တာဝန်ယူမှူနှင့်တာဝန်ခံမှူဤနှစ်ရပ်သည်ကိစ္စများမြောင်လူတို့ဘောင်ဝယ်အလွန်ပင်အရေးကြီးလှသည်။လူတိုင်းလူတိုင်းသည်တစ်ဦးတစ်ယောက်တည်းသီးသန့်
သီးခြားနေထိုင်၍မရသောအမျိုးဖြစ်သည်။ထို့ကြောင့် လူတိုင်းသည်အုပ်စုဖွဲ့၍နေထိုင်အသက်ရှင်နေရ
သည်ဟုပင်ဆိုနိုင်သည်။လူသည်အမိဝမ်းမှစတင်၍မွေး
ဖွားလာသည်နှင့်တပြိုင်နက်အသိုင်းအဝိုင်းနှင့်စတင်
ထိတွေ့ရလေသည်။
မိဘ၊ညီအစ်ကိုမောင်နှမများ၊ဘိုးဘွားများစသည့်အသိုင်း
အဝိုင်းအဖွဲ့အစည်းများနှင့်စတင်ထိတွေ့ဆက်ဆံရပါသည်။ထို့ကြောင့်အဖွဲ့အစည်းများကြားရှင်သန်နေထိုင်
ရသည်ဟုဆိုရပေမည်။
ထို့ကြောင့်အိမ်တစ်အိမ်၊မိသားစုတစ်စုမှစ၍လမ်းတစ်လမ်း၊ရပ်ကွက်တစ်ခုမှသည်အဖွဲ့အစည်းများအားလုံး နိုင်ငံတော်အဆင့်အထိ တာဝန်ဝတ္တရားအသီးသီးရှိကြပါ
သည်။
အမိဝမ်းမှကျွတ်ကာစတွင် အစစအရာရာ မိခင်ဖခင်နှင့်
ညီအစ်ကိုမောင်နှမများကလုပ်ကိုင်ပေးကြပါသော်လည်း
စကားပြောတတ်သိတတ်သည့်အရွယ်၃နှစ်လောက်မှစ
တင်၍မိမိတကိုယ်ရေတာဝန်များအားနိုင်သလောက်စတင်ယူကြနေရပေသည်။
မူကြိုစတင်တက်သည့်အရွယ်တွင်ကျောင်း၌ မိမိ၏နေ့စဉ် ပြုလုပ်ဖွယ်များဖြစ်သည့် အစားအသောက်ကိစ္စ၊ဝတ်ဆင်မူကိစ္စမှသည်အပေါ့အလေးစွန့်သည့်ကိစ္စအဆုံးစတင်၍
တာဝန်ယူနေရပေသည်။
ထို့ပြင်မူကြိုစတင်တက်သည့်အချိန်မှစတင်၍ကျောင်းသားတစ်ယောက်၏တာဝန်ဝတ္တရားများ စတင်၍လုပ် ကိုင်ဆောင်ရွက်နေရပေသည်။ထို့ကြောင့်လည်းမိမိတာ
ဝန်ကိုမိမိကျေပွန်စွာဆောင်ရွက်တတ်စေရန်၎င်းအရွယ်မှ ပင်စတင်၍ပြုစုပျိုးထောင်ပေးသင့်လှပေသည်။
မိသားစုတစ်စုတွင်အိမ်ထောင်ဦးစီးသည်လည်းမိမိတာ
ဝန်ဖြစ်သောအိမ်ထောင်ဦးစီးတာဝန်ကိုကျေပွန်စွာတာ
ဝန်ယူမှူရှိရပေမည်။ထို့ပြင်အိမ်ထောင်ဦးစီးသည်အဂတိ တရားကင်းရှင်းစွာဖြင့်မိမိ၏မိသားစုအားတာဝန်ယူမှူရှိ
ရပါမည်။ထို့အတူမိသားစုတွင်ဖြစ်ပေါ်လာသောကိစ္စရပ်များအပေါ်တွင်လည်းတာဝန်ယူဖြေရှင်းမှူရှိရပါမည်။
ထို့အတူပင်မိသားစုဝင်များသည်လည်းအသီးသီးတာဝန်ကိုယ်စီကျေပွန်ရပေမည်။အိမ်ထောင်ဦးစီးသည်မိသားစု
ဝင်များအားမျက်ချေမပြတ်စောင့်ကြည့်၍လိုအပ်သည်များ
ကိုတာဝန်ကျေပွန်စွာဆောင်ရွက်ရပေမည်။
လူ့ဘောင်လောကတွင်လူသားတိုင်းသည်အခြေအနေတစ်ခုနေရာအနေအထားတစ်ခု၌ရပ်တည်နေကြသူများ
