စိတ်​ကိုရှင်းလင်းနည်း(၁)

in #myanmar7 years ago

ဒီ​နေ့​တော့ဘာ​ရေးလို့​ရေးရမှန်းမသိ။လူက​​နေမ​ကောင်းချင်​သလိုလိုစိတ်​ကမကြည်​။က​လေး​တွေကလုပ်​ခိုင်းသည့်​အိမ်​စာမပြီး​ဒေါသ​တွေထွက်​​နေမိသည်​။
ထို့အတူonline​ငွေရှာgroupတခုထဲဝင်​မိပြီးစိတ်​ကဖိစီးလွန်းလှသည်​။
ဒေါသဖြစ်​ပြီဆိုလျှင်​ကျွန်​မဘာကိုမှ အာရုံစူးစိုက်​၍မရ​ပေ။
ထို့​ကြောင့်​​ဒေါသဖြစ်​​စေသည့်​အ​ကြောင်းတရားများအား
အတတ်​နိုင်​ဆုံး​ရှောင်​ကြဉ်​၍မိမိ၏စိတ်​ကိုသတိထား၍
ထိန်းသိမ်း​နေခဲ့ပါသည်​။
သို့​သော်​လည်းတခါတရံ၌​​ဒေါသစိတ်​ဖြစ်​ပြီးစိတ်​လွတ်​သွားခဲ့သည်​။စိတ်​သည်အလွန်​ဆန်းကြယ်​လှ​ပေသည်​။တခါတရံ၌စိတ်​အလိုမကျသည့်​ကိစ္စအ​ကြောင်းမရှိ​သော်
လည်းမိမိ၏အတိတ်​မှ​နာကြဉ်းစရာအ​ကြောင်းတရားများ
အား​တွေးမိသွားတတ်​သည်​။ထိုအခါ၌အနည်းနှင့်​အများ
စိတ်​လှူပ်​ရှားမှူဖြစ်​ပြီး​ဒေါသစိတ်​အနည်းငယ်​ပင်​ဖြစ်​​စေ
ဖြစ်​တတ်​​ပေသည်​။
ထို့​ကြောင့်​မိမိ၏အ​တွေးများအားလည်းအတတ်​နိုင်​ဆုံးထိန်းချုပ်​နိုင်​ရန်​ကြိုးစားရပါသည်​။လူတစ်​​ယောက်​အားမ​ကျေနပ်​စိတ်​ဖြင့်​​ဒေါသဖြစ်​မိလျှင်​မိမိ၏စိတ်​သည်
ပင်​ပန်းနွမ်းနယ်​ပြီးမိမိ၏အလုပ်​များအားအာရုံစူးစိုက်​မူနည်းပါး​စေသည်​။
ထို့​ဒေါသဖြစ်​လျှင်​မိမိ၏တိုးတက်​ရာတိုးတက်​​ကြောင်းအလုပ်​များအားလစ်​ဟင်း​စေပါသည်​။ထို့​ကြောင့်​​ဒေါသ
စိတ်​ကိုမလွန်​ကျူး​စေရန်​ထိန်းသိမ်းရ​ပေမည်​။
ကျွန်​မသည်​ဘဝတွင်​စိတ်​ဒဏ်​ရာရ​စေမည့်​​ကောင်းကျိုး
မ​ပေးသည့်​လူများအားအတတ်​နိုင်​ဆုံး​ရှောင်​ကြဉ်​၍​အကုသိုလ်​စိတ်​နည်းပါး​အောင်​​နေ​လေ့ရှိသည်​။
မဖြစ်​မ​နေ၎င်းလူများနှင့်​ထိ​တွေ့ဆက်​ဆံရလျှင်​လည်း
အတတ်​နိုင်​ဆုံးစိတ်​ကိုတည်​ငြိမ်​စွာထားပါသည်​။စိတ်​လှူပ်​ရှားမှူနှင့်​​ဒေါသအားအတတ်​နိုင်​ဆုံးထိန်းသိမ်းထားပါသည်​။
စိတ်​လှူပ်​ရှားမှူသည်​မိမိ၏လုပ်​ကိုင်​ရမည့်​အရာများအား
အမှားအယွင်းများ​စေတတ်​သည်​။၎င်းနှင့်​​ဒေါသတရား
ယှဉ်​တွဲလာလျှင်​ပို၍ဆိုး​ပေ​တော့သည်​။
ထို့​ကြောင့်​ပစ္စုပ္ပာန်​တည့်​တည့်​ထား၍​​ဒေါသတရား
အား​ပေါက်​ဖွား​စေနိုင်​မည့်​အ​တွေးများအားစိတ်​မ​ရောက်
နိုင်​​အောင်​ထိန်းသိမ်းရမည်​။မိမိ၏အ​တွေးများ၌အကု
သိုလ်​တရားများလွှမ်းမိုးမူမရှိ​စေရန်​စိတ်​ကိုသတိကပ်​၍
ကြိုးစား​နေထိုင်​သင့်​လှ​ပေသည်​။
မိမိ၏အ​တွေးများသည်​အပြုသ​ဘော​ဆောင်​၍ကုသိုလ်​နှင့်​ယှဉ်​​သောအ​တွေးများဖြစ်​ရန်​ကြိုးစားရမည်​။မိမိ၏ကာယကံ၊ဝစီကံမ​နောကံများသည်​မိမိ၏ဘဝကိုဖန်​တီး​နေသည့်​ဖန်​ဆင်းရှင်​များဖြစ်​ကြသည်​။ထို့​ကြောင့်​၎င်းတို့​အားနိုင်​နိုင်​နင်းနင်းထိန်း​ကြောင်းပဲ့ပြင်​ရန်​လိုအပ်
လှ​ပေသည်​။မ​နောကံအားညစ်​နွမ်း​စေသည့်​​ဒေါသတရား
အားလည်းနည်းပါး​စေသည့်​အ​ကြောင်းတရားများအား
ရှာ​ဖွေရန်​လိုအပ်​လှ​ပေ​ကြောင်း​ပြောကြားရင်းဖြင့်​ဤစာစု၏ပထမပိုင်းအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

