နွေရာသီမှတ်​တမ်း ၂

in #myanmar7 years ago

image
အချစ်​ဦးနဲ့လွဲခဲ့​ပေမဲ့ အချစ်​ဆုံးနဲ့ဆုံခွင့်​ရခဲ့ပါတယ်​။ သူနဲ့ကျ​တော့ ထူးဆန်းတယ်​။ ကျွန်​​တော့အရင်​ချစ်​သူနဲ့ ပြတ်​သွားတဲ့အ​ကြောင်းကိုရင်​ဖွင့်​ရင်း ကျွန်​​တော့ကိသြနားသွားတယ်​ထင်​ပါတယ်​ သူက သူတစ်​​ယောက်​လုံးရှိတယ်​ဆိုပီး ကျွန်​​တော့ကို​ပြောလာပါ​တော့တယ်​။
ကျွန်​​တော်​က​တော့ သူ့ကို ညီမ​လေးတစ်​​ယောက်​လိုပဲ သ​ဘောထား​တော့ ချစ်​လို့မရဘူးဖြစ်​​နေတယ်​။ ​နောက်​ပီး အစားထိုးတယ်​ဆိုပီးဖြစ်​​နေမှာစိုးလို့ ဘာမှဆက်​မ​ပြောခဲ့ဘူးအဲ့ ဒါနဲ့ပက်​သက်​ပီး​တော့။ ဒီလိုနဲ့ အရင်​ချစ်​သူနဲ့ဘယ်​လို​တွေ​ပျော်​ခဲ့တာ ဘယ်​​တွေကိုသွားလည်​ကြတာစသဖြင့်​သူ့ကို​ပြောပြဖြစ်​တယ်​။ တစ်​ပတ်​၁ ကြိမ်​​လောက်​ အလုပ်​အားတဲ့​နေ့​တွေမှာ ဖုန်း​ပြောဖြစ်​ခဲ့တယ်​။ အပတ်​စဉ်​တိုင်းဖုန်း​တွေ​ပြော​နေရင်းနဲ့ သံ​ယောဇာဉ်​​တွေဖြစ်​လာကြတယ်​။ ​နောက်​​တော့ ညပိုင်း​တွေအျပ်​ကာနီးခနတစ်​ဖြုတ်​ဖုန်း​ပြောတာ​တွေ goodnight လို့ နှုတ်​ဆက်​တာ​တွေဖြစ်​လာခဲ့ပါတယ်​။ ​နောက်​​တော့တစ်​ဖြည်းဖြည်းအရင်​ချစ်​သူကို​မေ့နိုင်​လာခဲ့တယ်​။ တစ်​ခုခုထူးထူးခြားခြား ကိစ္စရှိရင်​လဲသူနဲ့​ပြောဆိုပီး တိုင်​ပင်​ဖြစ်​တယ်​ ရယ်​​မောဖြစ်​လာတယ်​။
သူက​တော့ ထပ်​ပီးမ​ပြောပါဘူး သူကမိန်းက​လေးဆို​တော့​ပေါ့။ ကျွန်​​တော်​လည်းလတစ်​ဖြည်းဖြည်းခံစားမိလာတယ်​လတစ်​ခုခုဆိုသူ့ကို သတိရရ​နေမိတယ်​ဆိုတာကို။ ဒီလိုနဲ့ ဖွင့်​​ပြောလိုက်​တယ်​။ သူကလည်းမငြင်းပဲလက်​ခံတယ်​။ကျွန်​​တော်​က​တော့ အရင်​ရည်းစားရှိခဲ့တဲ့အတွက်​ ငြိုငြင်​​နေမလားစိတ်​ပူ​နေမိတာ​ပေါ့။ အဲ့လိုဖြစ်​​နေမလားဆိုပီးသူ့ကို​ပြောတဲ့အခါမှာ​တော့ သူပြန်​​ပြောတာက.. ဒီအချိန်​မှာသူ့ကိုချစ်​​နေရင်​ရပီ ကျန်​တာဘာမှမဖြစ်​ဘူး ဘာမှမလိုဘူးဆိုပီး​ပြောတယ်​။
ကျွန်​​တော်​လည်း​ပျော်​သွားတာ​ပေါ့။ ကျွန်​​တော့ကို နားလည်​​ပေးလို့ ချစ်​​ပေးလို့ဆိုပီး​တော့။ ဒီလိုနဲ့ ကျွန်​​တော်​နဲ့ သူနဲ့ချစ်​သူ​တွေဖြစ်​သွားကြပါတယ်​။ ချစ်​သူဖြစ်​ဖြစ်​ချင်း ပထမနှစ်​။ ပထမနှစ်​​နော်​... ဘာလို့လဲဆို​တော့ပထမဆုံးနှစ်​မှာပဲ သူနဲ့​တွေ့ဖြစ်​တာ ၆ ကြိမ်​ပဲရှိ တယ်​။ ၂ လကိုတစ်​ကြိမ်​နှုန်းနဲ့ပဲ​တွေ့ရတယ်​။
