Dogecoin ဆိုတာ bitcoin တို့ litecoin တို့လို cryptocurrency တစ်ခုပါ
Altcoin တစ်ခုပါ။ altcoin ဆိုတာက bitcoin မဟုတ်တဲ့ coin တွေကို ခေါ်တာပါ
Dogecoin ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ခဲ့ပါတယ်
Shiba Inu Dog ခွေးအမျိုးအစား တစ်ခုရဲ့ နာမည်နဲ့ အပျော်သဘော ထုတ်ခဲ့တာပါ
Dogecoin တစ် coin ရဲ့ တန်ဖိုးက USD 1 cent တောင် မရှိပါဘူး
Bitcoin က maximum supply 21 million ရှိမယ်။ dogecoin ကတော့ infinity ရှိပါတယ်
ဒီတော့ bitcoin က စျေးတက်လာနိုင်ပေမယ့် dogecoin ကတော့ စျေးအရမ်းကြီး
မတက်နိုင်ပါဘူး လက်ရှိမှာ လည်ပတ်နေတဲ့ dogecoin ပေါင်း ၁၁၄ ဘီလျံခန့် ရှိပါတယ်
မိမိကိုယ်ပိုင် blockchain ရှိတဲ့ coin တွေကို cryptocurrency လို့ ခေါ်တာပါ
Bitcoin, litecoin နဲ့ dogecoin တွေမှာ ကိုယ်ပိုင် blockchain ရှိပါတယ်
Blockchain ဆိုတာကတော့ cryptocurrency ငွေပေးချေမှုတွေကို မှတ်တမ်းတင်ထားတဲ့
ledger ပါ ထိုသို့ blockchain မှာ မှတ်တမ်းတင်ဖို့ ငွေပေးချေဖို့ mining ဆိုတဲ့
လုပ်ငန်းစဥ် လိုပါတယ် ဒီလို mining လုပ်ရာမှာ bitcoin က sha-256 algorithm သုံးပြီး
Litecoin နဲ့ dogecoin က scrypt algorithm ကို သုံးပါတယ်
တခြား coin တွေလည်း သူ့ algorithm နဲ့ သူ ရှိပါတယ်
Mining လုပ်ပြီး ငွေပေးချေမှုတွေကို မှတ်တမ်းတင်ပေးသူတွေက reward အဖြစ်
coin တွေ ရပါတယ် Bitcoin ရဲ့ mining လုပ်တဲ့ block reward က 12.5 bitcoin ရပါတယ်
Litecoin ရဲ့ block reward က 25 litecoin ရပါတယ်
Dogecoin ရဲ့ block reward က 10000 dogecoin ရပါတယ်
ပေါက်စျေးတွေကို click here မှာ ကြည့်နိုင်ပါတယ်
ဒီလိုကြည့်လိုက်တဲ့အခါ bitcoin က USD 100 000 နီးပါးရှိပြီး litecoin က
USD 4000 နီးပါး ရပါတယ် Dogecoin ကတော့ USD 40 တောင် မကျော်ပါဘူး
ဒါပေမဲ့ mining လုပ်ရတဲ့ ခက်ခဲမှုက မတူပါဘူး
Dogecoin ကို mine ရတဲ့ mining difficulty က bitcoin ထက် အဆ ၁ သန်းနီးပါး
ပိုလွယ်ပါတယ် Cryptocurrency ဖြစ်တဲ့ bitcoin, litecoin, dogecoin တို့နဲ့
ငွေပေးချေမယ်ဆိုရင် ငွေပေးချေမှုကို blockchain ထဲမှာ မှတ်တမ်းတင်ပေးမယ့်
miner တွေကို fees ပေးရပါတယ် Block တစ်ခုမှာ ကိုယ်ရဲ့ ငွေပေးချေမှု ပါဝင်နိုင်ဖို့
bitcoin ရဲ့ block time က ၁၀ မိနစ်ပါ Litecoin ရဲ့ block time က ၂မိနစ်ခွဲပါ
dogecoin ကတော့ တစ်မိနစ်ပါ
ဒီတော့ bitcoin နဲ့ ငွေပေးချေရင် အနည်းဆုံး ငွေလက်ခံသူဆီ bitcoin ရောက်ဖို့ ၁၀ မိနစ်
ကြာပါလိမ့်မယ် Litecoin နဲ့ ငွေပေးချေရင် အနည်းဆုံး၂ မိနစ် ခွဲ ကြာပါလိမ့်မယ်။
dogecoin နဲ့ဆို ၁ မိနစ်အတွင်း ရောက်ပါလိမ့်မယ်
ဒါကြောင့်မို့ အပျော်တမ်း tips ပေးသူတွေ charity တွေက dogecoin ကို သုံးကြပါတယ်
တစ်ခါတစ်လေ ငွေပေးချေသူတွေ အရမ်းများနေတဲ့အခါ ပိုကြာပါလိမ့်မယ်
ကိုယ်ရဲ့ ငွေပေးချေမှု မြန်မြန်ရောက်ချင်ရင် miner fees ကို များများပေးရပါလိမ့်မယ်
ဒီနေရာမှာတော့ dogecoin က ပိုအဆင်ပြေပါတယ် coin တန်ဖိုးက သိပ်မရှိတော့
Miner fees များများပေးရလည်း သိပ်မရှိပါဘူး bitcoin က တော့ ကိုယ်ငွေပေးချေမှု
လာမယ့် ၁၀ မိနစ် block မှာ မှတ်တမ်းဝင်နိုင်ဖို့ satoshi သောင်းချီ ပေးရတာတွေ
ရှိပါတယ်။ လက်ရှိပေါက်စျေးနဲ့ဆို ၁၀ ၀၀၀ satoshi ကို 0.80 USD လောက် ရှိပါမယ်
Satoshi သုံးလေးတောင် miner fees ပေးတာတောင် တစ်နာရီ နှစ်နာရီအတွင်း
ငွေပေးချေမှု မရောက်တာ ကြုံဖူးပါတယ် miner fees ကို နည်းနည်းပဲ ပေးပါက
ကိုယ်ရဲ့ ငွေပေးချေမှုက သုံးလေးရက် ကြာတာတောင် မရောက်တော့တာတွေ
ကြုံရဖူးပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ လောက်ကဆို miner fees တွေက
တစ်နာရီအတွင်းရောက်ဖို့ 10 USD ကနေ 20 USD အထိ ပေးခဲ့ရဖူးပါတယ်
ဒီလို အခြေအနေမျိုးမှာ Dogecoin ကတော့ အေးဆေးပါ
bitcoin လို transaction fees/ miner fees 10 USD အထိ ပေးရတဲ့ အခြေအနေမျိုး
တစ်ခါမှ မကြုံရဖူးပါဘူး litecoin ကလည်း 2 USD 3 USD အထိ miner fees
ပေးရတာမျိုး အထိသာ ကြုံဖူးပါတယ် 20 USD အထိတော့ မကြုံဖူးပါဘူး
နောက်လာမယ့် post မှာ dogecoin ကို ဘယ်လို mine ရမယ် ဆွေးနွေးသွားပါဦးမယ်။
See you next time
Please follow crypto.myanmar
I will follow you back without fail
Please upvote crypto.myanmar post
I will upvote back without fail
Please resteem crypto.myanmar post
I will resteem back without fail
Lets make money together with steem
ဗဟုသုတရပါတယ် ကျေးဇူးပါ