၂၇/ ၄ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar7 years ago

လွန်ခဲ့သော ၄၈ နာရီက USD $ 3.50 ခန့်ရှိခဲ့သော Steem ဈေးမှာ ဈေးကွက် အတွင်း၌ အတက်အကျ အကြိမ်ကြိမ် ရှိခဲ့ပါသည်။ အမြင့် ဆုံး ဈေး အဖြစ် USD $ 4 အထက် ကျော်ခဲ့ သလို အနိမ့်ဆုံး ဈေး အဖြစ် USD $ 3.20 ခန့် အထိ ကျဆင်းသွားခဲ့ပါသည်။

Steem ဈေးသည် လွန်ခဲ့သော ၂၄ နာရီ အတွင်းလည်း အတက်အကျ ကြမ်းခဲ့ကာ အမြင့်ဆုံး ဈေးအဖြစ်USD $ 4.51 အထိ ရှိခဲ့ကာ ဈေးကွက် coin marketcap ၏ အဆင့် ၂၅ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါသည်။

သို့ သော် Steem ဈေး သည် လွန်ခဲ့သော ၁၂ နာရီ ခန့်မှ စ၍ USD $3.90 ခန့်တွင် ဈေး ကွက် အေးသွားခဲ့ပြီ ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် Bittrex ဈေးကွက် အတွင်း၌ Steem အား USD USD $ 3.90 ခန့်တွင် ဈေးတန့်နေ၍ ဝယ်ရောင်း ပြုလုပ်ခြင်း မရှိသလောက် ပင် ဖြစ်ပါသည်။

Screen Shot 2018-04-27 at 11.33.18 AM.png

SBD မှာ လွန်ခဲ့ သော ၄၈ နာရီ က သူ၏ ဈေး USD $ 3.50 ခန့်အား ထိန်းထားနိုင်း ခြင်း မရှိပဲ အကျ ဘက်သို့သာ ဦးတည်လျက်ရှိပါသည်။ လွန်ခဲ့သော ၂၄ နာရီ ခန့်က SBD ဈေးမှာ USD $ 3.13 အထိ ကျဆင်း သွားခဲ့ သလို အမြင်ဆုံး ဈေး အဖြစ် USD 3.79 အထိ ရောက်ရှိခဲ့ပါသည်။ လက်ရှိ SBD ဈေးသည်လည်း Bittrex ဈေးကွက် အတွင်း၌ USD $3.40 ခန့်တွင် ဝယ်ရောင်း မရှိသလောက်ဖြစ်ကာ ဈေးတန့်နေပါသည်။

Screen Shot 2018-04-27 at 11.33.43 AM.png

နာက် ၂၄ နာရီ အတွက် Steem & SBD ဈေး ခန့်မှန်းချက်မှာ Steem အနေဖြင့် USD $ 3.90 နှင့် အထက်သာ ရှိနေနိုင်ပြီး SBD အနေဖြင့် သူ၏ လက်ရှိဈေး ဖြစ်သော USD $ 3.40 ခန့်တွင် သာ ရှိနိုင်ပါသည်။ ဤသည်မှာ ခန့်မှန်းချက်သာဖြစ်၍ ဈေးကွက် မှာ အချိန်နှင့် အမျှ ပြောင်းလည်းနေပါသည်။

Screen Shot 2018-04-27 at 11.38.14 AM.pngScreen Shot 2018-04-27 at 11.38.47 AM.png
05.jpg06.jpg

Sort:  

တနေ့တကြိမ်ပဲ buy or sell လုပ်လို့ရတယ်လို့ဆိုလိုတာလားမရှင်းလို့ပြန်မေးကြည့်တာပါ။