မနေ့ကနေ့လည် သူငယ်ချင်းတစ်ယောက် နာရေး ရေဝေးသုသာန်လိုက်ပို့ရတယ်။ အရမ်းကြီးမရင်းနှီးပေမဲ့ ခေါ်ထူးမေးဖြေ လမ်းမှာတွေ့ရင်လဲ အမြဲနှုတ်ဆက်တတ်တဲ့သူငယ်ချင်း ။ အသက်က (၂၇ )သာရှိသေးသည်။ ကျနော်တို့နဲ့ မတိမ်းမယိမ်း။ လူ့လောကသက်တမ်းနှင့်ချိန်ကြည့်လျှင် ဘဝရဲ့ ပထမအရွယ်သာ နေရသေးတယ်။ သက်တမ်းစေ့နေရမယ်ဆိုရင် ဘဝမှာရှင်သန်ချိန်တွေအများကြီးရှိသေးသည်။ အနာဂတ်တွေရှိနေသေးသည်။ တက်လမ်းတွေရှိနေသေးသည်။ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိသည်။ ဒါနဲ့ ဘာရောဂါကြောင့်သေတာလဲမေးကြည့်တော့ အသဲအဆီဖုံးတယ်ဆိုလား အသဲခြောက်တယ်ဆိုလားပဲ။ သေချာတာကတော့ အရက်ကြောင့်တဲ့။ အသက်ကသာ (၂၇ )ရှိသေးသည်။ သူအရက်သောက်သည့် နှစ်ပေါင်းက ဆယ်စုနှစ်တခုနီးပါး။ :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP