မောင်ပေါနှင့် အိမ်သာ

in #myanmar7 years ago (edited)

ရွှာလေးတစ်ရွှာမှာ မောင်ပေါနဲ့ မောင်ချောဆိုတာ ရှိသတဲ့ ။ သူတို့ဟာ အသိအမြင်တိုးပွားစေရန် အခြားနေရာများသို့ သွားရောက်လည်ပတ်ရန် ကြံစည်ထားပါသတဲ့ ။ ငွေကြေးများစုဆောင်းပြီး အဆင်ပြေတဲ့ တစ်ခါတော့ သူတို့ နှစ်ယောက်ရဲ့ ရည်ရွှယ်ချက်အတိုင်း အခြားမရောက်ဖူးသေးသော နေရာများသို့ သွားရောက် လည်ပတ်ကြပါတယ် ။ သူတို့ရဲ့ ခရီးစဉ်မှာ မန်းတလေး ရွှေမြို့တော်ကြီးဆီသို့ ။

905-How_not_to_go_to_the_toilet.jpg

သူတို့နှစ်ဦးခရီးဆက်ရာ လမ်းခရီးများတွင် အိမ်သာများမှာလည်း အရေးကြီးတဲ့နေရာကနေ ပါဝင်နေတာပေါ့ ။ တစ်နေရာ အရောက် မောင်ပေါမှာ အိမ်သာတက်ချင်လာသဖြင့် ကားခဏနားရာနေရာတွင် အိမ်သာထဲ ၀င်သွားပါတော့တယ် ကိစ္စပြီးစီးသည်အထိ ဘာမှတော့ ပြသနာမဖြစ်သေး ။ ရေဆေးရန် ပိုက်အဖွင့် ရေပိုက်ပြုတ်သွားသည်မှ စပါတော့သည် ။ ရေများပိုက်အတွင်းမှ ဒလဟော ထွက်လာကာ လူများလည်းစို ရွှဲကုန်ပြီ ။ ထိုသို့ဖြင့် စေတနာဖြင့် ပိုက်အားပြန်တပ်ပေးရာတွင် ပိုဆိုးလာသည် ။ အပြင်မှာလဲ စောင့်နေသူတွေရှိလေသည် ။ သူဝင်သွားသော အိမ်သာတွင်းမှလဲ ရေများ အပြင်သို့ အတော်ထွက်နေလေသည် ။ သူလဲပိုက်တပ်ပြီးရော အချိန်လည်းနည်းနည်းကြာနေပြီး တစ်ကိုယ်လုံးလဲ စိုရွှဲနေလေပြီ ။ သူအပြင်ကိုထွက်လာတော့ အပြင်မှသူများကလည်းတအံ့တသြ ကြည့်နေကြလေသည် ။ ထိုသူများကိုကြည့်ကာ သူရှက်ရှက်နှင့် ပြောလိုက်နိုင်သည်က “ ရေချိုးလို့ကို ကောင်းလိုက်တာဗျာ’’တဲ့ ။

IMG_20180205_191608.jpg

ထိုမှတစ်ဆင့် မန်းတလေးသို့ ရောက်ရှိခဲ့ရာ ဘုရားကြီးသို့ ကယ်ရီငှါးပြီး ပို့ခိုင်းသည် ။ ကယ်ရီသမားအား ကျသင့်ငွေ ရှင်းပေးပြီး ပြန်သွားချိန်တွင် သူတို့ဖတ်လိုက်မိသည်မှာ "မဟာမြတ်မုနိ ရုပ်ရှင်တော် "" ။ သူတို့သတိထားမိလိုက်သည်မှာ အနောက်မှ ရုပ်ရှင်တော် " ဟာ ကယ်ရီသမား ငါတို့ကို ရုပ်ရှင်ပို့ပြီး လိမ်စားသွားပြီ " ။ သူတို့နှစ်ယောက် အတော်စိတ်ညစ်သွားသည် ။ ထိုအချိန် ဘယ်ကထွက်လာသော သီချင်းသံမှန်းတော့ မသိ “ မဟာမြတ်မုနိ ရုပ်ရှင်တော်ဖူးမယ် ’’ ဟူသော ပုန်းညက်ဖြူ သီချင်းတစ်ပုဒ် ထွက်လာသည် ။ " ဟာ ဒီ ဟာဘဲဟ" "အေး တော်သေးတာပေါ့ ပုန်းညက်ဖြူကယ်ပေလို့ " ။

