အိမ်​​ထောင်​ပြုခြင်းဟူသည်​.....။

in #myanmar7 years ago

"အိမ်​​ထောင်​မှူဘုရားတည်​၊​ဆေးမင်​ရည်​စုပ်​ထိုးဤသုံးမျိုး
ဖျက်​၍မလွယ်​"ဟု​ရှေးလူကြီးများ​ပြောကြားထားခဲ့​လေ
သည်​။မှန်​​ပေသည်​။အိမ်​​ထောင်​တခုကိုလွယ်​လွယ်​နှင့်​မစဉ်းစားမဆင်​ခြင်​ဘဲတည်​​ဆောက်​မိပါကဖြစ်​လာသည့်​ဆိုးကျိုးများကား​ရှောင်​လွဲ၍မရနိုင်​​ပေ။ထိုသို့​တွေးမိ​သော်
လည်းပဲစာ​ရေးသူသည်​​တွေ့အကြုံများလွန်းသူမဟုတ်
ပါ​ချေ။
ယခုအချိန်​ထိမစွံနိုင်​​သေး​သောအပျိုကြီးတစ်​​ယောက်​ပင်
ဖြစ်​​လေသည်​။သို့​သော်​လည်းပဲမိမိ​ဆွေမျိုးအသိုင်းအဝိုင်း မိမိပတ်​ဝန်းကျင်​​တွင်​​တွေ့ရှိ​နေ​သောအ​ကြောင်းအချက်​များကိုဆက်​စပ်​၍ဤအ​ကြောင်းအရာနှင့်​ပတ်​သတ်​၍
စာ​ရေးသူ​တွေးမိသမျှ​လေးအား​ရေးသားချင်​စိတ်​ဖြစ်​လာ
ခဲ့မိသည်​။
မိန်းက​လေးနှင့်​​ယောက်ျား​လေးတို့အိမ်​​ထောင်​ပြုကြ
ရပြီဆိုလျှင်​အ​ရေးအကြီးဆုံးအချက်​သည်​​မေတ္တာတရား၊
နားလည်​မှူနှင့်​ရဲ​ဘော်​ရဲဘက်​စိတ်​သည်​အ​ရေးကြီးဆုံးဟု
ထင်​မြင်​မိသည်​။
နားလည်​မှူသည်​အိမ်​​ထောင်​တခုတည်​​ဆောက်​ရာ၌
အ​ရေးကြီးဆုံးဖြစ်​သည်​ဟုထင်​မြင်​မိသည်​။စာ​ရေးသူ၏
အစ်​မတဝမ်းကွဲ၏အိမ်​​ထောင်​​ရေးအ​ခြေအ​နေအား
မျက်​မြင်​​တွေ့ကြုံမှူကိုမူတည်​၍သုံးသပ်​မိခြင်းဖြစ်​သည်​။
စာ​ရေးသူ၏ခဲအိုသည်​စာ​ရေးသူအစ်​မနှင့်​အိမ်​​ထောင်​ကျချိန်​မှစ၍အိမ်​စရိတ်​အားလုံ​လောက်​စွာ​ပေးခြင်းမရှိ
ခဲ့​ပေ။တိုင်းထွာ၍​ပေးခဲ့သည်​။ဝင်​​ငွေမ​ကောင်း၍တိုင်းထွာ​ပေးခြင်းမျိုးမဟုတ်​​၍အစ်​မအတွက်​မခံချင်​စိတ်​ဖြင့်
စိတ်​မ​ကောင်းဖြစ်​မိ​သော်​လည်းသူတပါးအိမ်​​ထောင်​​ရေး
ကိစ္စဝင်​စွက်​ဖက်​ခြင်းမျိုးမပြုလုပ်​လို၍မည်​သို့မျှဝင်​​ပြောခြင်းမရှိခဲ့​ပေ။
စာ​ရေးသူသည်​အစ်​မတို့၏အိမ်​​ထောင်​​ရေးကိုကြည့်​၍
အ​တော်​အတန်​စိတ်​ပျက်​မိပါသည်​။အစ်​မသည်​တအိမ်
