နွေရာသီမှတ်​တမ်း

in #myanmar7 years ago (edited)

image

နွေရာသီ​ရောက်​လာပါပီ တစ်​ဖြည်းဖြည်းနဲ့ ​နွေရာသီဆိုရင်​အမြဲတမ်းသတိရတဲ့ အချိန်​တစ်​ခုရှိခဲ့ပါတယ်​။ ကျွန်​​တော့ရဲ့ပထမဆုံးချစ်​သူ​ပေါ့။ သူနဲ့ချစ်​သူစဖြစ်​ခဲ့တဲ့ဒီလို​နွေရာသီဆိုအမြဲသတိရမိတယ်​။သူက​တော့သတိရချင်​မှရမှာပါ​လေ။ ကျွန်​​တော်​တို့​တွေ့ခဲ့တာက​တော့ ၇၃လမ်း အင်​တာနက်​ဆိုင်​​လေးကစခဲ့ပါတယ်​။ အဲ့ဒီတုန်းကဆို အင်​နာနက်​ကို ဆိုင်​မှာပဲသုံလို့ရတဲ့အချိန်​အခါ​ပေါ့ဗျာ။ အင်​တာနက်​ဆိုတာကြီးကလဲဆွဲ​ဆောင်​မှု​တော်​​တော်​ရှိလှပါတယ်​ဗျာ။ သူ့ကိုအသုံးပြုပီး ကမ္ဘာကြီးရဲ့ဘယ်​​နေရာမှရှိတဲ့လူပဲဖြစ်​​နေပါ​စေ အဆက်​အသွယ်​ပြုလုပ်​စကား​ပြောလို့ရတယ်​။ video call ​ခေါ်ပီးတစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​လို့ရတယ်​။ ကျွန်​​တော်​တို့အ​ကြောင်းဆက်​ပါမယ်​။
ဒီလိုနဲ့ အဲ့ဒီအင်​တာနက်​ဆိုင်​ကို ည​နေတက္ကသိုလ်​ကဆင်းရင်​ သွားသွားပီး chatting ထိုင်​ပါတယ်​။ chatting ထိုင်​ရင်းစကား​ပြောပီး အပြင်​မှာလဲချိန်း​တွေ့ကြပါတယ်​။ အဲ့ဒီအင်​တာနက်​ဆိုင်​က​တော့ Future sky ဖြစ်​ပါတယ်​။ အဲ့ဒီဆိုင်​ကလဲ အဲ့ဒီအချိန်​အခါတုန်းက ကွန်​နက်​ရှင်​​တော်​​တော်​​ကောင်းတဲ့အင်​တာနက်​ဆိုင်​ဖြစ်​သလို နိုင်​ငံခြားကိုဖုန်း​ခေါ်ဆိုမှု ပြုလုပ်​လို့ရတဲ့ဆိုင်​လည်းဖြစ်​ပါတယ်​။ အဲ့ဒီအချိန်​တုန်းကဆို နိုင်​ငံခြားထွက်​ပီးအလုပ်​လုပ်​သူ​တွေများပါတယ်​။ ဒီလိုနဲ့ တစ်​​နေ့ကျ​တော့ ကျွန်​​တော်​သုံးတဲ့စက်​မှာ လိုင်းမတက်​လို့ဆိုပီး ဆိုင်​ကဝန်​ထမ်းကို​ခေါ်ပီးလာစစ်​ခိုင်းလိုက်​ပါတယ်​ အဲ့ဒီအချိန်​မှာ သူက​နေမှလာစစ်​​ပေးပါတယ်​။ ကျွန်​​တော့အ​ကောင့်​ဝင်​မရတဲ့အခါကျ​တော့ သူ့အ​ကောင့်​ကိုဝင်​ကြည့်​မယ်​ဆိုပီးဝင်​ကြည့်​ပါတယ်​ အဲ့ဒီအချိန်​မှာ သူ့အ​ကောင့်​ကိုမှတ်​ထားပီး​တော့ ကျွန်​​တော်​အ​ပေါင့်​ပြန်​ဝင်​တဲ့အချိန်​မှာ သူ့ကို friend invite ပို့ပီး ​စောင့်​​နေလိုက်​ပါတယ်​ ပီး​တော့ မှ ကျွန်​​တော်​ခါတိုင်းလိုပဲသူငယ်​ချင်း​တွေနဲ့စကား​တွေဆက်​​ပြောပါတယ်​။ ​နောက်​​နေ့ကျ​တော့ ကျွန်​​တော်​သူရှိတဲ့ဆိုင်​ကိုမသွားပဲ တစ်​ခြားတစ်​ဆိုင်​မှာအင်​တာနက်​သုံးပါတယ်​။ အဲ့ဒီအချိန်​မှာ​တော့ သူကကျွန်​​တော့အ​ကောင့်​ကို လက်​ခံပီးသားဖြစ်​​နေပါပီ။ သူလဲလိုင်း​ပေါ်မှာရှိ​နေပါတယ်​။ အဲ့ဒါနဲ့ပဲ သူ့ကိုအရင်​ စ ဟိုင်းလိုက်​ပီးစကား​တွေစ​ပြောဖြစ်​ခဲ့ပါတယ်​။ အလာပသလာပ ​တွေ​ပြောဖြစ်​ပါတယ်​။ ​သေချာ​တော့မမှတ်​မိ​တော့ပါဘူး။
နောက်​တစ်​ရက်​ကျ​တော့ သူရှိတဲ့ဆိုင်​ကို သွားလိုက်​ပါတယ်​ ပီး​တော့ သူနဲ့ မလှမ်းမကန်းကစက်​တစ်​ခုမှာ ထိုင်​လိုက်​ပါတယ်​။ ပီး ​တော့အင်​တာနက်​စသုံးတဲ့အခါ သူနဲ့စကား​ပြောလိုက်​တယ်​။ ဘာလုပ်​​နေတာလဲ ဆို​တော့သူက မုန့်​စား​နေတာလို့​ပြောပါတယ်​။ တကယ်​မြင်​​နေရတာက သူက​ကောင်​တာထိုင်​​နေရတယ်​ မုန့်​မစားပါဘူး။ အဲ့ဒါနဲ့ကျွန်​​တော်​လည်း မုန့်​လည်းမစားပါဘူး ထိုင်​ပဲထိုင်​​နေတာပါလို့လဲ​ပြောလိုက်​​ရော သူ့​ခေါင်းကဟိုကြည့်​ဒီကြည့်​ဖြစ်​ပါ​လေ​ရော။ ဘယ်​လိုသိတာလည်းတဲ့ ဆိုင်​မှာ​ရောက်​​နေတာားတဲ့။ ကျွန်​​တော်​ကလဲ မဟုတ်​ပါဘူး ဒီတိုင်း​လျှောက်​​ပြောလိုက်​တာမှန်​​နေတာလားလို့​မေးလိုက်​တယ်​။ အဲ့ခါကျမှမဟုတ်​ပါဘူး တကယ်​စား​နေတာပါလို့ပြန်​​ဖြေတယ်​။ စ​နေတာလို့ကျွန်​​တော့်​ကိုပြန်​​ပြောတယ်​။ ကျွန်​​တော်​က​တော့ သိ​နေတာ့ ကြိတ်​ပီးရယ်​​နေမိတာ​ပေါ့။
ဒီလိုနဲ့လတစ်​​နေ့ကျ​တော့ ကျွန်​​တော်​သုံး​နေတဲ့စက်​ကို သူ့သူငယ်​ချင်းတစ်​​ယောက်​ကမြင်​သွားတဲ့ အဲဒီအခါကျမှကျွန်​​တော့ကိုသူမိ​တော့တာ​ပေါ့။ စစချင်း​တော့ငြင်း​သေးတယ်​​နောက်​ပိုင်းက​တော့ဟုတ်​တယ်​လို့ဝန်​ခံလိုက်​တယ်​။ ​နောက်​ပိုင်းကျ​တော့ ပုံမှအဲ့ဒီဆိုင်​ကိုသွားဖြစ်​ခဲ့တယ်​။ ဆိုင်​ကို​ရောက်​ရင်​လဲသူ ကျွန်​​တော့ကို စက်​သုံးဖို့အမြန်​ဆုံးရ​အောင်​လုပ်​​ပေးတယ်​။ ​နောက်​​တော့ အ​အေးဆိုင်​​တွေအတူတူအ​အေးသွား​သောက်​တဲ့အ​ခြေအ​နေဖြစ်​လာတယ်​ဒီလိုနဲ့တစ်​​နေ့ကျ​တော့ သူ့ကိုသ​ဘောကျတယ်​လို့​ပြောလိုက်​တယ်​ သူကပြန်​​ပြောတာက ​သေချာလားတဲ့ သူကလိုအပ်​ချက်​​တွေရှိတယ်​တဲ့။ ကျွန်​​တော်​ကလဲ ရပါတယ်​ ဘယ်​လို လို​အပ်​ချက်​ဖြစ်​ဖြစ်​ကျွန်​​တော်​ချစ်​​နေတယ်​ ကျွန်​​တော်​လက်​ခံတယ်​ဆိုပီး ​ပြော​တော့သူကလည်း လက်​ခံတယ်​ဆိုတာနဲ့ ကျွန်​​တော်​တို့ချစ်​သူ​တွေဖြစ်​သွားကြတယ်​။
အရင်​ကထက်​ပိုရင်းနှီးလာခဲ့တယ်​။ ဘုရား​တွေသွားတယ်​ ကစားကွင်း​တွေ​လျှောက်​လည်​တယ်​။ ပီး​တော့ ​နေတိုင်းလိုလို​တွေ့ဖြစ်​တယ်​။ ​နောက်​ပိုင်းကျ​တော့ သူကအင်​တာနက်​ဆိုင်​မှာအလုပ်​ထွက်​လိုက်​ပီး​တော့ kbz bankမှာအလုပ်​ရသွားတယ်​ ကျွန်​​တော်​လဲ အကြိုအပို့နဲ့အလုပ်​​တွေရှုပ်​​နေခဲ့တာ​ပေါ့။ သူနဲ့ကျွန်​​တော်​က ၃ နှစ်​ကွာတယ်​။ ကျွန်​​တော်​ကအငယ်​​ပေါ့။ ကျွန်​​တော်​က​တော့ ​ကျောင်းမပီး​သေးဘူး တက္ကသိုလ်​တက်​​နေတုန်း​ပေါ့။ ​ကျောင်းတက်​​နေတုန်းဆို​တော့ ​ပေါ့​ပေါ့ပဲ​နေဖြစ်​တာ​ပေါ့။ ​ကျောင်းသွားတယ်​ ​ကျောင်းပြန်​တယ်​ ကြိုပို့လုပ်​တယ်​။ ဂိမ်း​ဆော့တယ်​။ ​ရှေ့​ရေးအတွက်​ဘာမှမစဉ်းစားဘူး​ပေါ့။ အဲ့ဒါကိုသူကသ​ဘောမကျဖြစ်​ပီး​တော့ ​ရှေ့​ရေးကိုမစဉ်းစားဘူး သူ့ကိုတကယ်​မချစ်​ဘူး ဆိုပီးကျွန်​​တော့်​ကိုအဆက်​ဖြတ်​သွားခဲ့တယ်​။ ကျွန်​​တော်​က​တော့ ​ကျောင်းမပီး​သေး​တော့ အလုပ်​လဲမရှိ ခပ်​​ပေါ့​ပေါ့ပဲ ​နေမိခဲ့တာ​ပေါ့။ သူလဲ​နောက်​ရည်းစားအသစ်​ရသွားခဲ့တယ်​။ သူနဲ့ကျွန်​​တော်​ပြတ်​သွားတဲ့အချိန်​က​တော့ ချစ်​သူသက်​တမ်း ၃နှစ်​ကြာပီး​တော့ ​နွေရာသီ​ရောက်​တဲ့အချိန်​မှာ သူနဲ့အဆက်​ပြတ်​သွားခဲ့ပါတယ်​။

