မနေတတ်ရင် အဆဲခံရမယ်

in #myanmar7 years ago

image

မနေတတ်ရင် အဆဲခံရမယ်

........... ........... ........... ........... ...........

သေရေးထက်
နေရေး ခက်တယ်

နွံထဲက ကြာက လှတယ်
သူ့ဘေးမှာ ရွှံ့နွံတွေ ဝိုင်းလို့
ထင်းထင်းကြီးပေါ့

နားလည်မှု ဆိုတာဟာ
နွံထဲက ကြာပဲ

စေတနာတွေ ဗရပွက
တခါတလေ
ဝေဒနာတွေကို
ဖြစ်စေတယ် တိုးစေတယ်

တကယ်ပါ
ထိုင်နေတာပဲ ကောင်းတယ်
တမင် မဟုတ်ပဲ
ယောင်လို့တောင် မထသင့်ဘူး
သူ့သူ ကျိုးမှာ မဟုတ်ဘူး
ရိုက်ချိုးခံရမှာ

ဒီလိုတွေကြောင့်ပဲ
ယုံကြည်ချက်ဆိုတဲ့ ငနဲ
ခဏခဏ နဲ့ မကြာမကြာ
သေဆုံးခဲ့ရပေါ့

တကယ် ...

အားနေရင်
အသေသတ်ဖို့ ဖြစ်ဖြစ်
အသေတတ်ဖို့ ဖြစ်ဖြစ်
လေ့ကျင့်နေတာပဲ ကောင်းတယ်
ဘာလို့ဆို
နေတတ်အောင် နေဖို့က သိပ်ခက်တယ်

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

image
photo from ZEDGE

Don Jaun

MSC 31

Sort:  

ယုံကြည်မှုဆိုတဲ့အရာက ခေါင်းတောင်မဖော်နိုင်တော့ဘူး အစ်ကိုရယ်

နေတတ်အောင်နေရတာ ခက်လာရင် ဒို့များတော့ နေတတ်သလိုသာ နေပလိုက်တာပဲ ။

အဲ့တာနဲ့ လင်းလင်း ဖြစ်သွားရော

အာ့နဲ့ ထိုသကောင့်သားမှ တက်တူးတွေကို ထုတ်ကြွားပါလေရော

ကဗျာကောင်းတယ်

ကျေးဇူးဗျ

အင်းမနေတတ်ရင် ခလုတ်လဲ အတိုက်ခံရသေးဗျာ့။

ဖိုးတုတ်ကပါ ရိုက်မှာ
😁

မနေတတ်တော့ အခက်တွေ့နေတာ အမှန်ဘဲဗျာ

ဟုတ်ပါ့..မှန်ပါ့။