မင်းလည်းစိတ်​ဓာတ်​မကျနဲ့ ငါလည်းမငိုဘူး။

in #myanmar7 years ago

image

မင်းလည်းစိတ်​ဓာတ်​မကျနဲ့
ငါလည်းမငိုဘူး..။

ဒီလမ်းဆုံးကို
သွားဖို့​ရွေးခဲ့ရင်
လမ်းတစ်​ဝက်​နဲ့​တော့
လှည့်​ပြန်​လို့မရဘူးသူငယ်​ချင်း...။

ခရီးဆုံးဖို့အတွက်​​တော့
ညောင်း​သော်​လည်းလှမ်းရအုံးမယ်
ပန်း​သော်​လည်း​ရှောက်​ရအုံးမယ်
ရည်​မှန်းချက်​​တွေကို
တစ်​ခဏသာဒုက္ခနဲ့မပါယ်​​ဖြောက်​လိုက်​နဲ့သူငယ်​ချင်း...။

ကျရှုံးတဲ့အခိုက်​တန့်​ဟာ
ငါတို့အတွက်​သင်​ခန်းစာပေါ့
အောင်​မြင်​တဲ့ အခါကလည်း
ငါတို့ရဲ့ ကြိုးစားမှု့​ပဲပေါ့ကွာ..။

လမ်းမဆုံး​သေးရင်
ချွေးမသုတ်​နဲ့
သွေးပူရပ်​သွားမယ်​..။

တစ်​ဘဝမှာ တစ်​ခဏသာ
ကျရှုံးခဲ့​ပေမဲ့
တစ်​ဘဝစာလုံးအားမ​ရှော့လိုက်​နဲ့
ဒီနိယာမ​တွေမဆုံးသ၍
ငါတို့​တွေရှုံး​နေရအူံးမှာပဲ....။

မင်းလည်းစိတ်​ဓာတ်​မကျနဲ့
ငါလည်းမငိုမိ​အောင်​​နေမယ်​ သူငယ်​ချင်း....။

ဒီတိုက်​ပွဲကိုသာ
အတူတူပြီး​အောင်​ဆတ်​တိုက်​ကြတာ​ပေါ့....။

အ​မောင်​သုတ(​လေးအိမ်​)

အရှင်​လက္ခဏ(အင်းပါ)