နံနက်ခင်းသည် တဆိတ်ငြိမ်သက်လွန်းနေ၏။ နှင်းမြူများ မကွဲသေးသည်ကို ကြည့်ခြင်းအားဖြင့် နေမင်းကြီး အိပ်ယာထ နောက်ကျနေသည်ကို သိနိုင်၏။ တောင်ပေါ်ဆောင်း မဟုတ်လား။ တောင်ပေါ်သားတွေ အအိပ်မက် သလို၊ လင်းရောင်ခြည်လေးတွေကလည်း အပျင်းထူနေသည်ထင်။ ကိုယ်လက် လေ့ကျင့်ခန်း မလုပ်လိုသူတွေ အဖို့ အလွန်မှပင် အိပ်လို့ကောင်းမည့် နံနက်ခင်း တခုပင် ဖြစ်သည်။ နှင်း မကွဲသေးပေမယ့် အချိန်အားဖြင့် နံနက် (၇) နာရီ (၄၅) မိနစ် ရှိနေပြီဖြစ်သည်။ ငြိမ်သက်နေသော နံနက်ခင်းထဲ လျှင်မြန်စွာ စီးမျောလာသူ တယောက်တော့ ရှိနေ၏။ ရှုလော့ … ကျတော်တို့၏ ဇာတ်လိုက်ကျော်ကြီး နေခ မဟုတ်လော။
ကျောင်းနောက်ကျနေပြီ ဖြစ်၍ နေခတယောက် ကျောင်းလမ်းမကြီးအတိုင်း ခပ်သွက်သွက်လျှောက်လာနေ၏။ လျှောက်လာနေရင်း ကျောင်းပလပ်ဖောင်း၌ လူတယောက် စိတ်ပျက် လက်ပျက်နှင့် ထိုင်နေ၏။ နေခလည်း သူ့အကျင့်၊ သူ့ဝသီအတိုင်း
“ ဟေ့လူ … ဘာဖြစ်လို့လဲ .. ဗျ ”
ထိုပုဂ္ဂိုလ်က ဦးခေါင်းအား လေးပင်စွာ မော့၍
“ အချိန်လေး နည်းနည်းနောက်ကျသွားလို့ ကျုပ် ၀ါတာလူး စစ်ပွဲမှာ ရှုံးခဲ့ရပြီ။ ဒါဟာ ကျုပ်ရဲ့ ကျဆုံးခန်း အစလို့ လူတွေက ပြောနေကြပြီ။ ခင်ဗျားကော … ဘယ်လိုထင်လဲ ”
ညည်းညူစွာပြောဆိုလိုက်သူ အနှီပုဂ္ဂိုလ်ကို ကြည့်၍ နပိုလီယံမှန်း နေခ သိလိုက်၏။
“ အေးဗျာ .. ကိုယ်ချင်းစာပါတယ်။ ကျုပ်လည်း အချိန်နည်းနည်း (၅) မိနစ်လောက် နောက်ကျတာနဲ့ ကျောင်းသားကဒ် အသိမ်းခံလိုက်ရတယ်လေ။ သိပ်လည်း ၀မ်းနည်းမနေပါနဲ့ဗျာ။ တခါတလေကျ ကိစ္စတိုင်းဟာ ကိုယ် တွေးပူသလောက်ကြီး ဖြစ်လာတာမျိုးက ရှားပါတယ်။ သူများ အပြောနဲ့ တကယ်ထင်ပြီး ၀မ်းနည်း မနေပါနဲ့။ လူပြောသူပြောကို တကယ်ထင် ယုံမှတ်လိုက်ပြီ ဆိုရင်တော့ ခင်ဗျား ကျဆုံးပြီပဲ ”
နေခလည်း ထိုမျှသာ ပြောနိုင်ပြီး၊ ခက်သွက်သွက် ဆက်လျှောက်လာလိုက်၏။ စကားစဖြတ်ပြီး မြန်မြန် မလျှောက်၍ မဖြစ် (၈)နာရီက ထိုးနေပြီ။ နေခရှေ့မှာ ဖြည်းဖြည်းမှန်မှန်နဲ့ လမ်းလျှောက်နေသူ တယောက်။ ထိုသူကို ဘေးချင်းယှဉ်ပြီး နေခ ကျော်တက်လိုက်၏။ ထိုခဏ အနှီပုဂ္ဂိုလ်က ရုတ်တရက် နေခ၏ လက်ကို ဆွဲ၍