လုံး၏စားဝတ်​​နေ​ရေးအတွက်​သူမ၏အလှပြင်​၊ဆံပင်​ညှပ်​သည့်​အလုပ်​သာမကအိမ်​​ခေါင်​မိုးမိုးယိုသည်​မှအစ
မိန်းမသားတန်​မဲ့ကိုယ်​တိုင်​လုပ်​​နေသည်​ကို​တွေ့မြင်​မိ
ပါသည်​။
တခါတရံ၌စာ​ရေးသူလည်းအစ်​မအား"ကိုယ့်​စရိတ်​ကိုယ်​စားပြီးသ​ဘောထားကြီးကြီး​ပေါင်း​နေသည်​"ဟုအ​ငေါ့
တူးမိသည်​။တခြားသူများသည်​လည်း အစ်​မ၏
အိမ်​​ထောင်​​ရေးအားကြည့်​ရသည်​မှာမျက်​စိထဲကိုးလို့ကန့်
လန့်​ဖြစ်​​နေ​ပေသည်​။
ထို့​ကြောင့်​လည်းသင်​ခန်းစာယူမှူများလွန်း၍စာ​ရေးသူ
ယခုအချိန်​ထိပင်​အိမ်​​ထောင်​မပြုအပျိုကြီးဖြစ်​​နေခြင်းဖြစ်​နိုင်​​ပေသည်​။စာ​ရေးသူတို့ပတ်​ဝန်းကျင်​၌လင်​မယားများ
ရန်​ဖြစ်​ကြလျှင်​​ယောက်ျားကမိန်းမအားရိုက်​နှိက်​ဆက်​ဆံ
သည်​ကို​တွေ့ရ​သောအခါပို၍ပင်​အိမ်​​​ထောင်​ပြုမှားလျှင်
တသက်​လုံးပြင်​မရ​သောအမှားတခုဟုယူဆကာအလွန်​အမင်း​စိုးရွံ့မိသည်​။
ထို့အပြင်​စိတ်​သ​ဘောထားခြင်းတိုက်​ဆိုင်​မှူမရှိ၍ကွာရှင်း​ကြ​သောအိမ်​​ထောင်​​ရေးမျိုးကို​တွေ့မိ​သောအခါတွင်​အနှီ
လင်​မယား​ကြောင့်​လူ့​လောကသို့သွပ်​သွင်းခြင်းခံရ​သော
က​လေးငယ်​တို့အားလွန်​စွာသနားစိတ်​ဖြစ်​​ပေါ်မိသည်​။
ထိုသူတို့၏ပ​ယောဂ​ကြောင့်​၎င်းတို့၏သားသမီးများ
လူ့ပြည်​လူ့ဌာနသို့​ရောက်​ရှိလာကြသည်​။၎င်းတို့​ကြောင့်​ပင်​သားသမီးများမိဘစုံလင်​စွာမရှိ​သောအကျိုးဆက်​ကို
ခံစားကြရ​ပေမည်​။
ထို့​ကြောင့်​အိမ်​​ထောင်​ပြုမိကြ​သောအကြင်​အမျိုး​ကောင်း
အမျိုးသမီးများသည်​တစ်​​ယောက်​နှင့်​တစ်​​ယောက်​ညှိနှိုင်း
၍မိမိတို့​ပ​ယောဂ​ကြောင့်​လူ့​လောကသို့​ရောက်​ရှိလာ
ရ​သောသားသမီးများအားစိတ်​ဒဏ်​ရာဗလဗွဖြင့်​မိတကွဲ
ဖတကွဲဘဝမ​ရောက်​ရှိ​စေရန်​ထိန်းသိမ်းသင့်​လှ​ပေသည်​။
ဖခင်​သည်​လည်းဖခင်​တာဝန်​​ကျေပွန်​​စေရန်​မိသားစုအား
ပြည့်​စုံလုံ​လောက်​စွာထားနိုင်​ရန်​ကြိုးစားသင့်​​ပေသည်​။ထို့ပြင်​မိမိထိမ်းမြားလက်​ထပ်​ထား​သောသူတပါး၏သမီး
