တဏှာဟူသောလိုချင်တပ်မက်စွဲလန်းမှူကြောင့်ဘဝများစွာဖြစ်ရသည်။သံသရာမှာကျင်လည်ရသည်ဟုဗုဒ္ဓ
မြတ်စွာဘုရားကဟောကြားခဲ့သည်။တဏှာကုန်ခမ်းပါကဘဝဆက်ပြတ်၍နိဗ္ဗာန်သို့မျက်မှောက်ပြုရသည်ဟု
လည်းဟောကြားခဲ့ပါသည်။
ပုထုဇဉ်လူသားတို့အဖို့စွဲလမ်းတပ်မက်မှူသည်ကုန်ခမ်း
သွားသည်မရှိရှိနေပေသည်။
စွဲလမ်းတက်မက်မှူနှင့်ကုသိုလ်အကုသိုလ်အကျိုးပေးအကြောင်းကံများသည်သံသရာတွင်ဘဝများစွာကိုဖန်တီးပေးသည်။
မိမိတို့သည်လိုချင်တပ်မက်မှူအားဖြတ်တောက်နိုင်ခြင်း
မရှိသောလောကီလူသားများဖြစ်ကြပေသည်။လိုချင်တပ်မှူကြောင့်စိတ်ကူးထဲ၌အခါအခါတွေးမိကြသည်။ထိုအခါ
ဖြစ်ပေါ်လာသောစွဲလမ်းမှူတခုအားတွယ်ငြှိအမြစ်တွယ်ခြင်းဟူသောဥပါဒါန်ဖြစ်ပေါ်လာသည်။
၎င်းဥပါဒါန်ကြောင့်ဘဝတွေဖြစ်သည်။အိုနာသေဘေး
ဒုက္ခတရားများဖြစ်ကြရသည်ဟုပဋိစ္စသမုပ္ပာဒ်၌မြတ်စွာဘုရားကဟောကြားခဲ့သည်။
တဏှာဖြစ်ရသည့်အကြောင်းရင်းများသည်အာရုံ၌ကပ်ငြှိမိသည့်အကြောင်းများကြောင့်ဖဿ ဟူသည့်ထိတွေ့မှူ
ဖြစ်လာ၍ဝေဒနာဟူသည့်ခံစားမှူဖြစ်လာသည်။
ထို့နောက်စွဲလမ်းတပ်မက်မှူတဏှာဖြစ်လာသည်ဟု
မြတ်စွာဘုရားကဟောကြားခဲ့ပါသည်။
ထိုပဋိစ္စသမုပ္ပာဒ်ဒေသနာအားဖတ်ရှူ့ပူဇော်မိရင်းစာရေး
သူအတွေးတခုတွေးမိသည်။စွဲလမ်းတပ်မက်မှူကြောင့်
တွယ်ငြှိမှူဥပါဒါန်များဖြစ်ကြသည်ဆိုသည်ကိုစာရေးသူ
တို့လောကီနယ်ပယ်နှင့်ယှဉ်၍ဖြစ်ပေါ်လာသောအတွေး
တခုဖြစ်သည်။ဥပမာအားဖြင့်စာရေးသူသည်အကျီင်္လေး
တစ်ထည်အားကြည့်မိ၍အမြင်အာရုံ၌ကပ်ငြှိမိသည်။
ထို့နောက်ကိုင်ကြည့်မိသည်။လိုချင်သည့်ဝေဒနာဖြစ်ပေါ်
လာသည်။ထိုဝေဒနာပြင်းထန်လာသောအခါ၌စွဲလမ်းမှူ
ဖြစ်လာသည်။ထိုစွဲလန်းမှူရင့်သန်လာသောအခါဥပါဒါန်ဟူသည့်လိုချင်သည့်စိတ်အမြစ်တွယ်လာ၍ဤအကျီင်္အား
ဝယ်မိတော့သည်။ထိုအခါ၌အကျီင်္အားပိုင်ဆိုင်သည့်ဘဝသို့ရောက်လေတော့သည်။အက်ီၤအားပိုင္ဆိုင္သည့့္အခ်ိန္မွစ၍၎နွင့္ပတ္သတ္သည့္သုခ၊ဒုကၡဟူသမ််ွခံစား
ရလေတော့သည်။
