ခွဲခြားမှူ

in #myanmar7 years ago (edited)

စာ​ရေးဖို့အ​ကြွေး​များကျွန်​မတွင်​အလွန်​အမင်းများပြား
၍​နေပါသည်​။အခန်းဆက်​ဝတ္ထု နှစ်​ပုဒ်​သည်​ ကျန်​ရှိ​နေပါ​သည်​။သို့​သော်​လည်းစာ​ရေးဖို့ကျန်​ရှိ​နေ​သော အခန်းဆက်​ဝတ္ထုများအားဆိုင်းငံ့၍​ရေးချင်​မိသည့်​အ​ကြောင်းအရာများကိုသာ​နေ့စဉ်​​ရေးတင်​​နေမိပါသည်​။
ဒီအပတ်​promotion အတွက်​​ရေးသည့်​postသည်​လည်း​ရေးလက်​စဝတ္ထု ဇာတ်​လမ်းတွဲများအား ​ခေတ္တ
ခဏဆိုင်းငံ့ထား၍ငယ်​ငယ်​ကတည်းကဖြစ်​​ပေါ်ခဲ့​သော ခံစားချက်​တချို့အားစာဖြင့်​​ရေးသားတင်​ပြပါရ​စေဟု စာဖတ်​သူများအားခွင့်​ပန်​လိုပါသည်။
ကျွန်​မတို့၏ကမ္ဘာ​လောက၌​ယောက်ျားနှင့်​မိန်းမဟူ၍ လူသားမျိုးနွယ်​နှစ်​မျိုးသာရှိသည်​။ဤလူသားမျိုးနွယ်​နှစ်​မျိုး၏ လူ့အဖွဲ့အစည်းတွင်​ရရှိ​သောအခွင့်​အ​ရေးသည်
မတူညီကြ​ချေ။မည်​သည့်​အ​ကြောင်း​ကြောင့်​မတူညီ
ကြသနည်း။ဤအ​တွေးမျိုးကျွန်​မငယ်​စဉ်​ကတည်းကပင်​ အခါခါ​တွေး​တောမိသည်​။
ဤကဲ့သို့အ​တွေးမျိုးဖြစ်​​ပေါ်လာရန်​လည်း ကျွန်​မ၏မိသား
စု၊ ပတ်​ဝန်းကျင်​​ဆွေမျိုးအသိုင်းအဝိုင်းများ၏ထိ​တွေ့ ဆက်​ဆံမှုများက အကြိမ်​ကြိမ်​အဖန်​အဖန်​အား​ပေးခဲ့ဖူး
သည်​။
ပထမဆုံး​အ​တွေးဝင်​သည့်​အချိန်​သည်​ ကျွန်​မအသက်​၄နှစ်​သမီးအရွယ်​​​လောက်​တွင်​ဖြစ်​ပါသည်​။ကျွန်​မ၏​တဝမ်းကွဲ​မောင်​နှမ​များအိမ်​သို့လာလည်​ကြ၍ တူတူပုန်းတန်းကစားကြပါသည်​။ကျွန်​မတို့အိမ်​​နောက်​​ဖေးဘက်​တွင်​ ရှိ​သော​မြေကွက်​လပ်​၌အ​မေနှင့်​အဘွားတို့၏ လုံချည်​များလှန်းထားပါသည်​။ကျွန်​မအစ်​ကို တဝမ်းကွဲသည်​ ထိုလုံချည်​လှန်းထားသည့်​တန်း​နောက်​ဘက်​​နား၌ကပ်​၍တူတူပုန်းပါသည်​။ဤသည်​ကိုအ​မေနှင့်​အဘွားမြင်​​သောအခါ"ဘုန်းနိမ့်​​တော့မယ်​ဒီက​လေး"
"​​ထွက်​စမ်း။ယောက်ျား​လေးဆိုတာထမိန်​တန်း​အောက်​မဝင်​ရဘူး"ဟု​ပြောပါသည်​။
ဤစကားအားကြားရ​သောအခါက​လေးအရွယ်​ လူမှန်းသိကာစကျွန်​မအရွယ်​၌​မေးစရာ​မေးခွန်းများ​တွေးစရာ
အ​တွေးများဖြစ်​လာပါ​တော့သည်​။အဘွားနှင့်​အ​မေအား
ကျွန်​မ​မေးခဲ့ပါသည်​။"​မိန်းက​လေးထမိန်​တန်း​အောက်​ဝင်​ ​ရင်​ဘုန်းမနိမ့်​ဘူးလား။ယောက်ျား​လေးပဲဘုန်းရှိတာလား။" "ဘုန်းဆိုတာဘာကို​ပြောတာလဲ။"
ဟူ​သော​မေးခွန်းများပင်​ဖြစ်​ပါသည်​။
အ​မေနှင့်​အဘွားတစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ကာ ပြုံးစိစိဖြင့်​​ယောက်ျားက​လေးနှင့်​မိန်းက​လေးမတူ​ညီသည့်​အ​ကြောင်း၊​ယောက်ျားက​လေးများသည်​ရှင်​ပြု၍ ရ​၍မြင့်​မြတ်​​သောဘဝကိုရ​ကြောင်းစသည်​ဖြင့်​ကျွန်​မ​နားလည်​ခြင်းမရှိသည့်​စကားလုံးများဖြင့်​ရှင်းပြ​​လေသည်​။
က​လေးအရွယ်​လူမှန်းသိစအရွယ်​ဖြစ်​၍​ရှင်းလင်းစွာ နားလည်​ခြင်းမရှိခဲ့​သော်​လည်း ကျွန်​မစိတ်​ထဲ၌ပြင်းပြ​ခံရခက်​​သော​၊မခံချင်​စိတ်​ဖြစ်​​သော​ဝေဒနာတခုဖြစ်​​ပေါ်
လာခဲ့သည်​။
ထို​ဝေဒနာ၏တွန်းအားသည်​ဘဝ၌​ပြင်းထန်​ခဲ့သည်​။ခဏခဏ​တွေးမိသည်​။ကျွန်​မတို့မိန်းက​လေးများသည်​လည်းမည်​သည့်​အ​ကြောင်း​ကြောင့်​​ယောက်ျား​လေးများ
ကဲ့သို့ဘုန်းကံမရှိရမည်​နည်း။အရာရာတိုင်းတွင်​သူတို့
ထက်​သာ​အောင်​ကြိုးစားရမည်​ဟူ​သောအ​တွေးမျိုး
ဖြစ်​ခဲ့သည်​။
ထို၎နှစ်​သမီးအရွယ်​က​လေးကစ၍ကျွန်​မသည်​ အိ​မ်​၏အလုပ်​မှန်​သမျှမိဘခိုင်း​စေစရာ မလို​လောက်​​အောင်​ပင်​အစစအရာရာကူညီခဲ့သည်​။တဖက်​အိမ်​မှကျွန်​မနှင့်​မတိမ်းမယိမ်းအစ်​ကိုဝမ်းကွဲကို သူ၏အ​မေကျွန်​မအ​ဒေါ်
ကကျွန်​မ​လောက်​မလိမ္မာဘူးဟု​​ဆူပူသံကြားတိုင်းစိတ်​ထဲ၌ကြိတ်​၍​ကျေနပ်​​နေခဲ့မိသည်​။
ထိုမခံချင်​စိတ်​သည်​​ကျောင်းစတင်​တက်​သည့်​အရွယ်​၌ ပို၍အမြစ်​တွယ်​လာခဲ့သည်​။အတန်းထဲ၌​ ယောက်ျား
က​လေးတစ်​​ယောက်​ပထမအဖြစ်​ရပ်​တည်​သွားမှာ ကျွန်​မအရမ်း​ကြောက်​ခဲ့သည်​။ထို့​ကြောင့်​စာ​မေးပွဲတိုင်း၌ပထမရ​စေရန်​အသည်းအသန်​ကြိုးစားခဲ့​လေသည်​။
ငယ်​စဉ်​ဘဝ၌ အစ်​ကိုဝမ်းကွဲများ​ဘောလုံးကန်​လျှင်​ကျွန်​မလည်းလိုက်​ကန်​သည်​။မိန်းက​လေးမပါရဘူးဟု​ပြော
လျှင်​စိတ်​ဆိုး၍မဆုံး​တော့​ပေ။
