သိပ်မကြာခင် အချိန်ခဏက ရွှေကူ အနီးနားမှ ရွှာကလေးများသို့ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း သွားရောက်နိုင်ရန် နိုးဆော် ဖိတ်ကြားရင်း ရောက်ဖြစ်ခဲ့ပါသည် ။ ထိုသင်တန်းမှာ ဗန်းမော်တွင် ပြုလုပ်မည်ဖြစ်ပါသည် ။ ရွှာများသို့ သွားရောက်ရင်း လိုက်ပါမည့် ဆရာ ဆရာမများအားသွားရောက် ဖိတ်ကြားသည်ဆိုသော်လည်း ကျွှန်တော်က ရေပေါ်စီးပါ ။ သွားရင်းနဲ့ကလည်း ဟိုရိုက်ဒီရိုက် ကောင်းကောင်းတောင် မရိုက်ခဲ့ရပါဘူးလေ ။ အနည်းငယ်နားတဲ့အချိန်တော့ ဖုန်းလေးနဲ့ ဟိုရိုက်ဒီရိုက်ပေါ့ ။ ရွှေကူမှ ထိုနေ့က ပန်းတင် မြိုင်သာ ရွှာများမှ တစ်ဆင့် စီသောင်သို့ နောက်ဆုံးရောက်ပါသည် ။ ထိုစီသောင်မှပင် မိမိနေထိုင်ရာနေရာသို့ ပြန်လာခဲ့ကြပါသည် ။
ဒီပုံလေးကတော့ ခေါလဲ ရွှာမှာရိုက်လာတာပါ ။ ရှေ့က သရုပ်ဆောင်က ဖယ်ခိုင်းလိုက်ရင် ရန်လုပ်လုပ်နေလို့ သူ့ပါ ထည့်ထားပေးပါတယ် ။ ယခုဆိုလျှင် ရွှေကူမှ ရွှာကလေးများလဲ လျှပ်စစ်မီးများ ရှိနေလေပြီ ။ ကျေးရွှာများသို့ လျှပ်စစ်မီးရောက်ရှိသည်မှာ နှစ်နှစ်ကျော်ခန့်တော့ရှိလောက်ပြီထင်ပါတယ် ။ တိုင်တွေကတော့ လျှပ်စစ်ထက် အသက်ကြီးမှာပါ ။
ဘုရားစေတီလေးများနှင့် အေးချမ်းဖွယ်ရွှာကလေးများ ဖြစ်ပါသည် ။ အလုပ်များကတော့ သိပ်မအေးလှပါ နေပူပူ လယ်ကွင်းထဲ စပါးခင်း လယ်ကွင်းများ ပဲခင်းများအကြားတွင် မိသားစုအတွက် ကြိုးစားရုန်းကန်ကြရမည်ပင် ။ မည်သို့ပင်ဖြစ်စေ မြို့ကြီးထက် ဆိပ်ငြိမ် သာယာနေသည် ထင်ပါသည် ။ အေးအေးလူလူ အတွေးလေးများဖြင့် စာရေးရလျှင် အလွန်ကောင်မည်ဟူ၍ပင် စဉ်းစားမိလိုက်ပါသေးသည် ။ ငှက်ကလေးများရဲ့ အော်မြည်သံလေးများကိုလည်း ထိုနေရာတို့တွင် ကောင်းစွာ သောတဆင်နိုင်ပါသေးသည် ။
ထို့နောက် တာလီ စင်းဖုတ် အစရှိသော ရွှာများသို့လည်း ရောက်ရှိခဲ့ပါသေးသည် ။ ယခင်ကလည်း ရောက်ခဲ့ဖူးသော နေရာများဖြစ်သည့်တိုင် ယခုအခါမှာတော့ ဆောင်းပါးအတိုလေး လေးတစ်ပုဒ်ဖြစ်အောင် ရေးတင် နိုင်ခဲ့ပါပြီ ။
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)
လူကတော့ အမြဲ အလန်း..😘
နေပူလန်းတာလားဟင်
ဖြစ်နိုင်ပါတယ်...
ပျော်စာကြီး ပေါ့a
ပျော်တယ်လား ဟင်
နာလာလည်ရင်ခေါ်မှာလား ဒိုရေ
လာခဲ့ပါ ခေါ်ပါတယ်လေ
စိတ်ကူးအတွေးကောင်း၏ လာလည်ချင်တယ်ဒိုမီရေ
လာလည်စေချင်သည် မြန်မာပြည်
photo model ရေလည်မိုက်တယ်
ဟာ model ကြိုက်ပြီထင်တယ်
ကျေးလက်ရဲ့သဘာဝအလှတွေဆိုတော့ အလဲ့…
😂😂😂
နေပူထွက်ချင်ထွက် အရိပ်ထဲဝင်ချင်ဝင် တဝက်တပြတ်ကွက်တိကွက်ကျားကြည့်မကောင်းဘူး
ကွက်ကြား စတိုင်
ကျန်သေးလား ရွာတွေ လည်လည်သွားပါအုံး
steem နဲ့ အမတို့ဆီ လာလည်မယ်
ရွာမှ နေရ တာ ခေါင်သာခေါင်တာဟ ပျော်ဖို့တော့ အေးတယ်ဟ အေးချမ်းတယ် ။ ငါတို့ရွာလဲ မီး ဘယ်တော့ ရမလဲ မသိဘူး နင် တို့ မီးတိုင်တွေ ဒီကို ပေးလိုက်။
သွားတောင်းလေဟာ
ရွာလေးကအေးချမ်းမယ့်ပုံပါ၊ ရာသီဥတု ကတော့ပူတယ်နော်။
ရာသီဥတုကတော့ အရမ်းပူပါဘူးဗျာ အသင့်လောက်ပါဘဲ
လန်းတယ်ဟ
မြောက်ပါနဲ့ဆရာရယ်
အားပေးနေပါတယ် bro....con con
ဟူတ်ကဲ့ ကျေးဇူးပါ ။
Model မပါရင်ကြည်ကောင်းမယ်
😁😁😁
Nice village
yes ,thank you .
ပြန်ထွက်လို့ရလား၊ တောလယ်ရင်တော့သားကောင်ရတာပဲ၊ ရွာလယ်ရင်တော့ ရွာသူရမှာပေါ့။
ရခဲ့ရင်လဲ အကောင်းသားပါ ဇာတ်လမ်းလေးတွေတိုးတာပေါ့
very peaceful