Credit to Google image
အစ်ကိုကြီးသို့ပေးစာ
လက်သစ်ကြယ်
အမြဲကြည်လင်တောက်ပနေတဲ့
ကောင်းကင်တစ်ခုရှိတယ်...
ရှင့်ရဲ့ကမ္ဘာမှာမဲမှောင်ခြင်းအတိလွှမ်းနေ
ပေမဲ့
ဒီမှာကြည်ရွှန်းဖြာလဲ့နေတဲ့နေရောင်တွေရှိတယ်...
အော်စတင်ရေ...
စိမ်းလန်းခြင်းကင်းနေတဲ့
တောအုပ်တွေကြောင့်စိတ်မညိုးပါနဲ့...
တိတ်ဆိတ်ခြောက်ကပ်နေတဲ့
ကွင်းပြင်တွေကြောင့်စိတ်မသာမယာ
မဖြစ်ပါနဲ့...
ဒီမှာတောအုပ်ကလေးတစ်ခုရှိတယ်...
သူ့ရဲ့သစ်ရွက်တွေဟာ
အမြဲစိမ်းလန်းနေတယ်...
ဆီးနှင်းခဲတွေလုံးဝကင်းတဲ့
အေးချမ်းသာယာတဲ့
ပျော်ဖွယ်ဥယျာဉ်လေးတစ်ခု
ဒီမှာရှိတယ်....
ဖူးပွင့်ဝေဆာနေတဲ့
ပန်းရောင်စုံတွေကြားမှာ
ပျားပိတုန်းတွေ
တဝီဝီနဲ့ပျော်မြူးနေကြသံကို
ကျွန်မအတိုင်းသား
ခံစားကြားနေရတယ်...
အဲဒီတော့....
အစ်ကိုရေ..
ကျေးဇူးပြုပြီး
ကျွန်မရဲ့ ဥယျာဉ်ကို
လှမ်းလာလှည့်ပါ။...။
There is another sky
by Emily Dickinson
There is another sky,
Ever serene and fair,
And there is another sunshine,
Though it be darkness there;
Never mind faded forests, Austin,
Never mind silent fields -
Here is a little forest,
Whose leaf is ever green;
Here is a brighter garden,
Where not a frost has been;
In its unfading flowers
I hear the bright bee hum:
Prithee, my brother,
Into my garden come!
အစ်ကိုဖြစ်သူAustin သည်
မိသားစုနှင့်အဝေးတွင်ဒုက္ခရောက်ဝမ်းနည်းနေသည်ကို ကြားရသောအခါEmilyသည် Austinအားစိတ်ဓာတ်မကျပါနှင့်၊မိသားစုကမ္ဘာလေးတွင်ပြန်လာပါဟု အားပေးရေးဖွဲ့ခဲ့သောကဗျာဖြစ်သည်....