ဖျက်ဆီကြသူများ

in #myanmar7 years ago

FB_IMG_1527335451652.jpg

ဖျက်ဆီးကြသူများ

..... ..... ..... ..... .....

သဘာဝဘေးဆိုတာ
တားဆီး မရဘူး
အထိမနာအောင် လုပ်လို့ပဲရတယ်
နာဂစ်မှာ
ငါတို့ သင်ခန်းစာ အကြီးကြီးရထားပြီးသားပါ

ငါတို့
ကြိုတင်ပြင်ဆင်မှု
ကြိုတင်လေ့ကျင်မှု
ကြိုတင်သတိပေးမှု ရှိခဲ့ရဲ့လား

သဘာဝပတ်ဝန်းကျင်ကို
ကိုယ်ထိလက်ရောက် မဟုတ်ဘဲ
ပါးစပ်နဲ့ စောင့်ရှောက်တာတော့
လူတိုင်းလုပ်တတ်တယ်

ငါတို့တွေ
သယံဇာတ ကျိန်စာ သင့်ပြီ
ဘယ်သူ့ အပြစ်လဲ
ဘယ်သူ့မှာ တာဝန်ရှိလဲ

ဘာတဲ့
ကုသခြင်းထက် ကောင်းတာ
ကာကွယ်မှု
ဟုတ်လား ...

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

Winter_Trees-05078b2c-46d7-3d42-a466-88862c460af8.jpg
photo from ZEDGE

Don Jaun

MSC 31

Sort:  

သဘာဝကိုဖျက်ဆီးပစ်သောရန်သူများက..လောဘရယ်..
လောဘကိုအကြောင်းပြုပီး..ထပ်ကာပေါက်ဖွားတဲ့ဒေါသရယ်..အကြီးမားဆုံးနဲ့ကြောက်စရာအကောင်းဆုံးရန်သူက
အမှားအမှန်ကိုမသိတဲ့..မောဟတရားကြီးပါဘဲ။