ရုရှား Cryptocurrency Blogger ဖြစ်သူ Pavel Nyashin စိန့်ပီတာဘာ့ဂ်ရှိ တိုက်ခန်းတွင် သေလျက် တွေ့ရှိ

in #myanmar7 years ago

ရုရှားပြည်တွင်း သတင်းဋ္ဌာနတစ်ခု၏ အဆိုအရ ရုရှား Cryptocurrency ရင်းနှီးမြှုပ်နှံသူ နှင့် Blogger တစ်ဦးဖြစ်သူ Pavel Nyashin သည် သူ၏ စိန့်ပီတာဘာ့ဂ်ရှိ တိုက်ခန်းထဲတွင် သေလျက် တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ရှိ Pavel Nyashin သည် ဇန်နဝါရ်ီလတွင်လည်း သူ၏ နေရပ်ဖြစ်သည့် လီနင်ဂရတ် အော့ဘလပ်စ်တွင် မျက်နှာဖုံးအုပ် လူအုပ်စု၏ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ အဆိုပါ တိုက်ခိုက်ခံရခြင်းမှာ Nyashin မှ သူ၏ ဆိုရှယ်မီဒီယာတွင် $ 425000 ရှိ သူ၏ Cryptocurrency မှ ရရှိသောဝင်ငွေကို ဖော်ထုတ်ပြသပြီး မကြာမီတွင်ဖြစ်ပြီး ငွေအားလုံးလည်း ပါသွားခဲ့ကြောင်း ထပ်မံ ကြားသိရပါသည်။
download (13).jpeg
Google

အဆိုပါ တိုက်ခိုက်မှုကို ခံရပြီးနောက် Nyashin သည် သူ၏ အမေနှင့် အတူ လက်ရှိနေထိုင်သည့် စိန့်ပီတာဘာ့ဂ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။သူ၏ Youtube Channel မှာလည်း ဇန်နဝါရ်ီလ ကတည်းက Active မဖြစ်တော့ကြောင်းသိရှိရပါသည်။ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပြီး အမြန်ဆုံးဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်း ရဲတပ်ဖွဲ့မှ ပြည်တွင်းသတင်းမီဒီယာ တစ်ခုသို့ ပြောကြားခဲ့သည်။

ဤဖြစ်ရပ်မတိုင်မီ ဖေဖော်ဝါရီလတွင်လည်း Prism Cryptocurrencyကို တီထွင်ဖန်တီးသူ Yuri Mayorov သည် လူကြမ်းဂိုဏ်းတစ်ဂိဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး
Bitcoin 300( ထိုအချိန်ဈေးနှင့် ဒေါ်လာ သုံးသန်းခန့်) , ငွေသား ဒေါ်လာ 20000 နှင့် Iphones 3လုံး လုယူခံခဲ့ရသည်။

Source: Cointelegraph


ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
Author : @daviddkl https://www.facebook.com/yenaing.htwe.148

MSU 052