ပျိုအားမထီမဲ့ခြင်းကင်းစွာအိမ်​သူသက်​ထားအခွင့်​အာဏာ
အပြည့်​အဝ​ပေး၍ချီး​မြောက်​သင့်​လှ​ပေသည်​။ထိုသို့မဟုတ်​ဘဲမိမိ၏လက်​ခုပ်​ထဲက​ရေဖြစ်​ပြီဟူ​သော
အ​တွေးဖြင့်​မိမိထားရာ​နေ​စေရာသွား၊​ပေးသ​လောက်​ယူဟူ​သောစိတ်​သ​ဘောဖြင့်​ပြုမူဆက်​ဆံလျှင်​၎င်းတို့၏
အိမ်​​ထောင်​​ရေးသည်​ရည်​ရှည်​တည်​တံ့ခိုင်​မြဲရန်​မလွယ်​ကူလှ​ချေ။
ထို့အတူအိမ်​သူသက်​ထားသည်​လည်းမိမိ၏ချစ်​သူ
သက်​လျာလင်​​ယောက်ျားအားမယားဝတ္တရား​ကျေပွန်
စွာပြုမူ​ဆောင်​ရွက်​သင့်​လှ​ပေသည်​။ထို့အပြင်​မိမိတို့၏
သားသမီးများ၏​ရှေ့တွင်​မိမိ၏လင်​​ယောက်ျားအားမ​ထီမဲ့
မြင်​ပြုလုပ်​ခြင်းအား​ရှောင်​ကြဉ်​သင့်​လှ​ပေသည်​။
ထို့အပြင်​လင်​​ယောက်ျားမှလည်းမိမိ၏ချစ်​သူသက်​လျာဇနီးမယားအားမိမိ၏သားသမီးများ​ရှေ့​တွင်
ဆူပူ​အော်​​ငေါက်​ခြင်း၊ရိုက်​နှက်​ခြင်းမပြုလုပ်​သင့်​​ပေ။
စာ​ရေးသူသည်​​ယောက်ျားရင့်​မာကြီးများဖြစ်​လင့်​ကစား
အားနွဲ့သူမိန်းက​လေးအားလက်​ပါသည်​မြင်​လျှင်
ထို​ယောက်ျားအားစိတ်​ထဲ၌အလွန်​စက်​ဆုပ်​မုန်းတီး
ပြစ်​တင်​ရှူံ့ချမိသည်​။
ထိုကဲ့သို့​သောအိမ်​​ထောင်​ရှင်​များအားမြင်​လျှင်​၎င်းတို့၏
သားသမီးများအားသနားဂရုဏာပို၍သက်​မိသည်။ငယ်​ရွယ်​နုနယ်​​သောလူပမယ်​က​လေးများ၏စိတ်​၌ဒဏ်​ရာဗလဗွစွဲထင်​​​ပေ​တော့မည်​ဟူ​သောအ​တွေးမျိုးဖြစ်​​ပေါ်မိ
သည်​။
ထို့​ကြောင့်​အချိန်​ဟူ​သောယန္တရားကြီး​ရွေ့လျား၍ဘိုး​​ဘွားဘီဘင်​လက်​ထက်​မှယခု​ခေတ်​တို့​ရောက်​သည့်
တိုင်​အိမ်​​ထောင်​ပြုခြင်းအမှူသည်​လွယ်​လွယ်​ဖြင့်​မစဉ်း
စားမဆင်​ခြင်​ဘဲလုပ်​သင့်​သည့်​အမှူကိစ္စမဟုတ်​​ချေ။
အစမှားလျှင်​​နောင်​ပြင်​ရန်​ခက်​ခဲလှသည့်​အမှူပင်​၍
အမှားမရှိ​စေရန်​ဆင်​ခြင်​သုံးသပ်​ကြ​စေချင်​ပါ​ကြောင်း
အပျိုကြီးပီပီပစိပစပ်​များ၍ပြစ်​ပြစ်​နှစ်​နှစ်​​ဝေဖန်​သုံး
သပ်​၍တင်​ပြရင်းနိဂုံးချုပ်​လိုက်​ပါ​တော့သည်​။