Written by caesarsupaimin
MSC-025
Photo from google search

Sort:  

နွေရာသီအလွမ်းလို့တော့လုပ်လိုက်

သေချာကြီးမလွမ်းရဲဘူး တော်ကြာ ခေါင်းခေါက်ခံရမှာကြောက်တယ်။ အမှတ်ရတာလေးတွေချရေးထားလို့ :D

ကလေးရမှ သတိရနေတာလားအေ။

ဟုတ်ပ ဘဒိုရယ် မနေ့က ကလေးကလေးဆိုပီးပြောကြလို့ သတိရသွားတယ် :D

အော်​​အော်

အင်အင်

ဇာတ်​သိမ်းမလှဘူး​ပေါ့​နော်​😢

ပြန်ရှာဖို့ယော စိတ်ကူးရှိလား အကိုအယ်ဒိုး

ရှာစရာမလိုပါဘူးဗျာ သူ့အိမ်​သိတယ်​​လေ 😁

နွေရောက်တိုင်း ရူးချင်လာတာပေါ့ hee hee

သူ​ပြောမှပဲ 😒😒

ချစ်သူလေးကို မေ့မရဖြစ်ပြီး ဘဏ်ဝန်ထမ်းဖြစ်အောင် လုပ်လိုက်တယ်လား

ဟုတ်​ပါဘူးဗျာ i t ဝန်​ထမ်းဖြစ်​ချင်​တာ ဘဏ်​မှာလည်း i t ပိုင်း​ခေါ်လို့ဝင်​​လျှောက်​လိုက်​တာ ခုကျ​တော့ မားကတ်​တင်းပိုင်း​ရောက်​လို့စိတ်​ညစ်​​နေတာ

သြော်…
နွေရောက်ပီလေ ရော်ရွက်တို့ကျွေ……

ဟုတ်ကဲ့

အယ်ကွယ် ဖက်ရင့်းကို ရင်တွေခုန်ပြီး လူပျိုတောင် ပြန်ဖြစ်လိုက်ချင်သေး😁

လူပျိုပဲမဟုတ်လားကိုကြီးက

အဲ လိုကြီး ဇာတ်သိမ်းလိုက်တယ်ပေါ့😢😢

နောက်တစ်ပိုင်းရှိတယ် ဖတ်ချင်သေးရင်

တပေါင်းလ လေရူးနဲ့အတူ ကိုယ်တေလဲ စိတ်မပြန့်အောင် ထိန်းဦးမှဗျို့

ဟုတ်ကဲ့ဗျ :D

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လွမ်းစရာရှိလဲ နာစရာနဲ့သာ ဖြေပါလေ

ဟုတ်ကဲ့ပါအကို

အားပေးနေတယ် အစ်ကိုရေ

ဟုတ်ကဲ့ ကျေးဇူးပါဗျ

သုံးနှစ်တောင်ကြာခဲ့တာဆိုတော့ မဆိုးဘူးဗျ
အင်တာနက် ချစ်သူကနေ တစ်ကယ်ချစ်သူဖြစ်ခဲ့တာပေါ့နော်
သူအဆက်မဖြတ်ရင် ကိုအယ်ဒို ခုလောက်ဆို သူနဲ့ ရနေပီပေါ့ဟုတ်😁😁

ဟုတ်ပ ဟုတ်ပ ဟီးဟီး

နွေနေအလွမ်းတွေပေါ့လေ

မလွမ်းတော့ပါဘူး သတိပဲရတာ

မိုးရာသီတို့ ဆောင်းရာသီတို့ မှတ်တမ်းလေးတွေလည်း ရှိအုံးမှာပေါ့ ဘဒို

ဟုတ်ပဘဒိုရယ် ကျန်ပါသေးတယ်

လွမ်းလိုက်​ပါဘိဗျာ good

ဟုတ်ကဲ့ဗျာ

နောက်ဆိုဇာတ်သိမ်းပေါင်းပေးပါ

ဒါကို copy ယူထားပြီ အခုကြိုပို့နေတဲ့ ကိုအယ်ဒို့ကလေးလေးကို သိတယ်နော် ဒါက နိုင်ကွက်ပဲ ဟဲဟဲ

အားပေးနေပါတယ် အချစ်တွေအများကြီးရအောင်ဗျ

တစ်ယောက်သွား ၂ယောက်လာပါတယ် ဘဒိုရ 😁

Good ဗျား

တချိန်က ဇာတ်လမ်းလေးပေါ့..