မင်္ဂလာပါ ညီအကိုမောင်နှမများအတွက် ဒီတစ်ခါ ဘန်ကောက်မှာ
အလည်ဖြစ်ဖြစ် အလုပ်ကိစ္စဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်
ရောက်ရှိခဲ့မယ်ဆိုလျှင် ကိုယ်လည်းတက်နိုင်တဲ့ဈေး မြန်မာပြည်က
မိမိဆွေမျိုးသားချင်းများ အတွက်လည်း ဖောဖောသီသီ လက်ဆောင်
တပုံတပင်ကြီး သယ်သွားနိုင်အောင် ဘန်ကောက်မြို့က
ဖောက်သယ်ပေးနေတဲ့ တကယ့်ဈေးကြီးတွေ အကြောင်းကို
တင်ပြပေးသွားပါ့မည် ခင်ဗျ
ဒါပေမယ့် ပထမဆုံးပြောပြချင်တာကတော့ ဈေးတခုကို
လည်ပါတ်မယ်ဆိုရင် တစ်ရက်အနည်းဆုံး နှံအောင်ဈေးနှုန်း
လိုက်လံစုံစမ်းပါလို့ အကြံပြူပါရစေ စီးပွားရေးအရဆို ပိုပီးတော့
ဈေးနှုန်း သက်သက်သာသာရရှိဖို့အတွက် စုံစမ်းသင့်ပါ၏
Credit : google image
ပထမဦးဆုံ တင်ပြမှာကတော့ မြန်မာပြည်သား အများစုသိပီး
နာမည်ကြီးသော platinum ဆိုတဲ့ဈေးပါ ဒီဈေးကလည်း
တကယ့်ကို ဈေးပေါပါတယ် ဒီဈေး၏ ဘေးပါတ်ချာလည်မှာ
နာမည်အသစ်နဲ့ ဈေးတွေ အများကြီးရှိပါတယ် ၀င်ကြည့်ပါ
တခါတလေ အဲ့ဈေးသေးသေးလေးတွေ အထဲမှာလည်း
မိမိလိုချင်တဲ့ ဈေးပေါပီး ပစ္စည်းကောင်းတွေ အများကြီး
ရှိနေတက်လို့ပါ ဒီထက်ပိုပီး ဈေပေါပေါလိုချင်မယ် ဆိုရင်ဖြင့်
မနက် ၃နာရီ platinum ညဈေးကိုလျှောက်ကြည့်ပါ
ဂျင်းကောင်းကောင်းတွေကို ဈေသက်သက်သာသာရရှိနိုင်ပါတယ်
ထိုင်းကငွေဈေး တက်လာတာကြောင့် ဘတ် ၅၀ ဈေးကွာရင်ကို
မိမိအတွက် အရမ်းထိခိုက်နစ်နာဆုံးရှုံးမှု့ များပါတယ် ဒါကြောင့်
ဈေးနှုန်းသက်သက်သာသာ လိုချင်မယ်ဆိုရင် ခြေလည်း
အငြောင်းခံရမယ်ပေါ့........