သူက မြစ်​ကြီးနားမှာ ကျွန်​​တော်​က မန္တ​လေးမှာမို့လို့ပါ။ သူက​ဆေး company မှာအလုပ်​လုပ်​တဲ့အခါကျ​တော့ မန္တ​လေးကို meetingလာရတယ်​ဆိုရင်​​တွေ့ရပါတယ်​။ ကျွန်​​တော်​လည်း အလုပ်​အားမဲ့အချိန်​​လောက်​မြစ်​ကြီးနားကိုသွား​တွေ့ပါတယ်​။ ဒီလိုနဲ့​တွေ့ခဲ့ကြတာ ၁ နှစ်​အတွင်း ၆ ကြိမ်​ပဲ​တွေ့ဖြစ်​ခဲ့ပါတယ်​။ ​နောက်​ပိုင်းကျ​တော့ သူအလုပ်​ထွက်​လိုက်​ပါတယ်​။ မန္တ​လေးကိုဆင်းလာပီး ငြိမ်း​ဆေးခန်းမှာ ​ဆေးအ​ရောင်း​ကောင်​တာမှာအလုပ်​ဝင်​လုပ်​ခဲ့ပါတယ်​။ အဲ့ဒါက ​ဝေး​နေတာထက်​မဆိုးဘူးလို့ ဆိုလို့ရပါတယ်​။
ဘာလို့လဲဆို​တော့ မန္တ​လေးမြို့ကြီးထဲမှာ အတူတူရှိ​နေကြလို့ပါ။ အဲ့ဒီမှညားအဆင်​မ​ပြေတာက​တော့ သု့အလုပ်​ချိန်​က တစ်​ရက်​ကို ၁၂ နာရီလုပ်​ရတာဖြစ်​ပါတယ်​။ မနက်​ ၈ နာရီဆို ည ၈နာရီထိပါ။ အဲ့ဒီအခါကျ​တော့ မနက်​ခင်းခန ​တွေ့ရတယ်​ ညဘက်​ကျ​တော့ သူ့အ​ဆောင်​က ည၉ နာရီဆိုပိတ်​ပီ...အဲ့ဒီ​တော့ ညဘက်​သူအလုပ်​ဆင်းရင်​​တော့ ကြိုပီး လမ်းမှာတစ်​ခုခုဝယ်​ပီး ပြန်​ပို့​ပေးရပါတယ်​။ အမြဲ​တွေ့​နေရသလိုဆို​ပေမဲ့ ​အေး​အေး​ဆေး​ဆေး ကြည်​နူးချိန်​မရလိုက်​ဘူး​ပေါ့ဗျာ။
သူ့ရဲ့ပိတ်​ရက်​ကလည်း ၁ ပတ်​၁ ရက်​ရတယ်​။ အဲ့ဒီ၁ ရက်​ကကျွန်​​တော်​ရုံးဖွင့်​ရက်​ဆိုရင်​လည်းမ​တွေ့ရပြန်​ဘူး။ မနက်​ခန ည​နေခန​တော့​တွေ့ရပါတယ်​။ ပိတ်​ရက်​တိုက်​ရင်​​တော့ ရုပ်​ရှင်​ကြည့်​တာ​တွေ ​နေ့လည်​စာအတူတူစားတာ​တွေလုပ်​ဖြစ်​ပါတယ်​။ သူက မနက်​စာဆိုရင်​ မှီးရှည်​​ခေါက်​ဆွဲကို အရမ်းကြိုက်​တယ်​။ သူကြိုက်​တဲ့ မှီးရှည်​​ခေါက်​ဆွဲဆိုင်​က​တော့ စိန်​မြင့်​မိုရ်​လက်​ဖက်​ရည်​ဆိုင်​က မှီးရှည်​​ခေါက်​ဆွဲပါ။ ကျွန်​​တော်​ကကျ​တော့အီကြာ​ကွေးနဲ့ လက်​ဖက်​ရည်​​သောက်​ပါတယ်​။သူတို့​ဆေး​ရောင်း​ကောင်​တာကလည်းလွယ်​​တော့မလွယ်​ပါဘူး​လေ။
ဆေးပုလင်း​တွေလက်​​ချော်​ပီးကျကွဲရင်​​လျှော်​ရတယ်​။ ဆရာဝန်​က ​ဆေးစာ​ရေး​ပေးတာမဖတ်​တတ်​ရင်​အဆဲခံရတယ်​။ ဆရာဝန်​လက်​​ရေးကသိတဲ့အတိုင်းပါပဲဗျာ။ ​မြွေလက်​​ရေးကျ​နေတာပဲ။ ​နောက်​ပီးအလုပ်​ဝင်​ချိန်​​နောက်​ကျရင်​ လစာထဲကဖြတ်​​သေးတယ်​။လကုန်​ရက်​ဆိုရင်​ stock လက်​ကျန်​​တွေစစ်​ရတယ်​။ည ၁၂ နာရီထိ။ကျွန်​​တော်​ဆိုအဲ့ဒီ​နေ့​တွေသွား​စောင့်​ရင်​အိပ်​ငိုက်​တယ်​။ကျွန်​​တော်​အိပ်​ငိုက်​တာကို သူနဲ့သူ့သူငယ်​ချင်း​တွေက ကြည့်​ပီးရယ်​ကြတယ်​ဗျာ။

Written by caesarsupaimin
MSC-025
Photo from google search

Sort:  

အပိုင်းဆက်ရန် ကျန်သေးလားရှင့်

ကျန်ပါတယ်ဗျ :D

အချစ်ဆုံးလေး ကြားသွားအုံးမယ်

ဟီးဟီး

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 0.18 % upvote from @drotto thanks to: @banjo.

နောက်အပိုင်းတွေ ဆက်ရေးပါဦးဗျာ

ဟုတ်