ဒီခရီး နီးသလား

in #myanmar7 years ago

Steemit တွင် ဝင်ရောက်ကာ ရေးသားကြသူများ အနေဖြင့် မည်မျှမျှော်မှန်းထားကြသည်ကို မသိပါ ။ အချို့မှာ SP အတော်များများပိုင်ဆိုင်ထားနိုင်ကြပြီး ကျွန်တော်တို့တွင်တော့ အားရလောက်သော အခြေအနေဟူ၍ မဆိုနိုင်သေးဘူး ထင်ပါတယ် ။ အခြားနိုင်ငံများမှ account များတွင် သိန်းချီသော power များကို တွေ့မြင်နိုင်ပြီး ကျွန်တော်တို့တွင် ကိုဟင်နရီ တစ်ဦးသာ sp အင်အားတောင့်တင်းသော အခြေအနေကို မြင်တွေ့ရပါသည် ။ အချို့သော သူများမှာ Steem များကို မသုံးလိုက်ရမည် စိုးရိမ်၍ လားမသိ MSC မှပင် တဖြည်းဖြည်း ထွက်ခွာသူများများလာပါသည် ။ အခက်အခဲမှာ လူတိုင်းကိုယ်စီရှိတတ်ကြသော်လည်း Steemit တွင် အရင်းများ ထည့်ထားသူ မရှိသလောက် ရှားမည် ထင်ပါသည် ။ ထို့ကြောင့် Steemit အတွက် ကုန်ကျမည်မှာ ဖုန်းဘေဖိုးလောက်သာ ဖြစ်မည်ထင်ပါသည် ။ ထိုဖုန်းဘေ လောက်ကိုဖြင့်လည်း Steem များမှ ရနိုင်လိမ့်မည်ထင်ပါသည် ။

download.11.png

ထို့ပြင် Steemit ဆိုတာကြီး မရှိခင်အချိန်က ထို အခက်ခဲများကို ဘယ်လို ဖြေရှင်းခဲ့ ပါသလဲ ။ Steemit မရှိခဲ့ရင်ရော ထိုတွေ့ကြုံနေရသော အခက်အခဲများ ရှိမလာနိုင်ဘူးလား တွေးမိပါသည် ။ သို့သော် အခြားတစ်ယောက်၏ အခက်အခဲကို ကျွန်တော်တို့ မဝေဖန်လိုပါ ။ ဆင်းရဲသားလေးဖြစ်တဲ့ ကျွန်တော့်မှာတော့ ယခင်က အိပ်မက်များသဖွယ် ဖြစ်သော အရာများအတွက် Seemit သည် လုပ်ဆောင်ပေးနိုင်မည်ဟု ထင်မိပါသည် ။

ထိုအိပ်မက်တွေအတွက် Steemit ဖြင့် ပြုလုပ်မည်ဆိုသော်လည်း ထိုအရာတို့သည် တခဏတွင်း ဖြစ်လာမည့် အရာများတော့ မဟုတ်နိုင်ပါ ။ သရက်ပင် တစ်ပင်စိုက်လျှင်ပင် အသီးစားရဖို့ အသီးရောင်းစားဖို့ လေးငါးနှစ်ခန့် စောင့်ရပါသေးသည် ။ ကြားအချိန်ကာလများတွင် ထိုအပင်လေး အကြောင်းအမျိုးမျိုးကြောင့် မသေသွားဖို့လဲ လိုအပ်ပါသည် ။

moneybags-30556_960_720.png

ယခုချက်ချင်းမရနိုင်သော်လည်း နောင်တစ်ချိန်ဆိုတာကို မျော်မှန်းနေမိပါသည် ။ ကျွန်တော်တို့ရှေ့မှ လုပ်ဆောင်သွားသူများ Steemit တွင် အဘယ်မျှခရီးရောက်နေသည်ကို ထိုသူများ Account ရှာဖွေကြည့်လျှင်သိနိုင်ပါသည် ။ ထို့ကြောင့် Steemit နှင့် နောင်တစ်ချိန်တွင် ဆိုတာ ရည်ရွှယ်မိပါသည် ။ ယခုပင် Steem များဖြင့် အချို့အတော် အဆင်ပြေနေကြပြီ ထင်ပါသည် ။ ခရီး အနီးလေးတော့ မဟုတ်ပါ သို့သော် အဝေးကြီးလဲ မဟုတ်ပါ ။ တစ်ရွှေ့ရွှေ့ သွားရင်းဖြင့် တစ်နေ့နေ့တော့ ထိုခရီး တစ်ခုအား ရောက်လာမည်ပါလိမ့်မည် ။ အားလျှော့ပြီး ရောက်သလောက်နဲ့ မရပ်ကြဘဲ ဆက်လက် ကြိုးစားကြပါဦး ခင်ဗျာ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ဤခရီးနီးသလား ဤခရီးမဝေးတော့ပါ။