စိတ်​ထဲရှိသမျှချ​ရေးမိ၍အမှားအယွင်းတစုံတရာရှိခဲ့လျှင်
လည်းစာ​ရေးသူ၏အ​တွေးသက်​သက်​သာဖြစ်​၍​ဗွေမယူ
ခွင့်​လွှတ်​ပါရန်​ဖြင့်​....။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image
Credited image from www.pixabay.com

Sort:  

အပြန်လှန် နားလည်မှုမရှိ အဆင်မပြေနိုင်ပါဘူးဗျာ။

ဟုတ်​ကဲ့ကိုမြင့်

You got a 22.48% Prime Upvote from @alphaprime courtesy of @myintlwinsoe!

All Upvoted posts are considered for additional Upvotes and Resteem based on quality content criteria chosen by our moderators in an effort to give something back to the community.

If you have any queries, want to send a feedback or interested in delegating SteemPower to us please join our discord channel.

Please delegate us Steem Power & get daily rewards share!
20 SP, 50, 75, 100, 150, 200, 300, 500, 1000 or Fill in any amount of SP.

တျောက်​ကို​တျောက်​ နားလည်​ခွင့်​လွှတ်​​ပေးနိုင်​မယ်​ဆိုရင်​ ​ပျော်​ရွှင်​စရာ အိမ်​​ထောင်​​ရေးကို ရရှိပိုင်​ဆိုင်​နိုင်​ပါတယ်​.....။

အမှန်​​ပေါ့ မအိရယ်​ .. အိမ်​​ထောင်​တစ်​ခုမှာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ တန်​ဖိုးထားမှု ​လေစားမှု နားလည်​မှု ချစ်​ခင်​မှု ​တွေက အ​ရေးကြီးတယ်​ဗျာ ..

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်

နားလည်မှုရှိဖို့အရေးကြီးပါတယ်

ဟုတ်​ကဲ့ပါရှင့်

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by eieikhing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တစ်​​ယောက်​နဲ့တစ်​​ယောက်​နားလည်းမှုရှိမှ အဆင်​​ပြေမှာပါ

ဟုတ်​တယ်​​မောင်​​လေး​ရေ။

သိတ်​မှန်​ပါတယ်​ဗျာ ဗဟုသုတ အဲ့လိုစာ​တွေကြိုက်​ပါတယ်
ဖောလိုးလိုက်​ထားလိုက်​ပါတယ်​မင်္ဂလာပါ

ဟုတ်​ကဲ့​ကျေးဇူးပါရှင်

နားလည်​မူ.အ​ရေးကြီးပါတယ်​ဗျာ

ဟုတ်​ပါတယ်​ရှင်

မိန်းခလေးတွေကိုရိုက်တာတော့မကောင်းပါဘူးနော့်အစ်မရယ်။

ဟုတ်​တယ်​​မောင်​​လေး​ရေ။

အပျိုကြီးပီပီ..ပစိပစပ်များတာမဟုတ်ပါ။အမှန်တရားတွေဖွင့်ချနေတာ..ဒါမျိုးတွေကို..ရေးရမယ်သမီး..။ဒါလိုရေးခြင်းဟာ..လူ့လောကအသိုင်းအဝိုင်း၊အေးချမ်းအောင်..လိုအပ်ချက်တွေ၊ဟာကွက်တွေကို..ထောက်ပြခြင်း၊အကြံပြုခြင်းဘဲ။
ဒါကိုဖတ်မိလို့..တစုံတယောက်ကနားလည်လက်ခံပီးပြုပြင်
သွားမယ်ဆိုရင်..ဘယ်လောက်ကုသိုလ်ရလဲသမီးလေး။
ဆက်ရေးပါ..ရေးသင့်သောအချက်..ရေးကိုရေးရမဲ့အချက်
တွေဖြစ်ပါတယ်။

ဟုတ်​ကဲ့။အန်​တီ့အား​ပေးစကား​​ကြောင့်​အားတက်​သွားပြီ။

အမှန်ပါပဲဗျာ...single ဘဝက သာလို့ကောင်းပါတယ် ဟီးး 😁

ဟီး​ကျေးဇူး

သားကတော့ အလိုလိုက်ပီး ထားတယ်😄😄

ဟုတ်​လား​ကောင်းတာ​ပေါ့ရှင်

အိမ်ထောင်မူ ဘုရားတည် ဆေးမှင်ရေစုတ်ထိုးနောက်ပြင်ရန်ခတ်တဲ့မျိုးတဲ့မယူခင်သေချာစဉ်းစားသင့်တာတွေပဲ👍

ဟုတ်​ပါတယ်​ရှင်​။

အိမ်ထောင်ရေးကတော့ မှားသွားရင် ပြန်ပြင်ဖို့ တော်တော်ခက်ပါတယ်။

ဟုတ်​တယ်​​နော်​။

လူပျိုးကြီးဆိုတော့ နည်းလမ်းတွေကို တန်ဖိုးထားလိုက်ပါပြီဗျ ကျေးဇူးပါ မအိရေ

ဟီးဟုတ်​ကဲ့ချင့်

အတွေ့အကြုံမရှိသေးတဲ့အပျိုကြီးဆိုပေမယ့်။ ဂလောက်သဘောတရားကျေနေတာ၊ အေးလေ...သိသွားတော့ စဉ်းစား၊စဉ်းစားတော့ ပိုဆိုး၊။

ဟုတ်​မယ်​ထင်​တယ်​။ကြောက်​သွားတာ။

ဝေဖန်သုံးသပ်ချက်လေးတွေ အရမ်းကောင်းပါတယ် အမရေ...
ကျနော်လည်း အဆင်မပြေတဲ့ အိမ်ထောင်သည်တွေကြောင်းသိရတော့ လူပျိုကြီးပဲလုပ်တော့မလားလို့😁

ဟီးဟုတ်​ကဲ့ရှင့်