မှတ်​မိ​နေ​သေးသည့်​အဖြစ်​အပျက်​တခုရှိပါ​သေးသည်​။ဘဝတွင်​မိန်းက​လေးဖြစ်​ရခြင်းအားဝမ်းနည်း​ကြေကွဲ
ရဆုံး​နေ့​ဟုငယ်​စဉ်​ကအ​တွေးဖြင့်​​ပြောပြချင်​ပါသည်​။
ကျွန်​မ၏အစ်​ကိုတဝမ်းကွဲနှစ်​​ယောက်​ရှင်​ပြုပွဲတွင်​ ကျွန်​မအားနားသမင်္ဂလာပြုလုပ်​ခဲ့သည်​။အစ်​ကိုနှစ်​​ယောက်​အားရှင်​​လောင်းဝတ်​စုံဝတ်​ဆင်​​စေသကဲ့သို့ကျွန်​မအား
လည်း​မင်းသမီး​ခေါင်း​ဆောင်းက​လေးနှင့်​အလှပြင်​​ပေးခဲ့
သည်​။ထိုအချိန်​တွင်​ကျွန်​မစိတ်​ထဲ၌အစ်​ကိုများနှင့်​တူတူ
ဖြစ်​၍အ​ပျော်​ကြီး​ပျော်​ခဲ့သည်​။
သို့​ပေမယ့်​လည်းသူတို့ကိုရင်​ဝတ်​ရန်​ဆံချပြီးဘုန်းကြီးထံ
၌သင်္ဃန်း​တောင်းရွတ်​ဆိုချင်း၊ကိုရင်​ဖြစ်​​မြောက်​​အောင်​သရဏဂုံ၊သီလ​ပေး​သောအခါတွင်​ကျွန်​မသည်​အစ်​ကိုများကဲ့သို့မပြုလုပ်​ရသည်​ဖြစ်​၍စိတ်​ထဲ၌လွန်​စွာ​ကြေ
ကွဲခဲ့​လေသည်​။
စိတ်​အထိခိုက်​ဆုံးစကားတခွန်းသည်​ကားလူကြီးများက
"ကိုရင်​ဝတ်​တယ်​ဆိုတာ​ယောက်ျား​လေးပဲဝတ်​လို့ရတယ်​"ဟူ​သောစကားပင်​ဖြစ်​ခဲ့သည်​။ထိုစဉ်​ကတည်းကကျားမခွဲခြားမှူအားအလွန်​အမင်းမုန်းတီးမှူဖြစ်​​ပေါ်ခဲ့
မိ​လေသည်​။
ထို့​ကြောင့်​ငယ်​စဉ်​ကအတန်းထဲ၌ ဆရာမကစာရ​သော မိန်းက​လေးမှစာမရ​သော​ယောက်ျား​လေးအားနားရွတ်​ဆွဲခိုင်း၍ကိုယ့်​အလှည့်​၌​ယောက်ျား​လေးတစ်​​ယောက်
အားနားရွတ်​ဆွဲရလျှင်​အကြီးအကျယ်​ဝမ်း​မြောက်​ဝမ်းသာဖြစ်​ခဲ့မိသည်​။
လူလူချင်းအခွင့်​အ​ရေးသည်​တန်းတူရသင့်​သည်​ဟူ​သော အ​တွေးမျိုးသည်​စာဖတ်​တတ်​ခါစအရွယ်​ကပင်​ကျွန်​မ၌လွှမ်းမိုးခဲ့သည်​။ငယ်​စဉ်​ကတည်းကပင်​ စာဖတ်​ဝါသနာပါသူဖြစ်​သည့်​ အား​လျော်​စွာစာအုပ်​စာ​ပေမျိုးစုံ၌
ကျားမခွဲခြားမှူကို အဖက်​ဖက်​မှ​လေ့လာဖတ်​ရှူ့ မိခဲ့​လေ
သည်​။
ဖတ်​ရှူရ​သော စာအုပ်​အမျိုးမျိုး၌အမျိုးသမီးတစ်​​ယောက်​ထက်​မြက်​၍အလွန်​​တော်​သည်​ ဆိုလျှင်​အားကျ၍​မဆုံးဖြစ်​ခဲ့သည်​။
ကျွန်​မ၏စိတ်​ဓာတ်​ပြင်းထန်​မှူ၊မုန်းတီးမှူ အမုန်းတရား
