ဘယ်သူလည်းဆို မသိဘူးလို့ပဲ ဖြေခွင့် ပြုပါ။ ကျနော့် ခေါင်းထဲ ရင်ထဲမှာ တယောက်မက ရှိနေလို့ပါ။
ကိုစိုးလိုပဲ ကျနော်လည်း နှမြောမိပါတယ်။ ခက်တာက လူတွေကို ပြောင်းလဲသွားစေတာ လူတွေပါပဲဗျာ။
တနေ့က လမ်းသွားရင်း ကားနောက်ဆုတ်ရင် မလွတ်မှာစိုးလို့ ရပ်ထားတဲ့ ဆိုင်ကယ်ကို ရွေ့ပေးမှာ အဲ့ဆိုင်ကယ် ပိုင်ရှင်ရဲ့ မချေမငံ ပြောခံခဲ့ရတယ်။ ဘဝမှာ ဘယ်သူ့ကိုမှ ကျနော် အဲ့လို မပြောခဲ့ဖူးဘူး။ အမှန်အတိုင်း ပြောရရင် တအား စိတ်ဆိုးတယ်။ တဒင်္ဂပေါ့။ ဒါဖြင့် နောက်မကူညီတော့ဘူးလား ဆိုရင်ကြုံရင် ကူညီဦးမှာပဲ။ ကင်းမြင်းကောက် ပုံပြင်လိုပေါ့။ ထိုးတာ သူ့အလုပ်၊ ကယ်ရမှာ ကူရမှာ ကိုယ့်အလုပ်။
ကယ် ထိုး ကယ်ထိုး ထိုးချင်ထိုး မထိုးချင်နေ ကိုယ့်အလုပ်ကိုယ်လုပ် မသိဘူးဆိုတော့ မသိဘူးပေါ့ ☺ဒွတ်ခဆိုတာ ကိုယ်က ဖြစ်တာ ဒွတ်ခကို ရင်မှမပိုက်နဲ့ လက်လည်းမခံနဲ့ ဖျာခင်းမပေးနဲ့ မောင်းသာထုတ် ဒါဆိုရင် အေးချမ်းပါလိမ့်မယ် ဆာဒွန်ရယ်(ကင်းမြီးကောက်ပဲ ကြားဖူးပါတယ် ဘယ့်နှာ ကင်းမြင်းကောက် ပုံပြင်ဖြစ်သွားရလေသလဲဆာဒွန်ရယ်)
ဘာဒုက္ခမှ မရှိဘူးရယ်