“ ဟေ့လူ .. ဒီမှာ ဂျူး (ဂျူးလူမျိုး) တွေ ရှိလား ”
ဒီပုဂ္ဂိုလ် မြင်ဖူးသလို ရှိပါတယ်ဟု နေခ တွေးမိ၏။ နှုတ်ခမ်းမွှေး မြင်မှ၊ ဟာ ... သိပြီ။
“ ဟစ်တလာ ... ! ခင်ဗျား ဘာလုပ်မလို့လဲ။ ဒီမှာ ဂျူးတွေတော့ မရှိဘူး။ ဟင် .. ခင်ဗျား ကျောင်းယူနီဖောင်းနဲ့မှ မဟုတ်ပဲ။ ဒီပုံနဲ့ ခင်ဗျား ကျောင်းထဲ ၀င်လို့၊ ၀င်ခွင့်ရမှာ မဟုတ်ဘူး။ ဟာ … အဆိုးဆုံးက နှုတ်ခမ်းမွှေး၊ အဲ့ .. နှုတ်ခမ်းမွှေးတွေ ခင်ဗျား အညှပ်ခံရလိမ့်မယ်။ ”
နေခ စကားဆုံးသည်နှင့် ဟစ်တလာ တယောက် တခါတည်း တပ်ခေါက်ပြန်သွား၏။ သူ့ icon ဖြစ်သည့် နှုတ်ခမ်းမွှေး အညှပ် ခံရမည်ကို ကြောက်သည်ထင်၏၊ ဂျူးတွေ အကြောင်းတောင် ထပ်မေး မသွားတော့ပေ။
နေခလည်း လျှောက်ရင်း လှမ်းရင်း ကျောင်းအဆောင်အဦး အောက်ထပ် ( မြေညီထပ်) သို့ ရောက်လာပြီဖြစ်၏။ ထို့နောက် မိမိအတန်းရှိရာ ဒုတိယအထပ်သို့ သွားရန် လှေကားမှ ခပ်မှန်မှန်နှင့် မြန်မြန်လေး တက်လိုက်၏။ လှေကားထိပ်အကွေ့၌ လူတယောက် ထိုင်နေ၏။ ထိုသူသည် ကော်ရစ်တာထောင့်တွင် မှီ၍ ထိုင်နေပြီး ကြမ်းပြင်ပေါ်မှ ပန်းသီးကို ကြည့်ကာ တခုခုအား တွေးတောနေပုံရ၏။
“ ဟာ … ကိုနယူတန် လုပ်မနေနဲ့။ ကမ္ဘာ့ဆွဲအား ( idea, think, thought) တွေက အရေးမကြီးဘူး။ အတန်း သွားတက်ဦး Roll Call မပြည့်ပဲ ဖြစ်နေဦးမယ်။ ”
ထိုမျှသာ ပြောနိုင်ပြီး နေခ တယောက် သူ့အတန်းသို့ ၀င်ကာ စာသင်နေလိုက်၏။ တော်သေး၏ နေခ အတန်းထဲ ရောက်ပြီး မကြာမီပင် အတန်းစစ် လာ၏။ ကျောင်းသားများ အတန်းချိန်၌ စာသင်ခန်းအတွင်း ရှိမရှိကို လိုက်လံ စစ်ဆေးခြင်းဖြစ်၏။ အလို … ဒိုင်အောဂျီးနီးဇ် ပါလား …။ ဘယ်ဘက်လက်မှာ စာရွက်လေးကိုင်လို့ ညာလက်မှာက မီးအိမ်လေးနှင့်။ နေခလည်း မနေနိုင် သဖြင့်
“ ဆရာ ဂျီးနီးဇ်၊ ခုထိ ရိုးသားတဲ့သူ မတွေ့သေးဘူးလား … ”
ဒိုင်အောဂျီးနီးဇ်က ခွက်ခွက်လန်အောင် ရယ်၍