အာရုံကျက်စားမှူတခုသည်ဥပါဒါန်ဟူသည့်အမြစ်တွယ်ရင့်သန်မှူသို့ရောက်သောအခါ၌ဘဝတစ်ခုသည်မလွဲ
မသွေပင်ဖြစ်ပေါ်လာရသည်။ဤသို့ဆိုလျှင်သံသရာဆက်ပျက်အောင်လုပ်၍လော
ကုတ္တရာနယ်ပယ်သို့တက်လှမ်းနိုင်ခြင်းမရှိသည့်ပုထုဇဉ်
ဖြစ်သည့်စာရေးသူတို့သည်မိမိတို့လိုချင်သည့်ဘဝသို့
မလွဲမသွေရောက်ရှိနိုင်သည့်အာရုံများအပေါ်၌အဖန်ဖန်
တလဲလဲဖြင့်ကျက်စားခြင်းဖြင့်လောကီနယ်ပယ်၌မိမိလိုချင်သည့်ဘဝကိုရောက်ရှိနိုင်မည်ဟူသောအတွေး
ဖြင့်ချဲ့ထွင်စဉ်းစားမိခဲ့သည်။အနီးစပ်ဆုံးတွဲဖက်စဉ်းစားမိသည်မှာAuto-Suggestionပြုလုပ်ခြင်းနှင့်
့ဖြစ်သည်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့သောပဋိစ္စသမုပ္ပာဒ်ဒေ
သနာတော်သည်နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်သည်။
မိမိတို့လေ့လာမိသောAuto-Suggestion၌မိမိတို့
လိုချင်သည့်အရာတခုအားစာဖြင့်ရေး၍အဖန်ဖန်တလဲလဲရွတ်ဆိုရမည်။ထို့ပြင်မိမိလိုချင်သည့်အရာအားဆွဲသားထားသောရုပ်ပုံများအားကပ်ထား၍ကြည့်မြင်ထိတွေ့နေရမည်။ဤသည်မှာလိုချင်
မိသည့်အရာအားအာရုံကျက်စားမှူများအားပြုလုပ်ခြင်း၊
ထိတွေ့မှူများအားပြုလုပ်ခြင်းပင်ဖြစ်သည်။ထိုသို့အာရုံကျက်စားထိတွေ့မှူများသောအခါ၌လိုချင်
မှူဝေဒနာသည်တိုးပွားလာသည်။ဝေဒနာတိုးပွား
လာသောအခါ၌စွဲလန်းမှူတဏှာသည်ဖြစ်ပွားလာသည်။
စွဲလမ်းမှူရင့်သန်လာသောအခါ၌အမြစ်တွယ်မှူဥပါဒါန်သည်ရင့်သန်ကြီးထွားလာခဲ့သည်။လိုချင်မှူကြီးထွားရင့်သန်လာချိန်၌လူသည်မိမိလိုချင်သောအရာအားရရှိမည့်
နည်းလမ်းများအားကြံဆောင်၍မပျင်းမရိအားထုတ်
ပါတော့သည်။ထိုအခါမိမိလိုချင်သောအရာသည်
မလွဲမသွေရရှိပါတော့သည်။ထိုအခါ၌မိမိရရှိထားသော
အရာ၏ကောင်းမွေ၊ဆိုးမွေသုခ၊ဒုက္ခများအားရှောင်လွှဲမရ
ခံစားရပေတော့သည်။
ဤသည်မှာစာရေးသူချဲ့ကားတွေးမိသည့်အတွေးတစ်ခု
ပင်ဖြစ်ပါတော့သည်။လောကုတ္တရာအလုပ်နှင့်လောကီ
ကြီးပွားရာလမ်းကြောင်းသည်ပြဿားတစ်လမ်းသံတစ်လမ်းသာဖြစ်သည်။
သို့သော်လည်းစာရေးသူတို့သည်လောကီကြီးပွားတိုး
