ဈေးရောင်း သင်္ချာ

in #myanmar7 years ago

တစ်ခါက ရွှေကူ ဈေးတွင် ဖြစ်သည် ။ ကျွှန်တော် လိမ္မောသီးဝယ်သွားဖို့ အကြံဖြစ်သည်နှင့် ဈေးမေးသည် ။
" အမေကြီး လိမ္မောသီး ဘယ်ဈေးရောင်းလဲခင်ဗျာ " ဆိုတော့
" တစ်လုံးကိုနှစ်ရာ ငါးရာဖိုးကို သုံးလုံး " တဲ့
ဒါနဲ့ ကျွှန်တော်လဲ " တစ်ထောင်ဖိုး ယူမယ်ဆိုပြီး တစ်ထောင်ပေးကာ ခြောက်လုံးကောက်ထည့်တာပေါ့ ။ အဲ့ဒီမှာဘဲ ပျာပျာသလဲ တားဆီးခံလိုက်ရတယ် ။
" တစ်ထောင်ဖိုးကို ငါးလုံးလေ နင့်ဟာ ခြောက်လုံး ဖြစ်နေတယ် " ဟိုက် ဘယ်လိုဖြစ်ပါလိမ့် ။
" ငါးရာဖိုး သုံးလုံး ဆို တစ်ထောင်ဖိုးဆိုတော့ ခြောက်လုံးရမှာပေါ့ " ဆိုတော့
" မရပါဘူး တစ်လုံးနှစ်ရာရောင်းတာ နှစ်ငါးလီ တစ်ဆယ် ငါးလုံးဘဲ " တဲ့ ဂွတော့ကျပြီ ။ သူ့တွက်ပုံကလည်း တစ်မျိုးလေးဆန်းနေသား ။ ဒါနဲ့ ကိုယ်လဲ ဘယ်ရမလဲ
" ဒါဆိုငါးရာဖိုးဘဲ ယူမယ်ဗျာ "
" အေးအေး "
သုံးလုံးရလိုက်တယ် ။ နည်းနည်းဟုတ်လာပြီ ငါးရာလဲ ပြန်အမ်းလာတယ် ဒါနဲ့
" နောက်ထပ် ငါးရာဖိုး တစ်ထုပ် ထပ်ထုပ်ပေးခဲ့ပါ "
အဆင်ပြေတယ်ဗျာ နောက်ထပ် သုံးလုံး ပြန်ထုတ်ပေးခဲ့တယ် ။ ကျွှတ်ကျွှတ်အိပ် တစ်အိပ်တောင် အပို ရခဲ့သေးတယ် ။ လူပါ နည်းနည်း အူကြောင်ကြောင်ဖြစ်သွားတယ် ငါးရာ နှစ်ခါဝယ်မှ ခြောက်လုံး ရသကိုး ။

images (17).jpeg

နောက်တစ်ခုက ထိုတစ်ခုလိုပါဘဲ သင်္ချာပညာရှင်တစ်ယောက် ဈေးဝယ်သတဲ့ ။ သူလာဝယ်တာက နေကြာစေ့ဖြစ်သည် ။ အပေါ်တွင် ဆိုခဲ့သည့်အတိုင်း တစ်ဘူး သုံးရာပေးရသည် ။ သို့သော် နှစ်ဘူးယူသော် ခြောက်မဖြစ် ငါးရာသာဖြစ်သည် ။ သူတော်တော်စဉ်းစားသည် ။ သူသင်ထားသကဲ့သို့ အပေါင်းအနှုတ် အမြောက်အစား ပုံသေနည်းအတိုင်းမဟုတ် ။ သူနှစ်ဘူးကို ငါးရာနှင့် ရလိုက်သည် ။ သို့သော် ထိုနှစ်ဘူးတင် မဟုတ်သေး လက်တစ်ဆုတ်ပါ အပိုရလိုက်သေးသည် ။ ထိုသင်္ချာပညာရှင် ပြောသည်မှာ'' ငါ သင်္ချာကို ပြန်လေ့လာရဦးမှာပါလား '' တဲ့ ။

download (11).jpeg

တစ်ခါတစ်ရန် အပြင်လောက ဆက်ဆံရေးတွင် ပုံသေနည်းများအတိုင်လုပ်နေ၍ မဖြစ်ပေ ။ လက်တွေ့ဆိုသည်မှာလဲ စာတွေ့ထက် ထိရောက်နိုင်စွမ်းရှိသည် ။ အဖန်ဖန် အလီလီ ပြုလုက်ခြင်းဖြင့် ကျွှမ်းကျင်မှုကိုရရှိသည် ။ ကျွှန်တော်တို့ကျောင်းမှာ ဆယ် ဂဏန်းလောက်ကို လက်ချိုးတွက်နေချိန် အပြင်တစ်နေရာတွင် ရွှယ်သူတစ်ယောက်မှာ ဗန်းကလေးဖြင့်ဈေးလည်ရောင်းပြီး ရောင်းရငွေကို အလွတ်တွက်နိုင်နေလေပြီ ။ သို့သော် ဆက်လက်လေ့လာမှုဆိုရာတွင်လည်း ကွာခြားမှုရှိလာသဖြင့် အပြင်တွင်ဈေးရောင်းသူမှာ သူ့ဝမ်းရေး မိသားစုဝင်ငွေရရေးထက် ပိုမလေ့လာဖြစ်ကြသည်ကသာ အလွန်များပါသည် ။

ကိုမိုးဇော်ရဲ့ စာလေးဖတ်ပြီး သူဈေးဆစ်တာနဲ့ ပတ်သက်ပြီး ကျွှန်တော်လဲ ရေးမိရေးရာ ဈေးဆစ်လိုက်ပါတယ် အမှားလေးတွေလဲ ထောက်ပြကြပါဦးဗျာ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ကျွန်​​တော်​ လဲ​နောက်​ဆိုနှစ်​ခါခွဲပြီး​ဈေးဝယ်​ပါ့မယ်​😁

ဟု ဟု

ကျနော်တော့ ဈေးဆစ်ရမှာ ရှက်လို့ ခဏ ခဏ နှပ်ခံရတယ် ။

ကျွှန်တော်လဲ များသောအားဖြင့် မဆစ်ဖြစ်ဖူး ရှက်တော့ ရှက်ဖူးရယ်

ခိခိ ဦးလေးအင်းကိုပါမဲဆွယ်နိုင်တယ်နော် b ပြည့်က

ကိုတွေ့လေးတွေမိုက်တယ်

very ကျေးကျေးပါဗျာ

ငါကတော့ ငါးရာတန်ဆို တစ်ရာလောက်ဖမ်းဆစ် ပစ်လိုက်တာ။

အကိုတို့ဆီမှာသာကို ကျွှန်တော်တို့ဆီ မရဘူး အမြတ်လည်း အရမ်းမတင်ကြပါဘူး မိသားစုစားလောက်ရုံလောက်သာ လုပ်ကြတာပါ ။

ကျွေးပါအုံး

၅၀၀ဖိုး ၂ခါ ခွဲဝယ်ပါ😁😁

ဝယ်တက်တယ်နော်

အဲ့ဒါကြောင်းဈေးသွားရင် အမဲသား၃ထောင်ဖိုးလို့ မဝယ်ဘူး
၁ထောင်ဖိုးသုံးထုပ်ပေးပါလို့ ဝယ်တာ အများကြီးရတယ်

လက်တွေ့သင်္ချာပေါ့ နှစ်ခါဝယ်တော့ ဈေးသည်ရှုံးသပေါ့