ပင်ဖြစ်ကြသည်။အငယ်ဆုံးမူကြိုကျောင်းသားကလေး
တစ်ယောက်ပင်လျှင်အခြေအနေတစ်ခု၌တာဝန်ဝတ္တရား
တစ်ခုကိုထမ်းဆောင်နေသူပင်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းတစ်ခု၊နိုင်ငံရေး၊ပရဟိတစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖွဲ့စည်းထားသောအဖွဲ့အစည်းအမျိုးမျိုးတွင်ခေါင်းဆောင်နေရာတာဝန်ယူထားကြသူ များ၏တာဝန်ယူမှူ၊တာဝန်ခံမှူသည်ကားအလွန်ပင်အရေး ကြီးလှပါသည်။အထူးသဖြင့်အဖွဲ့အစည်းအမျိုးမျိုး၌စည်း ကမ်းချက်အမျိုးမျိုးလည်းရှိကြပေမည်။ထိုထုတ်ပြန်ထား
ရှိသောစည်းကမ်းချက်များအားတသွေမတိမ်းလိုက်နာကြရမည်မှာအဖွဲ့ ခေါင်းဆောင်နှင့်တကွအဖွဲ့သားအား လုံး၏တာဝန်ပင်ဖြစ်သည်။
စည်းကမ်းချက်များကိုထုတ်ပြန်ထားသောခေါင်းဆောင်တစ်ယောက်သည်မိမိကိုယ်တိုင်ထိုစည်းကမ်းများအား
တသွေမတိမ်းလိုက်နာဆောင်ရွက်မှူသည်လွန်စွာအရေး ကြီးလှပေသည်။ထိုသို့မဟုတ်မိမိကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်ခြင်းမရှိသောစည်းကမ်းများအားထုတ်ပြန်မိလျှင် အဖွဲ့သားများ၏ထိုခေါင်းဆောင်အပေါ်လေးစားမှူ၊ရိုသေ
မှူများသည်ပျောက်ကွယ်သွားကြပေလိမ့်မည်။
၎င်းခေါင်းဆောင်၏ရှေ့တွင်လိုက်နာကျင့်သုံး၍နေကြပေ
လိမ့်မည်။သို့သော်ထိုခေါင်းဆောင်၏ကွယ်ရာ၌စည်းကမ်းများအားဖောက်ဖျက်ကျူးလွန်ကြပေလိမ့်မည်။စည်းကမ်းများအားမဖောက်ဖျက်ကျူးလွန်မှူမရှိသော်လည်းတချို့သောအဖွဲ့ဝင်များသည်ထိုခေါင်းဆောင်အား စိတ်ထဲ၌ကြိတ်၍ပျက်ရယ်ပြုနေကြပေလိမ့်မည်။
မိမိအကျိုးစီးပွားတစုံတရာထိခိုက်မည်ကိုစိုးရွံ့၍သော်လည်းကောင်း၊မိမိအဖွဲ့အစည်းမှနုတ်ထွက်ရမည်ကို
စိုးရွံ့၍ပြန်မပြောကြသော်လည်း စိတ်ထဲ၌မူ မိမိတို့၏ အဖွဲ့ခေါင်းဆောင်အားကြည်ညိုလေးစားမှူပျက်ပြယ်၍ ဆန့်ကျင်နေကြပေလိမ့်မည်။ထို့ကြောင့်အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်သည်မိမိချမှတ်ထားသောစည်ကမ်းများ အားမိမိကိုယ်တိုင်လိုက်နာကျင့်သုံးသည့်တာဝန်ယူမှူ
သည်မလွဲမသွေရှိရပေမည်။
ထို့အတူနိုင်ငံတစ်နိုင်ငံတွင်လည်းထိုနိုင်ငံ၏ဥပဒေများ
အားနိုင်ငံ့ခေါင်းဆောင်နှင့်တကွတိုင်းသူပြည်သားတိုင်း
မလွဲမသွေလိုက်နာကျင့်သုံးမှူရှိရပေမည်။နိုင်ငံ၏ဥပဒေ
ကိုနိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင်လိုက်နာကျင့်သုံးမှူမရှိ
လျှင်ထိုနိုင်ငံ၏တရားဥပဒေစိုးမိုးရေးသည်လျော့တိလျော့
ယဲသာဖြစ်နေပေမည်။
ထို့ပြင်အဖွဲ့အစည်းတခုခု၌ခေါင်းဆောင်နေရာတစ်ခု အားရရှိထားသူများသည်မိမိတို့၏အခွင့်အာဏာအား
အလွဲသုံးစားမပြုသင့်ပေ။မိမိတို့ရရှိထားသောနေရာတစ်ခုသည်မိမိ၏တာဝန်ယူမှူအတွက်နေရာတစ်နေရာသာ ဖြစ်သည်ကိုသတိပြုသင့်လှပေသည်။
အဖွဲ့အစည်းတခု၏ခေါင်းဆောင်သည်မိမိရရှိထားသော
ရာထူးနေရာတစ်ခုသည်အဖွဲ့အစည်း၏ကြီးလေးသော
တာဝန်ဝတ္တရားများအားထမ်းဆောင်ရန်တာဝန်ပေးခံရ
ခြင်းသာလျှင်ဖြစ်ပေသည်။မိမိလက်အောက်ငယ်သား
အဖွဲ့သားများအားမိမိရရှိထားသောအခွင့်ထူးအား အသုံး
ချကာအာဏာပြမှူ၊နှိပ်ကွက်မှူနှင့်မိမိကိုယ်တိုင်လိုက်နာ ကျင့်သုံးခြင်းမရှိသောစည်းကမ်းများအတွက်အရေးယူ
ခြင်းများသည်ခေါင်းဆောင်၏ဂုဏ်သိက္ခာအားလွန်စွာ တန်ဖိုးကင်းမဲ့စေပေလိမ့်မည်။
မိမိအားခေါင်းဆောင်မှူနေရာပေးထားသည်မှာအဖွဲ့ဝင်များ၏ကိစ္စရပ်များအားတာဝန်ခံလုပ်ဆောင်ပေးရန်တာ
ဝန်ပေးထားခြင်းသာဖြစ်သည်ကိုသတိပြုသင့်သည်။
ထို့ကြောင့်မိမိရရှိထားသောနေရာအတွက်ရစ်မူးသာယာ
မနေသင့်ပေ။
နိုင်ငံတစ်နိုင်ငံတွင်လည်းနိုင်ငံ့ခေါင်းဆောင်အဖြစ်တာဝန်ပေးအပ်ခံရခြင်းသည်နိုင်ငံသားတို့တာဝန်အား
တာဝန်ခံ၍အစစအရာရာလုပ်ဆောင်ပေးရန်ခံ့အပ်ခြင်းသာဖြစ်သည်။ထို့အတူပင်အဖွဲ့အစည်းတခုခုတွင်လည်းခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံရသူသည်အဖွဲ့သားတို့
၏လုပ်ငန်းတာဝန်များအားတာဝန်ယူရန်အတွက်သာဖြစ်သည်။
ထို့ကြောင့်အကြီးအကဲတာဝန်ယူထားသည့်ဦးဆောင်သူ
များသည်မိမိတို့၏တာဝန်များအားကျေပွန်စွာဖြင့်ထမ်းရွက်ရင်းမိမိ၏လက်အောက်ငယ်သားအဖွဲ့ဝင်များအား
နာယကဂုဏ်အပြည့်ဖြင့်အဂတိတရားကင်းရှင်းစွာဖြင့်
တာဝန်ယူမှူတာဝန်ခံမှူရှိကြပါစေဟုဆန္ဒပြုရင်းနိဂုံးချုပ်လိုက်ပါတော့သည်။
အိအိခိုင်ခံစားရေးဖွဲ့သည်။
MSC No.173.
Credited from google images.
ခေါင်းဆောင်ကောင်းဖြစ်လာရင်နောက်လိုက်ကောင်းတွေလည်းသူ့အလိုလိုရောက်ရှိလာကြမှာမလွဲမသွေပါပဲရှင်
ဟုတ်တယ်မဇင်ရေ
အမှန်ပါပဲဗျာ.....တာဝန်ယူမှုဆိုတာရှိရပါမယ်။ကလေးငယ်တွေကိုလည်းတာဝန်ယူတတ်အောင်ဆုံးမသွန်သင်ရပါမယ်..