“ ကောင်လေး … ခု ငါက လူရိုးသား မရှာတော့ဘူး။ အတန်းလစ်တဲ့ကောင်တွေကို ရှာနေတာ ဟေ့ ”
အလို ဘယ်လိုတွေပါလိမ့်။ နေခ မစဉ်းစားတတ်တော့ပေ။ ဒီကြားထဲ ဗိုက်ကလည်း ဆာလာပြန်၏။ ဟုတ်ပ … အတန်းချိန် မှီအောင် မနည်း ကြိုးစားလာခဲ့ရ၍ မနက်စာတောင် မစားလာ လိုက်ရပေ။ အတန်းထဲမှ အသာလေး လစ်ထွက်ပြီး canteen ၌ တခုခု သွားစားရန် နေခ စိတ်ကူးလိုက်၏။ နေခ စွန့်စားရ ပေတော့မယ်။ အထပ်တိုင်းမှာ စောင့်နေသည့် ဆရာ၊ ဆရာမတွေ မသိအောင် နေခ တယောက် တိတ်တဆိတ် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၏။ ရှောင်ကွင်းလှည့်ပတ်ရင်း မြေညီထပ်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ canteen (ပန်းတိုင်) သို့ ရောက်ရန် သိပ်မလိုတော့ပေ။ မြေညီထပ်မှ တိုင်လုံးကြီးများကို အကာအကွယ်ယူကာ ပထမလှေကားထစ်အား စ၍ ဆင်း(နင်း) မည် ပြုစဉ်မှာပင်။
“ ကျောင်းသား … ဒါက ဘယ်သွားမလို့လဲ …၊ စာမသင်ဘူးလား ”
Author : : Don Jaun
စာကြွင်း ။ ။ ကျတော်တို့ 4 th year အရောက်မှာ ကျောင်းတက်ချိန် နောက်ကျခွင့်မရှိပေ။ နံနက် (၈) နာရီ ကျောင်းတက်၏။ (၈) နာရီ (၁၅) မိနစ်ကျော်လျင် ၀င်ခွင့်မရပေ။ (၁၅) မိနစ်အတွင်းသူများမှာလည်း ကျောင်းအတွင်း ၀င်ခွင့်ရရန် ကျောင်းသားကဒ် ပေးခဲ့ရ၏။ ဖြူနှင့် နက်ပြာ uniform ကို မလွဲအောင် ၀တ်ရသည်။ မ၀တ်ထားလျှင် ကျောင်းသားကဒ် သိမ်းသည်။ နောက် ဆံပင်ရှည်ထားခွင့်မပေးပေ။ တော်ရုံဆိုမပြောပေ။ ခုဟာက လက်ညှိုးတချောင်းစာ အရှည်ကိုပင် ခွင့်မပြုပေ။ နောက် အထပ်တိုင်းတွင် ဆရာ၊ ဆရာမ အစောင့်တွေနှင့် ကျောင်းသား၊ ကျောင်းသူတွေကို ကောင်းကောင်း စောင့်ကြည့်တော့သည်။ ထိုအခြေအနေတို့ကိုကြောင့် ကျောင်းမသွားပြန်လျင်လည်း Roll Call မရ ဖြစ်ဦးမည်။ Roll Call 75% မပြည့်က စာမေးပွဲ ဖြေခွင့်ရမည် မဟုတ်ပေ။
ကိုနယူတန်က နည်းပညာတက္ကသိုလ်(တောင်ကြီး)က ကျောင်းပြီးတာ အခုမှသိတယ်။
Yeah, We are same birth
