ရေနွှေးတည် နည်း

in #myanmar8 years ago

ကျွှန်တော် ဟင်းချက်နည်းကောင်းကောင်းလေးတွေ တင်ချင်ပါတယ် သို့သော် မမမြန်မာတို့ ကွီးရွှေဘိုတို့လို
ဟင်းချက်ကမကျွှမ်း ဒါပေမဲ့ ကိုယ်ကျွှမ်းကျင်တဲ့ ဟာလေးတစ်ခုတင်ပြပါရစေ ရေနွှေးအိုးတည်နည်းပါ ။
image
ဟုတ်ပါတယ် ရေနွှေးဟာ ငှက်ဖျားပေါများရာဒေသနှင့် သောက်ရေသန့်ရရန် ခက်ခဲသောဒေသများတွင် အလွန်အသုံးဝင်ပါတယ် ။ ကျန်းမာရေးမကောင်းသူများ အနေနဲ့လည်း ထိုရေနွှေးကို ပြန်လည်အအေးခံပြီး ရေကျက်အေးအနေနဲ့ သောက်သုံးကြပါတယ် ။ လက်ဖက်ခြောက်ကလေးများခပ်ပြီး စားစရာတစ်ခုခုနှင့်လည်း တွဲဖက်နိုင်သလို အိမ်သို့ အလည်အပတ် လာရောက်သူများအားလည်း ကောင်းမွန်စွာ ဧည့်ခံနိုင်ပါသေးတယ်ဗျာ ။
image

တစ်ချို့ သောသူများအတွက်တော့ ရေနွှေးအိုးက လွယ်လွယ်ကူကူပင် တည်ကောင်းနိုင်ပေလိမ့်မည် ။ သို့သော် တည်ဖူးတည်စမရှိသူအတွက်ကား ထင်းရှာရန်ပင် အခက်အခဲတစ်ခုပေ ။ ထို့နောက် ထင်းကို မီးတောက်အောင် မီးမွှေးရပါသည် ။ မီးသွေးမီးဖိုဖြင့်လည်း မီးမွှေးနိုင်ပါတယ် ။ ယနေ့ခေတ်တွင်တော့ လျှပ်စစ်မီးဖိုများရှိသည့်အတွက် ခလုတ်တစ်ချက်ဖွင်ယုံဖြင့် မီးမွှေးပြီးသားဖြစ်နိုင်ပါသည် ။ ရေနွှေးအိုးတည်ရန်အတွက် သီးသန့်ထုတ်လုပ်ထားသော လျှပ်စစ်အိုးများပင်ရှိရာ ရေနွှေးအိုးတည်ရန် အလွန်အင်မတန်မှ လွယ်ကူလွန်းနေပါတော့သည် ။
image

ရေနွှေးတည်ရန်အတွက် မြေအိုး ဒန်အိုး စတီးအိုး အစရှိသဖြင့် မိမိနှစ်သက်သည့်အိုးဖြင့်တည်နိုင်ပါသည် ။ ရေနွှေးအိုးဟုဆိုလျှင် ကျွှန်တော်တို့ ရှေးယခင်ကတည်းက အများဆုံး အသုံးပြုခဲ့ကြသော တစ်ဖက်တွင် သို့ မဟုတ် အပေါ်တွင် လက်ကိုင်စရာ နေရာ ကွင်းတစ်ခုပါဝင်ပြီး တစ်ဖက်တွင် ရေနွှေးငှဲ့ ထည့်စရာ နှုတ်သီးတစ်ခုပါရှိတဲ့ ရေနွှေးအိုးအမျိုးအစားအား ကျွှန်တော်ကတော့ မြင်ရောင်မိသည် ။ ထို့နောက်ရေကို ရေနွေးအိုးထဲသို့ ထည့်ကာ မီးဖိုပေါ်တွင် စတင်ကျိုချက်ရပါပါသည် ။ ခဏကြာလျှင် ဘူစီဖောင်းကလေးများတက်လာပြီး အသံများဆူညံစွာပေးလာတတ်ပါသည် ။ ထိုဆူညံသံများပေးပြီးနောက်တွင်တော့ ရေထဲမှ ပလုံစီလေးများများစွာတက်လာပြီး အငွေ့များထောင်းနေအောင်းတက်ထွက်လာပါပြီ ။ ထိုအချန်ရောက်ရင် ရေနွှေးမှာ ဆူပြီဖြစ်ကြောင်းကျွှန်တော်တို့သိရှိနိုင်ပါပြီ ။ ထိုဆူပြီးသော ရေနွှေးပူပူများကို ဓါတ်ဗူးထဲတွင်ထည့်ကာ သိမ်းဆည်းထားနိုင်ပြီး လိုအပ်သလို အသုံးပြုနိုင်ပါသည် ။ ဓါတ်ဗူးက ရေနွှေး၏အပူ တာရှည်ခံရန်အတွက် ထိန်းသိမ်းပေးပါသည် ။
image