Credit : google image
နောက်တခုက ကျနော်ဖော်ပြပီးဖြစ်သော chatuchak ဈေး
ဒီဈေးက အရမ်းဈေးမချိုပါဘူး ဒါပေမယ့် ထိုင်းက
နာမည်အကြီးဆုံး weeken market ဖြစ်တာကြောင့်
စနေ တနင်္ဂနွေ နှစ်ရက်ကတော့ ဒီဈေးမှာ ကိုယ့်ဖက်ရှင်နဲ့ကိုယ်
လမ်းလျှောက်ရင်း ဈေးဝယ်ထွက်ရတာ ကြိုက်နှစ်သက်သော
နိုင်ငံခြားသား အများစုလာရောက်လည်ပါတ် ကြတာဖြစ်ပီး
Credit : google image
အစားအသောက်ပုံစံမျိုးစုံကို လှပအောင်ပြင်ဆင်ပီး ဈေးကြီးကြီး
ရောင်းတဲ့ဈေးပါ
Credit : google image
leather မျိုးစုံကို ဒီဈေးမှာ ရှာနိုင်သလို
အိမ်ပစ္စည်းမျိုးစုံ အမွှေးနံ့သာ အထည်မျိုးစုံ ရရှိနိုင်ပီး
ဈေးအတော်အသင့်ရှိပါတယ် ဈေးနှုန်း အချိုဆုံး ရရှိဖို့ ဆိုလျှင်
သောကြာနေ့ ညနေ ၄နာရီမှ စတင်၍ ည ၁၂ နာရီအထိ ကတော့
ဒီဈေး၏ အထူးခြားဆုံးဈေး ချိုမှု့ပါ ဘာကြောင့်လဲဆိုလျှင် အဲ့ဒီ
Credit : google image
ညနေမှာ ဈေးသယ်အားလုံး လမ်းပေါ်ထွက်ရောင်းပီ သူငှာအပြိုင်
ရောင်းကြတာကြောင့်ပါ စနေ တနင်္ဂနွေ နှစ်ရက်ကတော့ ဆိုင်းခန်း
အဖိုးအခများတာကြောင့် ဈေးကွာနိုင်ပါတယ်ခင်ဗျားးးးးး
အိမ်မွေး Animal လေးတွေလည်းရောင်းပါတယ်
Chatucheck ဈေးအတွင်းမှာဘဲရောင်းတာပါ
Credit : google image
နောက်ဆုံးဖော်ပြချင်တဲ့ ဈေးကတော့ ဒီဈေးထက်ချိုတဲ့ဈေး
မရှိတော့ပါဘူး ထိုင်းနိုင်ငံမှာ ရောင်းသမျှ အထည် အားလုံးနီးပါ
ဒီဈေးကြီးကနေ ဖောက်သယ်ပေးနေတာပါ ဒါကြောင့်
ဒီဈေးကို သွားပီး လည်ပါတ်ဈေးဝယ်မယ်ဆိုလျှင် အရမ်းကို
ဈေးနှုန်းသက်သာပါတယ် ............
Credit : google image
Credit : google image
ဒီဈေးနာမည်က BoBae Tour လို့ခေါ်ပါတယ် သူ့၏ဘေးမှာ
အခန်းငှားနေခြင်ပါတယ်ဆိုလျှင် princess hotel ရှိပါသေးတယ်
ည၀တ်အင်္ကျီ ကလေးအထည်မျိုးစုံ အတွင်းခံမိန်းမ ယောကျာင်္း
အထည်မျိုးစုံ မိမိအော်ဒါများပါက မိမိလိုချင်သောဒီဇိုင်းကို ထုတ်လုပ်
ပေးပါတယ် အော်ဒါများတယ်ဆိုတာ အထည် ၃၀၀၀ အထက်ကို
ပြောတာပါ စီးပွားရေးသမားများအတွက် ရည်ရွယ်ပြောတာပါ
တူညီဝတ်စုံမျိုးစုံ အားကစားအထည်မျိုးစုံ ကိုရရှိနိုင်ပီး
ဈေးဖွင့်ချိန် ဈေးပိတ်ချိန်ကလည်း တခြားဈေးနဲ့မတူဘဲ တမူ
ကွဲပြားခြားနားနေပါတယ် ဈေးဖွင့်ချိန်က မနက် ၂နာရီကနေ
ညနေ ၃ နာရီအထိပါ ဒါကြောင့် ဒီဈေးကိုသွားမည်ဆိုလျှင်
သူငယ်ချင်းသုံးယောက်လောက်စုပီး ပါတ်စပို့အပြည့်အစုံဖြင့်
သွာရောက်လည်ပါတ်ဖို့ လိုအပ်သလို ငွေအပြည့်လည်း
ဖြည့်သွာုဖို့လိုအပ်ပါတယ် ဘာကြောင့် ငွေအပြည့်ဖြည့်သွားပါလို့
ပြောလည်း ဆိုလျှင် ဈေးချိုလွန်းတာကြောင့် နောင်တ
မရစေချက်တာလေး တခုကြောင့်ပါ အားလုံး ကိုယ်စိတ်နှလုံး
အေးချမ်း၍ ဘေးဘရာကင်းကွာ ချမ်းသာသုခ ရရှိကြပါစေကြောင်း
ဆုမွ၃်ကောင်းတောင်းရင်း နိဂုံးချူပ်ပါရစေ.......