တက်ရေးအတွက်ကြိုးစားအားထုတ်၍ရရှိထားသော
စည်းစိမ်ချမ်းသာများအားဒါနဟူသည့်ပေးကမ်းလှူ ဒါန်းမှူ
များပြုလုပ်ခြင်းဖြင့်ကုသိုလ်များအားပွားများအားထုတ်ခြင်းဖြင့်လောကုတ္တရာနယ်ပယ်သို့တက်လှမ်းနိုင်သည့်
အထောက်အပံ့ဖြစ်စေနိုင်ပေသည်။
သံသရာပြတ်၍နိဗ္ဗာန်သို့ရောက်လိုလျှင်ပဋိစ္စသမုပ္ပာဒ်ပြတ်အောင်ကြိုးစားရမည်။ပုထုဇဉ်နယ်ပယ်ဖြစ်သော
ကြီးပွားချမ်းသာလိုမှူလောကီကိစ္စများ၌မူကောင်းသော
အာရုံများ၌ကျက်စားခြင်းဖြင့်ကောင်းသောအရာများတွင်
ပဋိစ္စသမုပ္ပာဒ်လည်စေခြင်းဖြင့်ကောင်းသောဘဝများ
ဖြစ်စေနိုင်သည်ဟူသောအတွေးမျိုးတွေးမိပါတော့သည်။
ဤစာစုသည်စာရေးသူတွေးမိသောအတွေးများသာဖြစ်
သည်။နားလည်တတ်ကျွမ်းသူများအနေဖြင့်စာရေးသူ၏
စာစုသည်မှားယွင်းသည်ဟုယူဆမိလျှင်စာရေးသူ၏
အမှားအားဝေဖန်ထောက်ပြနိုင်ပါကြောင်းပြောကြားရင်းဖြင့်ဤစာစုအားနိဂုံးချုပ်လိုက်ပါတော့သည်။
အိအိခိုင်ရေးသားသည်။
MSC No.173.
Credited image from https://pixabay.com/en/question-problem-think-thinking-622164/
သမုဒယ၊ တဏှာ သကြားကွပ်ထားလို့သာ ဒုက္ခကို ဒုက္ခမှန်း မသိကြတာ။ နောက်ဆုံးတော့ သူ့ရဲ့ အဖြစ်မှန်က ဒုက္ခပဲ။ ဒီဒုက္ခက လွတ်ဖို့ဆိုတာက သူ့ကို အနိစ္စတင်ဖို့ပဲ – မမြဲဘူးဆိုပြီး ထွက်ရတာ — အပျက်နဲ့ ထွက်ရတာပဲ။ အပျက်နဲ့ထွက်တဲ့အခါကျ ဒုက္ခအဆုံး ရောက်သွားရင်တော့ လွတ်မြောက်သွားတာပဲ။
ဟုတ်ကဲ့ပါရှင့်။တမီးကစာတွေ့ပဲရှိတာပါရှင့်။
စွဲလန်းမှုတွေကမကောင်းဘူးပေါ့နော်
ကျွန်တော်တို့လည်း sbd steem တွေစွဲလမ်းမှုဖြစ်နေကြပြီ
အမှန်ပဲ။
ကျွန်တော်တို့လည်း sbd steem တွေစွဲလမ်းမှုဖြစ်နေကြပြီ
တရားသဘောလေးနှင့်ရှင်းပြထားတာ အရမ်းကောင်းတယ် မမအိရေ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်။
အ၇မ်းကောင်ပါတယ်ဗျာ
ဟုတ်ကဲ့ကျေးဇူးပါရှင့်
လိုချင်တိုင်းတော့ တဏှာမဖြစ်ဘူးပေါ့နော်၊ ဥပမာနိဗ္ဗာန်ကိုလိုချင် တယ်ဆိုတဏှာမဖြစ်ဘူး။ လောဘနဲ့တွဲလာမှာသာ တဏှာ၊ဥပ္ပါဒါန်၊သင်္ခါရ၊ ဘဝ ဆိုပြီးလာမှာ။