အခွင့်အရေးသည် မိမိလက်တွင်သာရှိသည်။ ဆုပ်ကိုင်မည်လား ။ လွှတ်ချမည်လား။

ဆုပ်ကိုင်လျင် အကျိုးကျေးဇူးခံစားရမည်။
လွှတ်ချလျင် ပြန်ကောက်ပီး သူများနည်းတူ ခရီးရောက်ရန် အချိန်ထပ်ယူရမည်။

ဤခရီး နီးနီးလေးပါ။

မှန်ပါတယ် ကွီးရွှေ ။

မှန်ပါတယ် ကွီးရွှေ

Sir, your 📮post is 👍good
Sir, please see my profile
Sir, I am new

Thank you for your support .

ဟုတ်ကဲ့ ကိုဒို ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အစဉ်အမြဲ
ကြိုးစားနေပါတယ် အေ steemit အမြဲအောင်မြင်ရမယ်

steemit ကတော့ သူ့ဖာသူ အောင်မြင်မှာပါ ။ Steemit မှာ မြန်မာတွေ အောင်မြင်ရမည် ။

ကျွန်‌‌တော်‌က‌တော့ စာ‌ရေး ရတာကိုကြိုက်‌တာ။
ဘာပဲေ ပြာ ‌ပြော ဖတ်‌‌ပေးတဲ့သူ ရှိတယ်‌‌လေ။စီးပွားဆန်‌ဆန်‌ လုပ်‌ဖို့ နည်း‌တော့ရှိမယ်‌ထင်‌တယ်‌။

ဟုတ် အားပေးပါတယ်ခဗျာ စီးပွားရေးဆန်ဆန် ဆိုတဲ့နေရာ boost တွေလို vote ရောင်းစားတာတို့ ဘာတို့တော့ နည်းနည်း သတိထား စေချင်ပါတယ်ခင်ဗျာ ။

Keep moving, not too far

ဖြည်းဖြည်းဘဲသွားပါမယ် နောက်တော့ မဆုတ်ဖူး sp တွေ down လိုက်တာဟာ အနောက်ကို ပြန်ဆုတ်လိုက်သလို ခံစားမိတယ် ။

right ko don

sp မြန်၂ထုတ်တော့ ဈေးတက်တဲ့အခါကျရင် ထုတ်တာလေးကို ပြန်နှမျော်ကျမှာပါဘဒို။ ညေးတော့ မထုတ်ဖူး သိမ်းထားတုန်း

ဒါတွေက အရင်ကလည်း ဖြစ်ဖူးပြီးသားပါဗျာ ။ ဟုတယ် တတ်နိုင်သလောက် စုထားပါဗျာ ။

ဟုတ်ကဲ့ဆက်လက်ကြိုးစားပါမယ် ဥပမာပေးထားတာကောင်းတယ်ဗျ

ကျေးဇူးပါဗျာ အောင်မြင်အောင် ကြိုးစားနိုင်ပါစေ

steemit မှာနောင်တချိန်ဆိုသော ရည်မှန်းချက်ကြောင့် ကြိုးစားနေပါတယ်ဗျာ။MSC မှ ညီကိုများကို လည်း မခွက်ခွာစေလိုဘူးဗျာ

ထပ်တူပါဘဲ အကို

ခရီး မဝေးတာမှ .... လပိုင်းလောက်သာလိုတော့တာပါ Domelay ရေ.... သို့သော် လျှောက်လှမ်းရန်တော့ အများကြီးကျန်ပါသေးတယ်။

ဟုတ်ကဲ့ပါအကို ဆက်လျှောက်နေပါတယ်

ကြိုးစားအားထုတ်ခြင်းသည်သာ ကိုယ့်အလုပ်ဖြစ်ပါတယ် တစ်ခါတစ်လေ ခရီးပန်းလို့ လမ်းဘေးဆင်း အပေါ့လေး စွန့်တာလောက်တော့လုပ်ပေးရတာပေါ့လေ ဒါမှလည်းကျန်းမာရေးနဲ့ညီညွတ်ပေမပေါ့လေ ☺☺☺

ဟုတ်ကဲ့ပါအကို အဲ့လိုလဲ လုပ်သင့်ပါသေးတယ် ။