သုံးမလား (or) မသုံးဘူးလား

in #myanmar7 years ago

image
ကျွန်တော်တို့သုံးနေသည့် Exchange Site ( Exmo, Yobit, Livecoin) မှ Invest site တွေအထိ 2- step ပါ ကြပါတယ်။

2FA (or) 2-step ဘာကြောင့်ခံထားကြတာလဲဆိုတော့ မတော်တဆ တစ်ခြားတစ်ယောက်ယောက်(Hacker)က မိမိအကောင့်(မိမိအသုံးပြုသော site) ရဲ့ Mail/Password သိခဲ့ရင်တော့ အလွယ်တကူဝင်လို့ မရအောင်လို့ပါ။ #dpakyaw

ဒီနေရာမှာ တစ်ချို့ Site တွေကတော့ IP Change တိုင်း မိမိ Mail သို့ OTP ပို့ပေးတက်ပါတယ်။

ဒီနေရာမှာ 2FA သုံးမလား မသုံးဘူးလားဆိုတာပါဘဲ။ ကျွန်တော် အနေနဲ့က 2FA အသုံးပြုဖို့တိုက်တွန်းပါတယ်။ ဒါမှ မိမိအကောင့်ကို တစ်ခြားသူတစ်ယောက် အလွယ်တကူး မခိုးနိုင်မှာပါ။ #dpakyaw

2 FA ကလည်း ကောင်းကျိုး/ ဆိုးကျိုးတွေရှိနေပါတယ်။ 2FA သုံးမယ်ဆိုရင် အောက်ပါ အကြုံပြုချက်လေးတွေ သိထားသင့်ပါတယ်

  • 2FA စ မဖွင့်မှီ QR Code ကို Screen Shoot ထားပါ

  • Manually Secret Key ကို Copy ယူပြီး Note ထဲမှာထားပါ

  • တစ်ပြိုင်တည်း QR ကို ၂ခါ Scan လုပ်ပါ ( ဖုန်း ၂လုံးကိုင်သူတွေအတွက်)

  • Screen Shoot များ/ Manually Secret Key များကို မိမိစိတ်ချရမည့်နေရာတွင်သိမ်းပါ ( စတစ်ကလေးထဲထည့်ထားရင်ပိုအဆင်ပြေပါတယ်)

  • မိမိအတွက် အရေးကြီးသည့် ဒီလို QR/ Manually Secret Key တွေကို Social/ Cloud တွေမှာ မသိမ်းမိပါစေနဲ့

ဒီလောက်ဆို 2FA သုံးချင်သူတွေအတွက် အဆင်ပြေလောက်ပြီ ထင်ပါတယ်။ New User တွေအတွက် အကြံပေးချင်းဖြစ်လို့ အမှားပါရင် နားလည်ပေးစေချင်ပါတယ်။

အားလုံးမိမိ On ထားတဲ့ 2FA မှာ Error တက်ခြင်းမှ ကင်းဝေးကြပါစေ

Help line- 09451104040, 09795292441, +14092927447

Viber - 09451104040

#dpakyaw , #2fa , #2FA

D Pa Kyaw
Crypto Exchange Service

Sort:  

လေးလကျော်ကြာခဲ့ပီ ဒါ ပထမဆုံး ပြန်မြင်ရတဲ့ပိုစ်ပါပဲ ကိုဒီပကျော်။

ဟုတ်ပါတယ် ၄လလောက်နားဖြစ်ပါတယ်

ပေါ်တော်မူ ကြီး ပါလား

ဟုတ်ပါတယ် ၄လလောက်နားဖြစ်ပါတယ်

vote တော့ နောက်မှပေးတော့မယ် power ကျနေလို့ good luck

ရပါတယ် bro