ဟုတ်ကဲ့ပါရှင့်
အားပေးခဲ့ပါတယ်
ဟုတ်ကဲ့ပါရှင့်
စွဲလန်းမှု များမှ တကယ်ရတဲ့ သဘောလား မအိ
ဟုတ်အဲလိုသဘောပါပဲကိုမြင့်
အလွန်အကြူးစွဲလမ်းမှုတွေက မကောင်းပါဘူး
စွဲလမ်းမှုတွေ အရမ်းများရင်တော့ မကောင်းဘူးပေါ့
ဟုတ်ကဲ့
စွဲလမ်းမှုတွေ အရမ်းများရင်တော့ မကောင်းဘူးပေါ့
သမီးလေး..အိအိခိုင်
ဒီအရွယ်နဲ့ဒီလိုမြင်တတ်တာ..သိနေတာဆိုတာ..ခေတ်စကားနဲ့ပြောရရင်..တော်ရုံစကေးမဟုတ်ဖူး။အရမ်းတော်တယ်။သမီးပြောတာ..အမှန်တွေဘဲ။
မသိသူတွေက..ဆက်သွားနေကြတယ်။နည်းနည်းပါးပါးသိလာတော့..ရပ်ပီး.ကြည့်တယ်။သတိလေး..ကပ်လာတော့
အဲဒီ.ဥပ္ပဒါန်ကြီးဟာ..ကောင်းလား..မကောင်းလား..သုံးသပ်လာတယ်။သတိဟာ..တော်တော်လေးကပ်လာတာနဲ့..အပြစ်ကိုမြင်လာတယ်..ပယ်စပြုလာတယ်။အာသေဝန
သဘောတရားအရ..အဖန်တလဲပြုပါများလာတော့..ဖဿ မှာဖြတ်ပစ်ပါတယ်။တချို့က..ဝေဒနာမှာဖြတ်ပါတယ်။
လောကီရဲ့အပြစ်ကိုမြင်မှ..သိမှ..လောကုတ္တရာကိုကူးခြင်တာပါ။
နောက်တခု..သမီးပြောတဲ့ဟာက..အဓိပတိတပ်ခြင်းပါ။
သမထနဲ့ဝိပသနာဟာ..တလမ်းစီပါ။ဒါပေမဲ့..သမထမပါဘဲနဲ့ဝိပသနာကူး၍မရပါ။ဒါက..အန်တီသိသလောက်နော်။
အများကြီးကျယ်ပြန့်ပါတယ်သမီး။
ဟုတ်ကဲ့အန်တီ။ပြောပြပေးတာကျေးဇူးတင်ပါတယ်ရှင့်
စွဲလန်းမှုတွေကမကောင်းဘူးပေါ့နော်
လွန်ကဲရင်တော့မကောင်းဘူးပေါ့ရှင်။
Congratulations @eieikhing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your Board of Honor.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last announcement from @steemitboard!
တရားသဘောတွေပါလား မအိရေ
ဟုတ်ကဲ့မမ
မှတ်သားရပါတယ် ကျေးဇူးပါခင်ဗျ
ဟုတ်ကဲ့ရှင့်။
အားပေးခဲ့ပါတယ်အမ။
ဟုတ်ကဲ့ကျေးဇူးပါရှင့်
အမှန်တော့ ကုသိုလ်ဆိုတာလဲ သံသရာ ပိုလည်စေတဲ့အရာပါပဲ နတ်ဖြစ်ရင်လည်းသေရဦးမှာပါပဲ သီလ နဲ့ သမာဓိကပဲ ချွတ်ပေးနိုင်တာပါ။ သိသလောကိပည
ဟုတ်ကဲ့
အားပေးခဲ့ပါတယ် အမရေ...။
ဟုတ်ကဲ့