကွာပါတယ်လေ။ Uniform ဝတ်ရတာနဲ့မဝတ်ရတာပေါ့ J ဒီလိုနဲ့ပဲအလုပ်လုပ်ပီးပုံမှန်လစာလေးရနေတာပေါ့။ လစာက ၁သိန်းဖြစ်လာခဲ့ပါတယ်။များလာခဲ့တော့ပျော်တာပေါ့လေ။ ဒီနေ့ခေတ်ကျတော့ အဲ့လိုလုပ်လို့မရဘူး တစ်နေ့အလုပ်တစ်နေ့လုပ် အချိန်တန်လစာထုတ်ပီးနေလို့မရတော့ဘူး။ နည်းလမ်းရှိသမျှရှာကြံရတော့တယ်။ ဘယ်လိုနည်းလမ်းနဲ့ဝင်ငွေထပ်ရနိုင်မလဲ။ ဘယ်လိုလေ့လာရမလဲ။ စသဖြင့်ငွေကြေးမတတ်နိုင်တဲ့အခါကျတော့ လက်လှမ်းမှီရာရှာကြံစဉ်းစားရတယ်။ ကျွန်တော်ပထမဆုံး cryptocurrency ကိုနားမလည်ခင် အင်တာနက်ကိုအသုံးပြုတဲ့နေရာမှာ ဒီအင်တာနက်ကနေ ငွေဝင်အောင်လုပ်လို့ရရင်ကောင်းမယ်ဆိုပီးတွေးမိလာပါတယ်။ ဒီလိုတွေးနေပေမဲ့ ငွေရအောင် လုပ်နေတဲ့လူတွေကလုပ်နေကြပါပီ။

 

ကျွန်တော်ပထမဆုံးလုပ်ဖြစ်တာကတော့ probux လို့ခေါ်တဲ့ PTC site ပါ။ နေ့စဉ် ကြော်ငြာဆိုက်တွေကြည့်ပေးရတယ် သူက ဒေါ်လာအစအနလေးတွေပေးတာပေါ့။ ဒီလိုနဲ့ကျေနပ်ပီး တစ်ရက်စားတစ်ရက်ပုံမှန်လုပ်လာခဲ့တယ်။ ဒါပေမဲ့ ကြားထဲအလုပ်များလာတဲ့အချိန်မှာတော့ ပုံမှန်မလုပ်နိုင်ပဲနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အွန်လိုင်းပေါ်ကနေငွေရှာလို့ရတဲ့နည်းတွေထပ်ရှာဖြစ်ပါတယ်။ထပ်ရှာရင်းနဲ့ Bitcoin နဲ့စတွေ့ခဲ့ပါတယ်။ ကျွန်တော်သူနဲ့စတွေ့တုန်းကဆို သူ့ဈေးက 1 coin ကို 300$ ကျော်ကျော်ပဲရှိပါတယ်။ဟားကောင်းလိုက်တာ 1 coin ကို 300$ တောင်ရမှာဆိုပီး လုပ်ခဲ့ပါတယ်။ သူ့ကိုလဲကြာလာတော့ ပျင်းလာပီးအဆက်အသွယ်ပြတ်ခဲ့ပါတယ်။ ငွေထုတ်တဲ့အဆင့်ထိမရောက်ခဲ့ပါဘူး။ ဒီနှစ် ၄ လပိုင်းမှာမှ ပြန်ပီးလုပ်ဖြစ်တာပါ။ ဒီလိုပြန်လုပ်ဖြစ်တဲ့အချိန်မှာ Bitcoin ဈေးက 2000$ ဖြစ်နေပါပီ။ ဈေးကအရမ်းကွာပီးများနေပါပီ။ လုပ်ဖို့လဲအားရှိလာပါတယ်။

 ဒီလိုနဲ့စပီးတော့ free claim တဲ့ဆိုက်တွေကနေစုပါတယ်။ စုရင်းစုရင်းနဲ့ များလာခဲ့ပါတယ်။ များလာတာကို မထုတ်ရောင်းပဲနဲ့ ပြန်ရင်းတဲ့ဆိုက်တွေမှာရင်းပါတယ်။ ဆိုက်တွေကလဲ အစပိုင်းမှာပေးနေပေမဲ့ နောက်ပိုင်းမှာတော့scam ဖြစ်ဖြစ်သွားပါတယ်။ ဒီလိုပဲ လိမ်ဖယ်လိမ်ဖယ်နဲ့ လုပ်လာခဲ့ရင်းနဲ့မှ steemit ကိုတွေ့ပါတယ်။ သြော် ဒီကောင်လဲ cryptocurrency တစ်မျိုးပဲ။ လေ့လာကြည့်အုံးမယ် ဈေးက နဲနဲလေးရယ်။ အရေအတွက်များများရနိုင်တယ်ဆိုပီးတော့။ နောက်တော့တွေ့ရှိလာပါတယ်။ သူ့သဘောတရားလုပ်ဆောင်ချက်တွေကို။ အဲ့တုန်းကလဲ စလုပ်တုန်းက ဘာမှမရခဲ့ပါဘူး vote ပေးတောင်ဘာမှမတက်ပါဘူး။၂လလောက်လုပ်ပီးတော့ အဆက်ပြတ်ခဲ့ပါတယ်။ ခုနောက်ပိုင်းမှပြန်လုပ်ဖြစ်ရင်း MSCနဲ့တွေ့ခဲ့ပါတယ်။ MSCရဲ့ဖေးမမှုနဲ့ဒီအခြေအနေရောက်လာပါတယ်။ ရေးသားမှု ပြင်ဆင်မှု ကြိုးစားမှုတွေကို သေချာလုပ်ဖြစ်လာပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကြိုးစားပါအုံးမယ်။ 

   ခုပဲကြိုးစားလိုက်ပါတော့တယ်မနေ့ကရေးထားတာကိုဆက်ရေးပီးတော့။ တစ်ရက်နဲ့တစ်ရက်ကုန်ဆုံးလာပီးတော့ အသက်တွေလဲကြီးလာခဲ့ပါတယ်။ တစ်ရက်တစ်ရက်ရုန်းကန်နေရင်း တုံးလုံးစာ မတ်တပ်စာတွေရှာဖွေနေရပါတယ်။ ဒီကြားထဲကိုယ့်လိုအင်ဆန္ဒတွေကိုလဲဖြည့်ရပါတယ်။ ဒါမှလဲစိတ်ပျော်ရွှင်မှာမဟုတ်ပါလား။ မိမိလိုအင်ကဘာတွေပါလဲ။ လူတစ်ဦးစိတ်တစ်မျိုးဖြစ်တဲ့အတွက် မတူပါဘူးတစ်ယောက်လိုအပ်ချက်ကနောက်တစ်ယောက်မှာ။ သူ့မှာလိုတာ ကိုယ့်မှာရှိနေတတ်သလို ကိုယ့်မှာလိုတာလဲသူ့မှာရှိနေတတ်ပါတယ်။ အဲ့လိုပဲ လိုအပ်ချက်တွေကိုဖြည့်ဖို့အတွက် ကြိုးစားကြရပါတယ်။ နည်းလမ်းပေါင်းစုံ နည်းပညာပေါင်းစုံနဲ့ပေါ့။

 လိုအပ်ချက်က အိမ်တစ်လုံးဖြစ်ခဲ့မယ်ဆိုရင် အိမ်နဲ့ပတ်သက်တဲ့ နေရာ အိမ်ပုံစံ ဈေးနှုန်း ပြင်ဆင်ပုံ ဝယ်ယူပုံ စတာတွေကို သိရပါတော့မယ်။ အဲ့လိုပါပဲ နေရာ ကိုမိမိစိတ်ကြိုက်နေရာမှာရနိုင်လား မိမိလုပ်ကိုင်နေသောအလုပ်နဲ့ နီးလားဝေးလား။ ဝေးတဲ့နေရာမှာဘယ်လိုအိမ်ရနိုင်သလဲ နီးတဲ့နေရာမှာဘယ်လိုအိမ်ရနိုင်သလဲ။ ရလာတဲ့နေရာမှာဘယ်လိုပုံစံအိမ်ဆောက်ရင်အဆင်ပြေမလဲ။ လက်ရှိဆောက်လုပ်ထားတဲ့အိမ်ပုံစံက အဆင်ပြေရဲ့လား မိမိကြိုက်ရဲ့လား။ ပတ်ဝန်းကျင်ကဘယ်လိုရှိလဲ။ ကောင်းပီ အဲ့ဒါဆိုဒီနေ့ရာမှာရှိတဲ့အိမ်ဈေးကဘယ်လောက်လဲ နောက်တစ်နေရာမှာရှိတဲ့အိမ်ဈေးကဘယ်လောက်လဲ။ ကိုယ်ကဘယ်လောက်တတ်နိုင်လဲဘယ်လိုလုပ်နိုင်လဲ ချိန်ညှိရပါတော့မယ်။ ဝယ်မယ်ဆိုရင်လဲ ပြင်ဆင်မှုများလုပ်ရပါတယ်။ တရားဝင်ပိုင်ဆိုင်ထားသူ။ မြေဂရန်စစ်ရပါတယ်။ အထောက်အထားတွေခိုင်လုံရဲ့လားစစ်ရပါတယ်။ ပီးရင်တော့ ရောင်းသူစီကနေဝယ်ယူရပါတယ်။