နေခတစ်ယောက်အကြားအမြင်တွေ ရနေသည် ပန်းသီးကို ကြည့်ခြင်းဖြင့် နယူတန်ဟုတန်းသိခြင်းကြောင့် ပန်းသီးနှင့်နယူတန်သည်တွဲနေပါသည်။ ထိုအရာကြောင့် ပန်းသီးကိုင်မိလျှင် နယူတန်ဟု အထင်ခံရနိုင်သောကြောင့် ဒူးရင်းသီးသာ စားတော့မည်ဖြစ်ပါသည်။ အကြားအမြင်ရကြောင်းကို တစွန်းတစသာပြသွားခြင်းဖြစ်ပါသည်။ အချစ်ရေး အိမ်ထောင်ရေး ဘာရေး ညာရေး သိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ မသိသူကျော်သွား သိသူဖော်စား
ပန်းသီးမြင်ရင် နယူတန် အပြင် ဆရာဦးဘုန်း ရှိသေးသည်။
😜😜😜
အကြားအမြင်ကတော့ လာထားပဲ
😁
ဆရာ ရဲ့ ထွက်ရှိပြီးသော စာအုပ်များကို အားပေးနေပါတယ်..😊
Thank you, bro
အင်းကျောင်းနောက်ကျတာ့ အခုချိန်ထိ သေတာတောင်ထခေါ်နေရတွေကို ကိုနေခ ဆက်ဒုက္ခပေးသည်။ သူတို့သည် ဘုမသိဘမသိ စာရေးဆရာများလက်ချက်ဖြင့် အခုထိ အငြိမ်မနေရသူများဖြစ်သည်။ ဟစ်တလာဆို တောင်းပန်ပါတယ်ပြော မပြီးတော့ဘူးဘားကွာ ကြာပြီဟု ခဏခဏ လာပြောနေသည်
နေခ သူငယ်ချင်းဖြစ်သော ကျနော်သည်
ဟေ့ကောင် ဒါသမိုင်းကွ သမိုင်းဟု ကျော်ဟိန်းလေသံဖြင့်ပြောလိုက်ပေသည်။
ကိုကျော်က အဲ့တာတွေကြိုက်တာ ...
( ကျော်ဟိန်း လေသံဖြင့်)
😜😜
နယူတန် သေဆုံးသွားသည်ကို ကျွှန်တော် အရန်းနှမျောတယ် သူက ကမ္ဘာ ကြီးရဲ့ ဆွဲအားကိုဖော်ထုတ်ပေးသွားတယ် ။ ကျွှန်တော်ကောင်မလေးတွေအပေါ်ဆွဲအားမရှိတာ သူသာရှိရင် ဖြေရှင်းပေးနိုင်ကောင်းရဲ့ ။ ဒိုင်သြဂျစ်နစ်ကိုလည်း အရန်းသနားတယ် ။ မီးအိမ်ကြီးကိုင်ပြီး ရိုးသားတဲ့သူကို လိုက်ရှာနေတယ် ဒါပေမဲ့ သူသနားစရာကောင်းတာက ကျွှန်တော့်ကို မမြင်ဘူးသွားရှာဘူး
ဟစ်တလာ ဂျူးတွေ လာရှာတုန်းက ညီ့ကို တွေ့ သွားရမှာ နော့်
😜😜😜
Congratulations @donjaun! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ကျောင်းတုန်းက အကြောင်းလေးတေတောင် ပြန်လွမ်းလာပြီ........
ဟုတ်ပ
ကောင်းပါတယ်ဗျာ ခုမှဘဲသိခွင်ရလို့
Thank bro
uni တက်ခဲ့ တဲ့ အချန်တွေ ကိုသတိရ ဒယ်
Yeah, me too