Home Stay (Chapter 40)

in #myanmar5 years ago

85ptci.jpg

Mi phone အသုံးပြုသူများအတွက် miui 12 တောင် ချပေးနေပြီ ဖြစ်၏။ stable တော့ မဟုတ်သေးပေ။ beta အဆင့်သာ ရှိသေး၏။ ထို့ပြင် global rom သမားတွေတော့ မရသေးပေ။ china rom သမားတွေ အရင် ရကြခြင်း ဖြစ်၏။ update ကို လူူအများစုကတော့ သဘောကျကြ၏။ အချို့ကတော့ မကြိုက်ကြပေ။ IOS ပုံစံနှင့် ဆင်တူနေသဖြင့် ဆိုသည့် အကြောင်းပြချက်နှင့် ဖြစ်၏။ feature အကုန်လုံး မဟုတ်ပေမယ့်၊ အချို့ feature တွေကတော့ IOS ပုံစံနှင့် ဆင်တူနေ၏။ အချို့က ထိုပုံစံကြောင့်ပင် miui 12 ကို နှစ်သက် သဘောကျနေကြခြင်း ဖြစ်၏။ သူ့အကြိုက်နှင့် သူပေါ့။

Beta အဆင့်ပဲ ဖြစ်နေသေးသဖြင့် bug တွေ error တွေတော့ ရှိနေသေးသည် ဆို၏။ ကျနော်လည်း Mi phone ပဲ သုံးခြင်း ဖြစ်၏။ သို့ပေမယ့် miui တော့ မဟုတ်ပေ။ (ထိုအကြောင်းကို ပိုစ့် ရေးခဲ့ဖူူး၏) crdroid ဆိုသည့် custom rom အမျိုးအစားကို သုံး၏။ တရုတ်စာ၊ တရုတ် app အများစု ပါဝင်နေသည့် miui ကို သိပ်မနှစ်သက်ပေ။ china rom မဟုတ်ဘဲ global rom ကို ပြောင်းသုံးလို့ ရပေမယ့် custom rom ကိုသာ ကျနော် ရွေးချယ် ဖြစ်လိုက်၏။ custom rom တွေက official တွေထက် အားသာချက်လည်း ရှိသလို၊ အားနည်းချက်လည်း ရှိ၏။

cn5o7y.jpg

အားသာချက်ကတော့ ပိုသွက်၏။ အခြား မိမိ လုပ်ချင်သည့် အရာများကို စိတ်ကြိုက်လုပ်ခွင့် ရ၏။ custom rom တင်ဖို့ BLU တို့ recovery တို့ သွင်းရသဖြင့် ထိုအဆင့်များကို လုပ်ဆောင်ပြီးပါက phone တလုံးသည် မိမိခြေ မိမိလက် ဖြစ်သွားခဲ့ပြီ ဖြစ်၏။ အားနည်းချက် အနေနှင့် bug တွေ error တွေတော့ ရှိနိုင်၏။ အထူးသဖြင့် phone ၏ security ပိုင်း ဖြစ်၏။ security ပိုင်း အနေနှင့် အားနည်းချက်များ ရှိလာနိုင်၏။ လောလောဆယ် ကျနော် သုံးနေသည့် crdroid မှာတော့ ဖော်ပြပါ အားနည်းချက်များ မရှိသလောက်ကို နည်းလှ၏။

သူက လုံးဝကို pure android base rom ဖြစ်၏။ google ထုတ် pixel phone တွေ၏ rom နှင့် ဆင်တူ၏။ ကျနော့် phone ကို ဝယ်ပြီး (၂) လလောက်မှာပင် အဆိုပါ crdroid rom ပြောင်းပြီး သုံးခဲ့ခြင်း ဖြစ်၏။ ထို rom ကို စသွင်းစတုန်းက အတော်လေး အဆင်မပြေ ဖြစ်ခဲ့ရ၏။ တင်လိုက်၊ ကျလိုက်နှင့် တော်တော်လေး လုပ်ယူလိုက်ရ၏။ rom တင်လို့ ရသွားပြန်တော့လည်း သုံးရတာ အဆင်မပြေသေးပေ။ လေးလိုက်၊ ထစ်လိုက်နှင့် တချက်တချက်က ဟန်းချင်နေသေး၏။

ဆက်ရန်

Don Jaun

Sort:  

Miss you brother

Miss u too Sis.
Everything Okay?

OK but not OK 😂