များကို နားလည်​ခဲ့​သောကျွန်​မ၏ဖခင်​သည်​ ကျွန်​မအား စာ​ပေမျိုးစုံ၊ဘာသာ​ရေးဖြစ်​စဉ်​များ၊ဘုရား​ဟောစာ​ပေများ
ဖြင့်​ချိန်​ထိုး၍​ဖြောင်းဖြ​ပြောဆိုခဲ့​လေသည်​။
၃၁ဘုံဤ​လောက၌ ကုသိုလ်​၊အကုသိုလ်​နှစ်​ဖြာ​သော ကံအ​ကြောင်းတရားများ​ကြောင့်​ သံသရာလည်​၍​အမျိုးသား၊အမျိုးသမီးများ ဖြစ်​​ပေါ်လာရခြင်းဖြစ်​​ကြောင်းစသဖြင့်​ကျွန်​မကြီးပြင်းသည်​အထိ​နားဝင်​​အောင်​​ဖြောင်းဖြ​ပြောဆိုခဲ့​လေသည်။
ကျွန်​မ၏ဖခင်ညွှန်​ပြ​ပေး​သော ဘာသာ​ရေးစာ​ပေများ ကိုဖတ်​ရှူ့​လေ့လာခြင်းဖြင့်​ ကျွန်​မ၏မုန်းတီးမှူများတဖြည်းဖြည်း​လျော့ပါးသွားခဲ့ပါသည်​။
ရဟန္တာအရှင်​မြတ်​ကြီးများပင်​ ပါရမီနုစဉ်​အခါ အ​သေ​င်္ချေ
ဘဝများစွာက အမျိုးသမီးဖြစ်​ခဲ့ဖူးသည်​ကိုလည်း​လေ့လာ ဖတ်​ရှူ့ ခဲ့မိ​လေသည်​။
"ဤသံသရာ၌ကျင်​လည်​ကုန်​​သောသတ္တဝါများ အားလုံး
သည်​​ဆွေမျိုးမ​တော်​စပ်​ဖူးသည်​မရှိ" ဟူ​သော ဘုရားရှင်
မှ​ဟောကြားထားသည်​ကိုလည်းနှစ်​ခြိုက်​မိခဲ့​လေသည်​။
"ငါသူတပါး​ယောက်ျားဟူသည်​မရှိ၊ရုပ်​နာမ်​နှစ်​ဖြာသာရှိသည်​"ဟူ​သော ဆရာ​တော်​ကြီးများ​ဟောကြား သည်​ကို လွန်​စွာ နှစ်​သက်​၍​ကျေနပ်​ပီတိဖြစ်​ခဲ့မိ​လေ သည်​။
အခွင့်​အခါရ၍ အဘိဓမ္မာသင်​တန်းတက်​ခဲ့သည့်​ အခါ
တွင်​မူ ပို၍သ​ဘော​ပေါက်​နားလည်​လာခဲ့​လေသည်​။
မိန်းမ၊​ယောက်ျားဟူသည်​မှာ ပညတ်​သာဖြစ်​​လေသည်​။
ပရမတ်​ဖြစ်​​သော ရုပ်​နာမ်​နှစ်​ဖြာအား ဖြစ်​ပျက်​မြင်​၍ ပယ်​ဖျက်​နိုင်​မှသာ ဘဝအဆုံးမြတ်​နိဗ္ဗာန်​အား မလွဲဧကန်
အမှန်​ပင်​​ရောက်​ရှိမည်​ဖြစ်​သည်​။
မြတ်​စွာဘုရားသည်​ နိဗ္ဗာန်​ကိုမျက်​​မှောက်​ပြုရာ၌
ကျားမမခွဲ တန်းတူသာ​ဟောကြားခဲ့ပါသည်​ဟူ​သော
အ​တွေးမျိုးဖြစ်​​ပေါ်ခဲ့​လေသည်​။
ဗုဒ္ဓဘာသာဝင်​ဖြစ်​​သော၊ အဘိဓမ္မာတရား​တော်​အား
အ​ခြေခံအဆင့်​​ဖြေဆိုပြီး​သော ကျွန်​မသည်​​ယောက်ျား မိန်းမဟူ​သော ပညတ်​များ​ပေါ်၌ အစွဲအလန်းကြီးစွာဖြင့်
အမုန်းတရားများပွားများ​နေခြင်းသည်​ မသင့်​​လျော်​လှပါ​တကား ဟူ​သောအ​တွေးများဝင်​လာခဲ့မိပါသည်​။