ဆွန်တမ် ဟင်းရည် ခေါက်ဆွဲ အစရှိသည့် အလွယ်တကူစားသုံးရန်ပြုလုပ်ထားသည့် အရာများအား ထိုရေနွှေးပူပူဖြင့် ရောစပ် စားသုံးနိုင်ပါသည် ။ ကော်ဖီ လက်ဖက်ရည် စသည်တို့ ဖျော်ရာတွင်လည်း ရေနွှေးဟာအလွန်အသုံးဝင်ပါသည် ။ လက်ဖက်ရည်ဆိုင်များတွင် လက်ဖက်ခြောက်ခတ်ထားသောရေနွှေးအခါးအား အခမဲ့သောက်သုံးနိုင်ပါသေးသည် ။ အလှူ မင်္ဂလာဆောင် ဧည့်ခံပွဲ တို့ တွင်လည်းရေနွှေး အခါးက နေရာယူထားတတ်ပါသည် ။ ရှေးအခါက ရေနွှေးငွေ့ ဖြင့်မောင်းနှင်သော ရထားများ သင်္ဘော များရှိခဲ့ဖူးပါသည် ။ အိမ်တွင်လိုအပ်သော လျှပ်စစ်ကိုလည်း ရေနွှေးငွေ့မှ ထုတ်ယူနိုင်ပါသည် ။ရေနွှေးသည် လူတို့အတွက် အလွန်မှ အကျိုးပြုသောအရာလည်းဖြစ်ပါသည် ။ ဒါကြောင့် အခြားအစားအသောက်များကို ကောင်းမွန်စွာ မချက်တတ်ပေမဲ့ ရေနွှေးကိုတော့ တည်တတ်အောင် ကျွှန်တော်ကြိုးစားသင်ယူထားပါတယ်ခင်ဗျာ ။
image

post အတွက် original ဆိုတော့ ပညာဗဟုသုတ နည်းပါပြီး စာအရေးအသားကျွှမ်းကျင်မှု မရှိတဲ့ကျွှန်တော်တို့ အတွက် ဒီလိုအကြောင်းလေးတွေ ကိုဘဲ မူရင်းအရေးအသားအဖြစ်ရေးသားရပါတယ် ။ post ကို အရှည်ကြီးမှတ်သားဖွယ်ရာများစွာနှင့် တန်ဆာ မဆင်နိုင်သော်လည်း အဆင်ပြေရုံတော့ ရေးရပါတယ် ။ မနက် အိပ်ယာမှ ထလျှင် လူတိုင်း မျင်နှာသစ်ကြပါသည် သို့သော် ထိုမျက်နှာသစ်သည့်အကြောင်းကိုပင် post တစ်ခုဖြစ်စေနိုင်ပါသည် ။ လုပ်ငန်းနယ်ပယ်အသီးသီးတွင်နေထိုင်သော ကျွှန်တော်တို့ အကြောင်းအရာတူသော်လည်း အရေးအသား မတူသင့်ပါ ။ တီကောင် အကြောင်းကို ကျွှန်တော်တို့ ရေးလျှင် ငါးဖမ်းနိုင်သည် ကိုင်လျှင် တုန်ချိတုန်ချိ အသည်းယားဖို့ကောင်းသည် ဒီလိုတွေဖြစ်လာပါမယ် ။ စာရေးဆရာများ blogger များနှင့် တစ်ထပ်ထဲကျအောင်ရေးနိုင်သူများအားလဲ myanmar tag အောက်တွင် တစ်ခါတစ်ရံ အလွန်လေးစားဖွယ်ရာတွေ့ရတတ်ပါသည် ။ copyright မိနေကြသောလူကြီးမင်းများလည်း ကိုယ်ပိုင်ဖြစ်အောင် ရေးသားနိုင်ကြပါစေခင်ဗျာ ။

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

click here!This post received a 2.3% upvote from @randowhale thanks to @domelay! For more information,

ဆရာ ဆရာ ဆိုပြီး လူလယ်ကျခံရတာနာတယ်ကွယ်။ ဒီတစ်ခါတော့ ဆရာလဲခံလိုက်ရပြိဟေ့။

ဟုတ်ပါဝူး ဆရာရယ်

credit photo ဆိုတော့ နင် အိမ် မှ ရေနွေးအိုးမရှိဘူးလားဟ ဓာတ်ပုံရိုက်လိုက်ရင်ရနေတာကို.အရေးအသားကတော့ ကောင်းပါတယ် အိမ်က ရေနွေးအိုးပုံ ကိုရိုက်တင်ရငိ နင်ကို 1sbd လက်ဆောငိပေးမယ်

အယ် ဂယ်ပေးမှာလား ရေနွှေးအိုးပုံ ပြန်ရိုက်ပို့အုံးမှပါ အိမ်က ရေနွှေးအိုးက ရုပ်မလှလို့ ဟ အဲ့ဒါကြောင့် ရုတ်လှတဲ့ ရေနွှေးအိုး ရှာလိုက်တာပါအေ

ရေနွေအိုးပျက်နေလိုတဲ့

ဟုရယ် ပြန်ပြင်ရအုံးမယ်

Bro အေ ကြာင်းအရာလေး ကောင်းတယ် ဗျာ

နိဟာလည်း ဆန်းပြာတာအေ ..ရေနွေးတည်နည်းတဲ့..

a ဟေ ရေးစြာလည်းတွေးမရနေဘူး ဒါပေမင့် ကိုယ်ပိုင်ပါဟာ

Aပါ သိပါတယ်

@domelay got you a $1.63 @minnowbooster upgoat, nice!
@domelay got you a $1.63 @minnowbooster upgoat, nice! (Image: pixabay.com)


Want a boost? Click here to read more!

Rrr kya sa yr kyee 😱😱

ann ဘိုများကျပါလိမ်