images (15).jpeg

ထို့နောက် အပြန်မှာတော့ မောင်ချောအလည့်ပေါ့ သူလဲ အိမ်သာထဲမှာပါဘဲ ။ ထိုအရာသည် အပြင်လောကကြီးသို့ ရောက်ရှိဖို့ တာဆူလာပါက အတော်အနေခက်သည် မဟုတ်ပါလား ။ ထိုကိစ္စအား ရှင်းလင်းပြီးချိန်တွင်မှ ရေမရှိမန်းသိလေသည် ။ ရေဖွင့်သည် မလာ ။ သွားပြီ အောက်သို့ငုံ့ကြည့်မိရာ ထိုအရာများက သူ့အားပြောင်ပြနေသလို ။ အကူအညီ ရလိုရငြား ပဆိုးကလေးကို အနောက်ကမပြီး တံခါးလေး ဖွင့်ကြည့်လိုက်သည် ။ ဟာ တွေ့ပြီ ရေဘူး ရေဘူးမှ နေရာတစ်ကာတွင် တွေ့မြင်နေကျ ရေသန့်ဘူး စစ်စစ် ခွက်ကလေးတောင်တပ်ထားသေးတယ် ။ ဘယ်လိုရည်ရွှယ်ချက်နဲ့ ဒီနားထားထားသည်တော့မသိ ။ သိသည်ကတော့ သူ့အတွက် အဆင်ပြေလေပြီ ။ အိမ်သာမှာ အခန်းသီးသန့်အတွင်းဖြစ်ကာ လူလဲ ရှင်းသဖြင့် ထိုရေသန့်ဘူးဖြင့်ပင် အတော် အဆင်ပြေသွားသည် ။ အဲ့ဒီနေရာက ရေဘူး သောက်တဲ့သူတော့ ရှိလားမသိပါ ။

ဒီလိုနဲ့ ဖြစ်ခဲ့တဲ့ မောင်ပေါနဲ့ မောင်ချောတို့ရဲ့ အမှတ်တရ အချို့ကို ပြောပြလိုက်ပါသည် ။ စိတ်ကူးနဲ့ ကြားဖူးတာလေးတွေပါ တိုက်ဆိုင်မှုများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါနော် ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ကိုယ်တွေ့တွေ ဖြစ်ရမယ် ...
ဟုတ်လား။

ပြောလိုက်မိပါဘူးနော်

ကိုယ်တွေ့ အဖြစ်အပျက်လေး လားသိဘူးနော် မျက်လုံးထဲ မြင်မိတာ @domelay ပဲ အယ်လိုဖြစ်မှ ဆိုတာ သိနေတယ် အိပ်သာထဲက ရေ က ချိုးကောင်းတယ်လား

ဟားဟား ဖြစ်ဖူးချင်လို့လားဟင်

မောင်ဒို မင့်ကိုယ်တွေ့ကို နာမည်ချိန်းရေးတာမို့လား ဟားဟား သိနေတယ်လေ။

ဟာ လုပ်ပြန်ပြီ ကွီးရွှေရယ် ဒါဘဲ မေးနေကြတယ်

ကိုယ်​​ထေ့င်​တယ်​​နော်

ကိုယ်တွေ့လို့ မပြောထားပါဘူး

ရယ်လိုက်ရတာ အူကိုနိပ်နေတာပဲ . . အရေးအသားကောင်းချက်က ကိုယ်တွေ့လားအောက်မေ့ရတယ်

ကျေးဇူးပါ ခင်ညာ

ဟိ

တစ်လုံးထဲလားဟာ

မတိုက်​ဆိုင်​တာ​တော့​သေချာတယ်​။ 😊😊

๏ ๏๏ ๏_๏

အော် ရန်ကုန်နဲ့ကျိုက်ထီးရိုးအတွေ့အကြုံလေးတွေပေါ့

အယ်

ရှာရှာဖွေဖွေအေ

ဟီးဟီး

အဝတ်စားဝတ်ပြီးရေချိုးတာပေါ့နော့်

ဟီး ဟုဟု ဒါပေါ့နော်

thank for sharing. good post.

လူများကိုစိုကုန်တယ်ဆိုတော့ အိမ်သာထဲကိုလူဘယ်နှစ်ယောက်ဝင်တာလဲဗျာ။

😄😄😄 တစ်ယောက်တော့ တစ်ယောက်ထဲ ဆရာ စကားပြောနဲ့ ရောသွားလို့ပါ ။ ဒီဘက် တို့များ ငယ်ငယ်တုန်းက ပြောရင် တစ်ယောက်ထဲ တို့များ ဟိုဘက်အိမ်လည်ဦးမယ် ဆိုလဲ တစ်ယောက်ထဲ မင်းတို့ အဖေများ နေကောင်းရဲ့လား လို့လဲ မေးတတ်တယ် ဆရာ အဲ့တာကြောင့်ပါ ညောင်ဦးဘက်က မနက်ကြီးလိုပါဘဲ ထည့်လိုက်မိတာ ဟီးဟီး