ထို့​ကြောင့်​ ကျွန်​မသည်​ အကုသိုလ်​စိတ်​၁၂ပါးတွင်​ ပါဝင်​သည့်​​ဒေါမနဿ ​စိတ်​ဖြစ်​သည့်​ မုန်းတီးမှူများအား ပယ်​​ဖျောက်​၍ ကုသိုလ်​စိတ်​များပွားများ​အောင်​ အတတ်​နိုင်​ဆုံး​နေထိုင်​သင့်​​ကြောင်း မိမိကိုယ်​မိမိဆုံးမမိ​​ပါသည်​။
ဤ​လောက၌ အမျိုးသားဖြစ်​​စေ၊ အမျိုးသမီးဖြစ်​​စေ
လူ့​ဘောင်​​လောကနှင့်​ မိမိပတ်​ဝန်းကျင်​အားအကျိုးပြုမည့်​ လူသားအဖြစ်​ကြိုးစားမှသာလျှင်​ လူ့အဖိုးတန်​​များဟု
သတ်​မှတ်​​ခေါ်ဆိုနိင်​မည်​ဖြစ်​​ကြောင်း​တွေး​တော ဆင်​ခြင်​ရင်းဖြင့်​ ဤစာစုအားနိဂုံးချုပ်​ပါ​တော့မည်​။

