လူမိုက်ဆိုသည်မှာ မကောင်းမှုများအား ပြုလုပ်တတ်သူ ထိုမကောင်းမှုများကို ပြုလုပ်ရန်လည်း ရှက်တတ် ကြောင်တတ်သူ မဟုတ်ဟု ထင်ပါသည် ။ ထိုသို့သော လူမိုက်များအား ဘက်ပြိုင်ကာ မတုသင့်ပေ ။ ထိုသူတောင်မှ ပြုလုပ်နေသေးသည်ဘဲဟူ၍ ကိုယ်ပါ မကောင်းမှုများကို မကျူးလွန်သင့်ပါ ။ ထိုလူမိုက်များ မှားနေသည်မှာ ထိုလူမိုက်များ အပြစ်သာလျှင် ဖြစ်ပါသည် ။ ထိုလူမိုက်များမှ မိမိကို မကောင်းတာ တစ်ခုခု ပြုလုပ်သောကြောင့် ကိုယ်ကလည်း ထိုလူမိုက်အပေါ် မကောင်းမှု ကျူးလွန်ပြန်လျှင် ကိုယ်သာ အပြစ်တိုးကာ ပိုဆိုးပါလိမ့်မည် ။
- my image
ရေကန်အတွင်းက ပန်းကလေးကို နမ်းမိသဖြင့် ရနံ့သူခိုးဟု ဆိုသော နတ်သမီး ဇာတ်လမ်းတွင် နတ်သမီး ပြောသော စကားလေးကဲ့သို့ပင် ။ ညစ်ပေနေပြီးသော လက်နှီးကဲ့သို့ ဖြစ်သော ထိုသူတို့တွင် အမဲလေး တစ်စက် ထပ်ပေခြင်းကား များစွာထူးခြားမလာပါ ။ ဖြူစင်သော အဝတ်တွင် စွန်းပေသွားသော အမဲစက်ကလေးမှာ များစွာ ထင်ရှားပါသတဲ့ ။ ဒါကြောင့် မိမိကိုယ်တိုင်လဲ ဖြူစင်အောင် နေထိုင်ကြရန် လိုအပ်သလို ဖြူစင်နေပြီးပါကလည်း နောက်ထပ် မညစ်ပေစေရန် စောင့်ထိန်းသင့်ပါသည် ။
သည်းခံခြင်းသည် မွန်မြတ်သော အရာ တစ်ခုပင် ဖြစ်လေသည် ။ ဘုရားလောင်း မျောက်မင်းဖြစ်စဉ်က သူကိုယ်တိုင် ပင်ပမ်းစွာ ကယ်ခဲ့သူက သူ့အား ပြန်၍ သတ်သည်ကိုပင် ခွင့်လွတ်သည်းခံခဲ့ဖူးသည် ။ တစ်ခါက ညီ အစ်ကို နှစ်ယောက်ရှိပါသတဲ့ အကိုမှာ ခရီးတစ်ခု သွားရန် ရှိသဖြင့် ညီအား အစစအရာရာ သည်းခံဖို့မှာပါတယ် ပထမတစ်ခါ ဟုတ်ကဲ့ ဒုတိယတစ်ခါလည်း ဟုတ်ကဲ့ပေါ့ နောက်သုံးကြိမ်မြောက်ကျ ပြန်အော်ပါတယ် ဘာလို့ထပ်တလဲလဲ ပြောနေတာလဲ ဘာညာပေါ့ ။ အဲ့ဒီမှာ အကိုက ပြန်ပြောတယ် ဒါလေးမှ သည်းမခံနိုင်သေးဘူးလားတဲ့ ။ သည်းခံရတာ တစ်ကယ်တော့ အတော်ခက်ခဲတဲ့ အလုပ်ပါ ။
- credit to gogle image
ကောင်းမှုများလုပ်ဆောင်ရာတွင် အခက်အခဲ များ များစွာ ကြုံတွေ့ရတတ်ပါသည် ။ ခက်ခဲသဖြင့် ထိုကောင်းမှုများကို စွန့်လွတ်လိုက်မည်ဆိုလျှင် ထိုသူမှာ လူမိုက်များပင် ဖြစ်တော့မည် ။ ထို့ကြောင့် ကောင်းမှုများကို ပြုလုပ်ရာတွင် ခက်ခဲတတ်သော်လည်း များစွာပြုလုပ် နိုင်ကြပါစေ ။
MSC . 9
@domelay (အတွေးမျှင်လေးများ)
သည်းခံပါမယ်
ဟုတ် အလွန်ကောင်းပါတယ်ခင်ဗျာ
သည်းခံရတာဒေါသကြီးတဲ့လူအတွက်အင်မတန်ခက်ခဲတဲ့အလုပ်ပါ။
ဟုတ် ခက်ပေမဲ့ ထိမ်းနိုင်အောင်ကြိုးစားရင် ကောင်းပါတယ် ခည ဟိ
ကောင်းမှုနဲ့ မကောင်းမှုကို ခွဲပြနိုင်ရင်ကို လူလိမ္မာဖြစ်နေပြီ
တားတား က အများကြီး လိမာဘူး မမတို့ကို ဆိုးဦးမှာနော် ။
မိဘတွေဆုံးမခဲ့တဲ့စကားလေးတခုက...အဖြူ နဲ့အမဲ၊ရောကာထားသော်၊အဖြူ ကားအမဲစော်နံတတ်၏...တဲ့။အမဲကဖြူ
ဖို့မလွယ်ပေမဲ့..အဖြူ ကမဲလွယ်တယ်ပေါ့ကွယ်။ဒါကြောင့်
လူမိုက်နဲ့မပေါင်းအပ်ဆိုတဲ့..အသေဝနာစဗာလနံဆိုတာ
၃၈ဖြာမင်္ဂလာတရားထဲမှာသတ်မှတ်ထားတာဘဲသားရယ်။
ဟုတ်ကဲ့ပါ ခည
သည်းခံပေးတာကို အခွင့်ရေးယူတက်တဲ့ လူတွေကြာင့်ခက်ပါတယ် အကိုရေ...
အင်း အဲ့တာကြောင့်ဘဲ ဘုရား ပါရမီဖြည့်တော့ အသက်ပေးရတာ အကြိမ်ပေါင်းများစွာ ။ အဲ့လိုလူတွေကတော့ အရင်ကရော ခုရော နောင်ရော ရှိနေမှာပါဘဲလေ ။ ရှိလို့လဲ ထိမ်းရတယ် ထိမ်းရင်းလဲ မထိမ်းနိုင်ဖြစ်လာတယ် ဟီး ။
thank you