ဟုတ်ကဲ့
မှန်ပါပေ့ဗျာ။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ လိုက်နာကျင့်သုံးရမည့် အချက်များပါပဲ။
ဟုတ်ကဲ့
နာယကဂုဏ်အပြည့်ဖြင့်အဂတိတရားကင်းရှင်းစွာဖြင့်
တာဝန်ယူမှူတာဝန်ခံမှူရှိကြပါစေဗျာ။
ဟုတ်ပါ့။ဖတ်ရူအားပေးလို့ကျေးဇူးကမ္ဘာပါရှင့်
"ထကြွ နိုးကြား သနား သိခံ ဝေဖန် ထောက်ရှု"ဆိုတဲ့ဆုံးမစာလို ကျင့်ရမှာပေါ့နော
ဟုတ်ကိုမြင့်။အားပေးလို့ကျေးဇူးပါ
မှတ်သားစရာတွေပါပဲ 👍
ဟုတ်ကဲ့ရှင့်
ဟုတ်အမ ကောင်းဆောင်ကောင်းတွေရဲ့ တာဝန်တွေလည်း များသားနော်
ဟုတ်အားပေးတာကျေးဇူးမောင်လေးရေ
မှန်ပါတယ်ဗျာ ကျွန်တော်တို့တွေလည်း တနေ့ ခေါင်း
ဆောင်တွေ ဖြစ်လာရမှာပဲလေ
ဟုတ်ကဲ့အားပေးတာကျေးဇူးပါရှင်
တာဝန်ယူမှုက အရေးကြီးတယ် တာဝန်လည်းကျေဖြိ့လိုတာ်
ဟုတ်ကဲ့အားပေးလို့ကျေးဇူးပါညီမ
နာယကဂုဏ်နဲ့ပြည်စုံရင်အကောင်းဆုံးပေါ့ဗျာ
ဟုတ်ကဲ့
ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက် တာဝန်ယူမှု,တာဝန်ခံမှုတွေကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။
ဟုတ်ကဲ့အားပေးတဲ့အတွက်ကျေးဇူးပါ
ခေါင်းဆောင်လုပ်ပြီးဆိုကတည်းကတာဝန်ယူနိုင်စွမ်းလည်းရှိရမယ်၊တာဝန်ခံနိုင်စွမ်းလည်းရှိရမယ် မှန်ပါတယ်ညီမလေး
ဟုတ်ကဲ့ကျေးဇူးမမ
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်
ဟုတ်ကဲ့
မအိနဲ့တော့တိုက်ဆိုင်ကုန်ပြီ တာဝန်ယူမှုနဲ့ပတ်သက်တဲ့တင်ပြပုံတော့မတူတဲ့ ဆောင်းပါးကိုပဲ Pro တင်ထားတယ်
ဟုတ်ကဲ့
တာဝန်ယူမူတာဝန်ခံမူ.ရှိမှတိုးတက်မယ်
ဟုတ်ကဲ့ရှင့်
တာဝန်ယူမှု တာဝန်ခံမှုအပြည်အ၀ရှိမှ အဖွဲ့အစည်းတစ်ခု တိုးတက်ခိုင်မာပါလိမ့်မယ်
ဟုတ်ပါတယ်ရှင်
အမှန်ပဲ မရေ
ဟုတ်ကဲ့ညီမ
ခေါင်းဆောင်ဖြစ်လေ တာဝန်ယူမှုကြီးလေပဲ
အမှန်ပါပဲရှင်။
အခုခတ်မှာကျွန်တော်တို့တွေ့နေရတာတော့အဲ့ဒီလိုလူတွေနည်းနေပြီး
ကျန်သင့်သလောက်တော့ကျန်နေပါသေးတယ်။
ဟုတ်ပါတယ် မအိရေ.... ကျနော်တို့လည်း တာဝန်သိပြည်သူတစ်ဦး ဖြစ်အောင်ကြိုးစားနေပါတယ်။
ဟုတ်ကဲ့
ဟုတ်ကဲ့ပါ မအရေ ၊ တာဝန်ယူမူ တာဝန်ခံမူဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့ အရာ တစ်ခုပါ။
ဟုတ်ကဲ့
ခေါင်းဆောင်ကောင်းတွေဆိုတာ ကိုယ်ကျင့်တရားကို ခါးပက်လို ပက်ထားကြသူတွေပါ ။
ဟုတ်ပါတယ်ရှင်
Congratulations @eieikhing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP