ဝါရှင်တန် အစွန်အဖျားရှိ တရားမဝင် Crypto Miner များကို တာဝန်ရှိသူများဖမ်းဆီး

in #myanmar7 years ago (edited)

image

photo- cointelegraph

တရားမဝင် Cryptocurrency Miner များ ကို ရှာဖွေဖော်ထုတ်ရန်အတွက် chelan public Utillity District (PUD) သည် ၎င်း၏ ဝန်ထမ်းများကို တာဝန်တစ်ရပ်ပေးထားသည့်ကိစ္စကို April 2 ရက်နေ့တွင် PUD မှ နောက်ဆုံး Report တစ်ခုထုတ်ပြန်ပေးခဲ့ပါသည်။

တရားမဝင် Crypto Mining တူးသူများကို "တရားမဝင်မီးအားအလွန်အမင်းသုံးစွဲမှု နှင့် အများပြည်သူ မီးဘေးအန္တရယ် လုံခြုံရေး" ဆိုင်ရာများဖြင့် ငွေဒဏ်ဖြစ်စေ, ပြစ်ဒဏ်ဖြစ်စေ ချမှတ်သွားဖို့ရှိပါတယ်။ တရားမဝင် Mining တူးသူများသည် စီးပွားဖြစ်တူးယူပါက ဒဏ်ငွေ $7000 မှ $10000 အထိချမှတ်မှာဖြစ်ပြီး လူနေထိုင်ရာပတ်ဝန်းကျင်(တစ်ပိုင်တစ်နိုင်) ဆိုပါက $5000 ထိ ချမှတ်သွားဖို့ရှိပါတယ်။
image

PUD သည် လုံခြံရေးနှင့် မီးဘေးအန္တရယ်တို့မှ ကင်းဝေးစေရန် တရားမဝင် Crypto Mining လုပ်ကိုင်သူများကို အလေးပေးစုံစမ်းလျှက်နေပါတယ်။

"တစ်ခန်းတွဲတွေဆိုလျှင် 500KWH ကနေ 11000 KWH ထိ လစဉ်မီးသုံးစွဲမှုတန်ဖိုးတဟုန်ထိုးမြင့်မားလာပြီး ကျွန်တော်တို့စံသက်မှတ်ထားသည့် ပမာဏထက်တော်တော်လေး ကွာဟနေပါတယ်" လို့ ပြည်သူလျှပ်စစ်စံမံခန့်ခွဲရေး၏ အမှုဆောင် John Stoll ကပြောပါတယ်။

Miner အများစုကလည်း လျှပ်စစ်မီတာကြေးသက်သာသည့် အမရိကန်ရဲ့ မြို့နယ်သေးလေးတွေကို ပြောင်းရွေ့ပြီး လုပ်ကိုင်လာကြတာ များပြားလျှက်ရှိနေပြီး ၎င်းရဲ့အကျိုးဆက်ကတော့ မြို့နယ်ငယ်လေးတွေက လျှပ်စစ်သုံးစွဲသည့်ပမာဏအလွန်အမင်း တိုးတက်လာခဲု့ဖစ်ပါတယ်။

January လတုံးကလည်း Douglas နိုင်ငံမှာ Miner များသည် မီးအားအလွန်းအမင်းသုံးစွဲနေကြသည်ဟု CNBC သတင်းဌာနကလည်းသတင်းပေးပို့ထားတာလည်းရှိနေခဲ့ပြန်ပါတယ်။ ၎င်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်ဆိုလျှင် 100 Magawatts ဓာတ်အားပေးစက်ရုံအသစ်ထက်မံတည်ဆောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref- cointelegraph
#myanmar
#cryptocurrency
#crypto
#miner
#life

Sort:  

မြန်မာနိုင်ငံ က mine မတူးလည်း မီတာခ တက်နေပါဘီကွယ်

ဈေးသာတက်တာ မီးအားကမမှန်

အဲဒါကျွန်တော်တို့ မြန်မာနိုင်ငံကြီးပါ

Steemit ရောတရားဝင်လားမသိ...ဂိ

မြန်မာနိုင်ငံမှာ Crypto အတွက် ဥပဒေမရှိသေးပါဘူး။ မကြာခင်မှာတော့ Crypto ကို တရားမဝင်ကြောင်းသက်မှတ်ဖို့လုပ်နေပါတယ်။