 ဝယ်ယူပီးရင်လဲ အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးလုပ်ရပါတယ်။ ဟိုရွှေ့ဒီရွှေ့နဲ့ ပစ္စည်းတွေကိုနေရာချရပါတယ်။ ရေကောင်ကောင်းလာသလား မီးကောင်းကောင်းလာသလားဆိုတာတော့ အိမ်ကို ကြည့်ကတည်းကစစ်ရတာပေါ့နော်။ ဒါကတော့ အိမ်တစ်လုံးလိုချင်ခဲ့မယ်ဆိုရင် အကြမ်းဖျင်းလုပ်ဆောင်ရမှာတွေပါ။ တကယ်လို့မိမိလိုချင်တာက အိမ်မဟုတ်ခဲ့ဘူးဆိုရင်လဲ တစ်ခြားလိုအပ်တာတစ်ခုအတွက် ပြင်ဆင်ကြိုးစားရပါတယ်။ လိုအပ်ချက်တွေရရှိဖို့လူသားတိုင်းလုပ်ဆောင်ကြပါတယ်။ တစ်ချို့ကကျတော့လဲ ရတာလေးနဲ့နေကြပါတယ်။ တစ်ချို့ကျတော့လဲ ရလာတာကို အားမရပဲ ပိုရအောင်ကြိုးစားကြပါတယ်။ ပိုရအောင်ကြိုးစားကြတဲ့နေရာမှာ တစ်ယောက်တည်းလုပ်တာတွေရှိသလို အစုအဖွဲ့လိုက်လုပ်တာလဲရှိပါတယ်။

 ဥပမာပြောရရင် စုကြေးစုကြတာပေါ့။ အလုပ်တူ မိတ်ဆွေတွေ ၃ ယောက်ကနေ ၅ ယောက်လောက်အနဲဆုံးပေါင်းပီး စုကြေးစုကြပါတယ်။ ၅ သောင်း ကျပ် ၁ သိန်းကျပ် စသဖြင့် စုကြပါတယ်။ တစ်ချို့ကျတော့ ချေးငွေယူကြပါတယ်။ ချေးငွေချေးပေးသူ ရယူသူဆိုပီးရှိပါတယ်။ ကျွန်တော်သိရတာလေးတစ်ခုပြောပြချင်ပါတယ်။ ချေးငွေချေးပေးသူအနေနဲ့ပါ။

 လည်လည်ဝယ်ဝယ်ရှိတဲ့ချေးငွေရယူသူဟာ ချေးငွေပေးသူစီကနေ ငွေချေးပါလိမ့်မယ်။ ပီးရင် ပုံမှန်အတိုးပေးနေပါမယ် ဒါပေမဲ့ အတိုးတစ်ဝက်ပဲပေးပီးချိန်မှာ ထပ်မပေးတော့ပါဘူး။ အဲ့လိုအချိန်မှာတရားရုံးမှာတိုင်တန်းလိုက်ပီဆိုရင် တရားလိုနဲ့ တရားခံကို ရုံးခေါ်ပါတယ်။ ၃ ကြိမ်ခေါ်ပါတယ်။ ၃ကြိမ်ခေါ်လို့မှမလာရင် တရားခံကို အရေးယူပါတယ်။ ဒါပေမဲ့ တရားခံက ၂ ကြိမ်မလာပါဘူး။ နောက်ဆုံးတစ်ကြိမ်မှာလာခဲ့ပါတယ်။ အကြွေးကိုလဲမဆပ်ဘူးမပြောပါဘူး ဆပ်မယ်လို့ပြောပါတယ်။ ငွေချေးငွေဆပ်ဥပဒေမှာ အကြွေးဆပ်ရမဲ့လူက ဆပ်ပါမယ်လို့ပြောလိုက်ရင် တရားလိုကဘာမှဆက်လုပ်လို့မရပါဘူးလို့သိထားပါတယ်။ အတိအကျတော့မသိပါ။ မိတ်ဆွေတစ်ဦးမှပြောပြတာပါ။ အဲ့လိုနဲ့ အကြွေးကျတော့လဲမပေး မဆပ်ဘူးလားဆိုတော့လဲ ဆပ်မယ်ပြောနဲ့ နောက်ကြာလာတော့ အကြွေးပေးသူကလက်လျှော့လိုက်တာများပါတယ်တဲ့။ အဲ့ဒါကြောင့်ငွေချေးပေးတာကလဲ အမြတ်ရှိတယ်ဆိုပီးတစ်ခုတည်းတွေးနေလို့လဲမရသေးပါဘူး။ အကုန်လုံး ကောင်းကွက်နဲ့ဆိုးကွက်ကတွဲနေပါတယ်။ ဘယ်အရာပဲလုပ်လုပ် ပိုက်ဆံနဲ့ပတ်သက်လာရင်တော့ စွန့်စားမှုအနဲနဲ့အများတော့ရှိကြတာပါပဲ။ cryptocurrency လဲ စွန့်စားမှုတစ်ခုပါပဲ။ 