လူသားတိုင်းအမုန်းတရားကင်းစင်​ အမှန်​မြင်​၍​လောက
ကိုအလှဆင်​နိုင်​ ကြပါ​စေဟုဆု​တောင်းရင်း အ​တွေးတ
စဖြင့်​ အိအိခိုင်​​ရေးဖွဲ့ပါသည်​။
@eieikhing
MSC No.173

image

Credited from google images.

Sort:  

မိန်းကလေး ဖြစ်နေလို့ အားမငယ်ပါနဲ့ကွယ်။ မိခင်တစ်ယောက်ရဲ့ဘ၀က ပိုလေးနက်ပါတယ်။

အရေးအသားမိုက်တယ် မအိ

ဟုတ်​​ကျေးဇူးကိုသက်​ထူး​အောင်

အ​ရေးနဲ့အ​တွေး​ကောင်းပါတယ်​ မအိ​ရေ ..

ဟုတ်​ကဲ့​ကျေးဇူး

This post has received a 3.69% upvote from @lovejuice thanks to @eieikhing. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

You got a 7.69% upvote from @whalebuilder courtesy of @eieikhing. Join @whalebuilder family at our Discord Channel. Don't let your precious stake(SP) go stale...Make it do more so you have to do less. Deligate it to @whalebuilder by clicking on one of the ready to delegate links: 50SP | 100SP | 250SP | 500SP | 1000SP | 5000SP | custom amount.

You got a 1.91% upvote from @nado.bot courtesy of @eieikhing!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Sneaky Ninja Attack! You have been defended with a 1.54% vote... I was summoned by @eieikhing! I have done their bidding and now I will vanish...Whoosh

You got a 1.14% upvote from @allaz courtesy of @eieikhing!

You got a 2.57% upvote from @adriatik courtesy of @eieikhing!

Release the Kraken! You got a 1.17% upvote from @seakraken courtesy of @eieikhing!

မိုက်တယ် လိမ္မာဘူး 😁😁😁

ဟုတ်​;sis.

ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေသား

ဟုတ်​ကဲ့မဇင်

Congratulations! This post has been upvoted from the communal account, @minnowsupport, by eieikhing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ရေးထားတာ ကောင်းလွန်းပါတယ်ဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

ဖတ်​ရတာ အရမ်း​ကောင်းပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ​နော်

အကြောင်းအကျိုးပါပဲဗျာ

ဟုတ်​ကဲ့။

ဖတ်ရတာ အရသာရှိပါတယ်ရှငိ့

ဟုတ်​ကဲ့​ကျေးဇူးညီမ

Good post​ ​ရေးတတ်​တာ​နော်

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင့်

ငယ်ငယ်တုန်းကတော့ ယောကျာ်းလေးဘဝကို နည်းနည်းအားကျတာမျိုးရှိခဲ့ဖူးပါတယ်။ယခုတော့ မိန်းကလေးဘဝနဲ့ပဲ ကြီးပြင်းလာရင်း ကျေနပ်နေတတ်သွားပါပြီ။

ဟုတ်​ကဲ့

အရေးအသားကောင်းတယ်ရှင့်
တွေးတက်ပုံများ

ဟုတ်​​ကျေးဇူး

အရေးသားလေးကောင်းတယ်ဗျာ အားပေးနေပါတယ်မအိရေ

ဟုတ်

ဖတ်ရတာ တနေ့တခြားမိုက်လာတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ

အ​ရေးသား​တွေ ​ကောင်းတယ်​အမ

ဟုတ်​​ကျေးဇူး

စိတ်ကူးလေးလည်းကောင်း အရေးလည်းကောင်း...အားပေးသွားပါတယ်အမရေ..

ဟုတ်​ကဲ့​ကျေးဇူးအမျာကြီးတင်​ပါတယ်​ရှင်

ပထမပိုင်းခံစားချက်လေးရော ရင့်ကျက်တဲ့ တရားသဘောတွေရော အများကြီးနဲ့ ကောင်းလွန်းပါတယ်ဗျာ ခံစားချက်အစစ်အမှန်တွေက ကူးစက်တတ်ပါတယ် ။

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်

ယောက်​က်ျားနဲ့မိန်းမကမတူပါဘူး။
ခန္ဓာကိုယ်​တည်​​ဆောက်​ပုံကိုပဲကြည့်​ပါ။
အဲတာကခွဲခြားတာမဟုတ်​ပါဘူး။
လူ့​လောကပညတ်​​တွေကတစ်​ချို့​နေရာ​တွေမှာ တဖက်​​စောင်းနင်း​ပြောတာ​တော့ရှိပါတယ်​။
တူချင်​ရင်​နိဗ္ဗာန်​ရ​အောင်​လုပ်​ပါ။
မိန်းမလည်းတန်းတူရနိုင်​ပါတယ်​။
ရဟန္တာဖြစ်​နိုင်​ပါတယ်​။
နိဗ္ဗာန်​မှာ​ယောကျာ်းမိန်းမဆိုတာမရှိ​တော့ပါဘူး။

ဟုတ်​ကဲ့