ရေချိုးရန်အတွက် ကျွန်တော် မြစ်ကမ်းဘေးးသို့ ထွက်လာခဲ့သည် ။ အိမ်တွင် ချိုး၍ရသော်လည်း ထိုမြစ်ထဲတွင် ချိုးချင်သဖြင့် ထိုသို့ ပြုလုပ်ရခြင်းလည်း ဖြစ်ပါသည် ။ ရေးစရာလဲ တွေးမရနေတုန်းမို့ မြစ်ထဲဆင်းရင်း ထို မြစ်ထဲသို့ သွားရသည့်  ခံစားချက်လေးများကို ဖော်ပြလျှင် အဆင်ပြေမည်ထင်သဖြင့် ရေးလိုက်ပါသည် ။
![riverrr.jpg](https://images.hive.blog/768x0/https://www.nps.gov/bibe/learn/nature/images/RiverView_cballou_1.jpg)
Image source
မြစ်ကမ်းပါးမှ ဆင်းလိုက်သည်နှင့် အေးမြသော မြစ်ရဲ့ အငွေ့အသက်တို့က ဆည်းကြိုနေလေသည် ။ ပူပြင်းလှသော ကုန်းပေါ်မှ နေရာနှင့်မတူသော နေရာလေးပင် ဖြစ်သည် ။ မြစ်ကမ်းသို့ ရောက်သည်နှင့် ပါလာသောဆေးလိပ်လေး တစ်လိပ်အား ထုတ်၍ ဖွာကာ မြစ်တစ်လျှောက် ရှုခင်းတို့အား ငေးမောလိုက်သည် ။ ဖွာစရာ မပါသည့်အခါလည်း ဒီတိုင်းကြည့်ပါတယ် ။ ပြုပြင်ထားသော အလှအပရယ်လို့ တစ်စုံတစ်ရာ မရှိဘဲ တိုးတက်လျှက်ရှိသော မြစ်ရေတို့မှာ အရှိန်အဟုန်ဖြင့် စီးဆင်းနေလေသည် ။ ထိုသို့ ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းဖြစ်ပေါ်နေသော အရာတို့က ပို၍ ဆွဲဆောင်အား ကောင်းနေပါသည် ။ ထို့ကြောင့်ပင် မြစ်အနီးသို့ ရောက်သည်နှင့် ထိုအရာတို့အား ကြည့်ရှုလျှက် ပေါ့ပါးစွာ ထိုင်နေဖြစ်ပါသည် ။
ထိုနေရာသို့ ဖုန်း အစရှိသည်တို့ ယူမသွားဖြစ်ပါ ။ ထိုနေရာလေးသည် ဖုန်းများ လျှပ်စစ်ပစ္စည်းများ လျှပ်စစ်များ ကင်းဝေးရာ နေရာလေးလည်း ဖြစ်ပါသည် ။ တစ်နေကုန် ပင်ပမ်းနေသော မျက်လုံးအား အနားပေးရာ မျက်လုံးအစုံတို့ အနားယူရာ အချိန်လေးလဲ ဖြစ်ပါသည် ။ မြစ်ဆိပ်ဆိုသည့်အတိုင်း အဝတ်လျှော်ဖွတ်သူ ရေချိုးသူများတော့ ရှိနေကြပါသည် ။ ထိုသည်ကလည်း မြစ်၏ အသုံးဝင်မှုကို ဖြည့်စွက်ပေးထားသယောင် ထင်မိပါသည် ။ ရေကစားရင်းချိုးနေကြသော ကလေးများမှာလည်း မိမိအား ငယ်မူငယ်သွေး ကြွစေပါသည် ။
![riverzr.jpg](https://images.hive.blog/768x0/https://cdn.steemitimages.com/DQmT7PszcNA2BHjqPn58YXArCVK8jnrzoovm8RzzXbbdRrz/image.png)
Image source
ထို့နောက်မှာတော့ မြစ်ထဲသို့ အန္တာကိုယ်မှ အပူများနှင့် အညစ်အကြေးများ စွန့်ရန်အတွက် ရေထဲသို့ ဆင်းကူးလိုက်လေတော့သည် ။ ရေစီးနှင့်အတူ မျောပါရင်း အေးမြသော ရေ၏ အရသာကို ကောင်းစွာခံစားရသည် ။ ပျော်ရွှင်စွာ ရေးကူးခတ်နိုင်သည် ။ ထို့ကြောင့် ထိုမြစ်ကမ်းသို့ သွားရောက် ဖြစ်ပါသည် ။ တစ်ခါတစ်ရန် အလွန်ပူပြင်းသော ရာသီဥတုတွင် ရှိနေရသဖြင့် အချိန် အတ်ာကြာကြာ အေးမြသော အရသာအား ခံစားရင်း ရေထဲတွင် စိမ်နေမိသည် ။ ထို့နောက်တွင်တော့ ရေချိုးခြင်း ပြီးဆုံးပြီး လှပအေးမြသော မြစ်ရေတို့အား စွန့်ခွာကာ တစ်ဖန် ကုန်းမြေပေါ်သို့ ပြန်လည် ရောက်ရှိလာပါတော့သည် ။
မြစ်ထဲသွားရောက်ရာတွင် ဖုန်းလဲ ယူမသွားပါသဖြင့် ပုံလဲ မရိုက်လာပါဘူး ။ ဒါကြောင့် ပုံကတော့ သင့်တော်ရာ ရှာပြီး ထည့်လိုက်ပါတယ်နော် ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
နွေရာသီမှာ မြစ်ထဲရေဆင်းချိုရင် အပူရှပ်တတ်သည်။
ဖလားနဲ့ချိုးလဲ ရှပ်တတ်ပါသည် ။ 😁😁😁
မြစ်ရေထဲမှာ စိမ်ဖူးတယ် သားရေ
အတော် အေးမြ လန်းဆန်းတယ်
ဟုတ်တယ် အန်တီ
သဘာဝနေရာမှလေသန်များရှူသင့်ပါသည်
ဟုတ် ရှူပါတယ်ခင်ဗျ