အ​တွေးတစဖြင့်​အိအိခိုင်​​ရေးသားသည်​။
MSC No.173
image
Credited image from https://pixabay.com/en/leaf-nature-green-spring-abstract-1482948/

Sort:  

စိတ်​လှုပ်​ရှားမှူသည်​မိမိ၏လုပ်​ကိုင်​ရမည့်​အရာများအားအမှားအယွင်းများ​စေတတ်​သည်.....​ဒေါသတရားအား​ပေါက်​ဖွား​စေနိုင်​မည့်​အ​တွေးများအားစိတ်​မ​ရောက်
နိုင်​​အောင်​ထိန်းသိမ်းရမည်။

မှန်​ပါ့ရှင်​။

လျစ်လျူရှုထားတာ အကောင်းဆုံး ဆေးတစ်ခွက်ပါ

မတွေ့တာကြာပေါ့ ကုန် done ပေးထားခဲ့တယ် မအိရေ 😊😊

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

အသိကို သတိနှင့်ကပ်ပါလို့တော့ ကြားဖူးတယ် အစ်မရယ် လုပ်ကြည့်ကြတာာပေါ့

ဒေါသထွက်​ရင်​ဘာမှ အာရုံစိုက်​လို့မရတာ​တော့ တူတယ်​အမ​ရေ

You got a 2.36% upvote from @upme thanks to @eieikhing! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

စိတ်ကိုတကယ်ရှင်းချင်ရင် ငါကိုအရင်ရှာ ငါဆိုတာဘာမှမဟုတ် ကံဇာတ်ဆရာအလိုကျ ကြိုးဆွဲခံနေတဲ့အရုပ်ကြီး။သူလည်းဘာမှမဟုတ် ငါလည်းဘာမှမဟုတ်၊ နောက်ဆုံးမှာလူတွေ ပြဿနာတွေ ကအဖြစ်အပျက်သက်ပဲ ။ဒီနေ့အကြီးကြီးထင်နေတဲ့အခက်အခက်တွေ နောက်ကျတော့လည်းဘာမှမဟုတ် သူများတွေကိုယ်လို အချို့ကိုယ်ထက်ခက်ခဲစွာရင်ဆိုင်နေရာတာတွေတွေးကြည့်သက်သာသွားမှာပါ

ဟုတ်​ကဲ့