မိတ်ဆွေများအတွေးအမြင်ကရောဘယ်လိုထင်ပါသလဲဗျ အကြံပြုစေချင်ပါတယ်။


written by caesarsupaimin

MSC-025

Photo by google search

Sort:  

ဟုတ်တယ် Bro ကျနော်လည်း ၂၀၁၄ လောက်က hyip တွေမှာတော်တော်ပါသွားဖူးတယ် ။

ဟုတ်ကဲ့ဗျ ကျွန်တော်လဲ အစပိုင်းပြန်ပေးတယ်ဆိုပီ ပိုပိုရင်းတာ အဲ့ကျမှရိတ်သွားတာ သူတို့က :(

Btc ကို သိခဲ့ပေမယိ့ ခုထိ ဘာမှမတတိသေး

ဟုတ်​ကဲ့ဖြည်းဖြည်းချင်း​လေ့လာရတာပါပဲဗျ
ကျွန်​​တော်​က​တော့ btcနဲ့အရင်​သိခဲ့တာပါကျန်​တာ​တွေက​တော့​နောက်​မှသိတာပါ

Right bro

ဟုတ်​ကဲ့​ကျေးဇူးပါဗျ

online money တွေကအမျာကြီးဆိုတော့ လေ့လှာုနဲ့ လောဘထိန်းပြီးလုပ်မယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်

ဟုတ်​ပါတယ်​ဗျ ​လောဘ​တော့ထိန်းရတယ်

Bitcoin free ​လေးများ site ​တွေ မစပါဦး
cryptocurrencyစိတ်​ဝင်​စားတယ်

Freeကရှိတယ်​အကို facebook cbလာခဲ့ပါ ကျွန်​​တော်​အားတဲ့အခါပြ​ပေးပါ့မယ်

သိခွင်ရတာ ကျေးဇူးပါ bro

ဟုတ်​ကဲ့ဗျ

free site တွေ နဲ့ လုပ်ဘူးတယ် ။ နောက်တော့steemit ပဲ စိတ် ကို ပြတ်သားပြီး လုပ်တော့တယ် steemit lover တယောက်ပါ။

ဟုတ်ကဲ့အကို ကျွန်တော်ကတော့ တစ်ခါတစ်လေလုပ်ပါသေးတယ် free

ကျန်တော်လည်းပါသွားဖူးတယ်

ဟုတ်ဟုတ်

ဆောင်းပါး​ကောင်းပဲ

အတွေ့အကြုံလေးမျှပေးရုံပါဗျ

ကျနော်ကတော့ ဘာမှမသိသေးပါ

ဟုတ်ကဲ့ တဖြည်းဖြည်းပိုပိုသိလာမှာပါ ဒီလောကက ဒီအတိုင်းရပ်မနေပါဘူး တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်

Free claim ပီးကျနော်လဲ ဆော့ဘူးပါတယ်
ကြာလာတော့စိတ်မရှည်ဘူးဗျ တခါပေးမှ မြန်မာငွေ ဆယ်ဂဏန်းလောက်ပေးတော့ အားမရှိတော့ဟူးး
MSC နဲ့တွေ့တော့မှ MSC Adminတွေရဲ့ စေတနာေ့ကြာင့် အခုလိုအောင်မြင်မှုလမ်းစရနေကြတာပါ

ဟုတ်ပါတယ်ဗျ

ဗဟုသုတရပါတယ်

ဟုတ်ကဲ့ဗျ

ဗဟုသုတ ရတာ​ပေါ့လို့😁😁

ဟုတ်ကဲ့ပါဗျ

scamမဲ့ ဆိုက်တွေဘဲရွေးလုပိမသလား ထင်ရတယ် အခုတော့ နားလိုက်ပါပြီ

ဟုတ်​တယ်​ဗျ ​နောက်​ပိုင်း​တော့သိလာလို့မလုပ်​​တော့ဘူး

အရင်က gtalkတော်တော်ခေတ်စားတယ်နော်

ဟုတ်​အကို

အတွေ့အကြုံတွေ စုံခဲ့တာပဲနော်

ဟုတ်​ကဲ့ဗျ

အရမ်းကောင်းပါတယ် အောင်မြင်ပါစေခင်ဗျာ

ဟုတ်ကဲ့ဗျ

ဗဟုသုတရစေပါတယ်Bro
ကျွန်တော်ကတော့
PTCနည်းနည်းလုပ်ပြီး
steemitကိုဘဲဇောက်ချလေ့လာနေပါတယ်

ဟုတ်ကဲ့ဗျ