From Myanmar
credit : google photo
MSC-019Post writer : ThiHaKo(@gelatofresco)
cryptocurrency or SBD ဖြင့် ဈေးဝယ်လို့ရသော market များလည်း ညွှန်းပါဦးဗျ
ဟုတ်ကဲ့အကို လမ်းညွန်ပါ့မယ်ခင်ဗျ
Please share your idea comments Thanks
အနာဂတ် ငွေကြေးနဲ့ အနာဂတ် shopping ဟဲဟဲ
နောင်ဖြစ်လာတော့မှာပါ ၂၀၂၀ ဆိုရပီဗျာ
good
ကျေးဇူးပါဗျာ
မိုက်တယ် တဖြေးဖြေးပိုပိုကောင်းလာတယ်အရေးအသားတွေ
ခ်ခ်ခ် အဲ့လူကြီးကိုမမှီသေးဘူး
Good post bro
ဟုတ်ကျေးဇူးအကို
good post...ဈေးဝယ်လမ်းညွန်သေချာပြောပြလို့ကောင်းသောပို့စ်ပါ။
ဟုတ်ကဲ့ ကျေးဇူးပါ နောက်လည်းဆက်လက်ဖော်ပြပေးသွားပါ့မည်ခင်ဗျ
ပြီးပြည့်စုံ တဲ့ လမ်းညွှန့် ပါဗျာ ။ အလည်လာခဲ့မယ် ကိုသာအေး လိုက်ပို့ ရမယ်
ဟုတ်ရပါတယ်ခင်ဗျ အားတဲ့ရက်လေးနဲ့ဆုံမိဖို့အရေးကြီးတာလေးတခုဘဲလိုပါတယ်ခင်ဗျ
ထိုင်းနိုင်ငံကဈေးများအကြောင်းသိရလို့ ဗဟုသုတရပါတယ်။
ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ
ဈေးဝယ်လမ်းညွှန်မဖတ်တော့ဘူး လာရင် ကိုသာအေးကို လမ်းညွှန် လမ်းပြခေါ်သွားမယ်
ဟုတ်ကဲ့အကိုစိုး တိုးဂိုက်လုပ်ပေးပါ့မယ်ခင်ဗျ ဟီးးးးး
အလည်သွားဖြစ်ရင် ဒီဈေးလေးတွေ မှတ်ထားပါ့မယ်
ဟုတ်ကဲ့အကျိုးရှိမှာပါခင်ဗျ
Nice bro!
ကျေးဇူးပါခင်ဗျ
ကျေးဇူးပါအကိုရေ
ဟုတ်အကို ကျေးဇူးပါခင်ဗျ
ကျေးဇူးပါဗျာ 3 လပိုင်းတရားဟောသွားတဲ့အခါ သွားဖြစ်အောင်သွားလိုက်ပါ့မယ် ဘာလက်ဆောင်ဝယ်ခဲ့ရမလဲသာပြောပါ
အကောင်းဆုံးက တီရှပ်လေးတွေဈေးသက်သာပီး ခိုင်ခန့်တာအကောင်းဆုံးပါခင်ဗျ
ဗဟုသုတရပါ့ဗျာ
ဟုတ်ကျေးဇုးပါခင်ဗျ
Thanks for sharing
ကျေးဇူးပါခင်ဗျ
thanks for sharing,ko thar aye!
ငျေးဇူးပါအကိုသန့်ဇင်
နိုင်ငံခြားရောက်ဖူးပြီကွ post ဖတ်ပြီ ရောက်သွားတာ ဟိ
နောင်သွားရင်အဆင်ပြေအောင်လို့ပါ ဟီးးးး
မရောက်ဖူးပေမယ့်
အရောက်လာချင်စိတ်ဖြစ်အောင်
တက်ကြွစွာရေးသာတင်ပြပေးခဲ့တဲ့
လမ်းညွှန်ချက်လေးပါ ကိုသာအေးရေ(သူရ)
ဟုတ်ကဲ့ကျေးဇူးပါ ကိုသူရရေ
good
ကျေးဇူးပါ
လာဖြစ်ရင် ကိုသာအေး tour guide လုပ်ပေးပါ.. :D
ဟုတ်ကျနော်အလုပ်အားတဲ့ရက်ဆိုလိုက်ပြနိုင်ပါတယ်ခင်ဗျ