မြန်မာပြည် အလွမ်း

in #myanmar7 years ago (edited)

မှိုင်းညို့ညို့ တောင်တန်းကြီးတွေရယ် မှုန်ရီေ၀၀ါးအောင်
ကျဆင်းနေသည့် မြူမှုန်တွေကြောင့် ရောင်နီဦး၏
အလင်းတန်းအောက်မှာ ငွေမှုန်ကြဲချလိုက်သည့် အလား
ထင်မှတ်ရတဲ့ လှပတဲ့ အမိ "မြန်မာနိုင်ငံတော်" ၏

IMG_20171013_005607.png

Credit : Google photo

နံနက်ခင်း ကြည်နူးဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့ခွင့်
မရခဲ့တာ အချိန် ကာလအားဖြင့် နှစ်ပေါင်း နှစ်ဆယ် ကျော်
ရေခြား မြေခြား ပြည်ပ၀ယ် ဘ၀အတွက် ရုန်းကန်လှုပ်ရှား
နေရတဲ့ ကျွန်တော့်ဦးလေးကြီး အလွမ်းကို မဆိုထားနှင့်

22291153_2454022194822130_5193703823764574101_o.jpg
Credit : Google photo

သုံးနှစ်တာ ကာလသာရှိသေးတဲ့ ကျွန်တော့်၏ မြန်မာပြည်ကို
လွမ်းဆွတ် သတိရခြင်းများအား စာစီကုံးပါဆိုလျှင် စီ၍
ကုံး၍ပင် ပီးနိုင်မည် မထင်ပါ ကိုယ့်အတွက် တိုးတက်သော
နေရာ ဒေသမှာ တစ်ဝမ်း တစ်ခါးအတွက် လုခြူံစွာ နေရ
သော်လည်း သဘာဝဘေး ဆိုသည့် မာနတ်ဆိုးကြောင့်
လာသမျှ အန္တရယ်မုန်တိုင်းများအား သားသမီးများ ဘေးမသီ
ရန်မစေရန် အတွက် လောကဒဏ်ကို ကြံ့ကြံ့ခံကာ

IMG_20171013_005550.png
Credit : Google photo

လုံခြူံမှု့ ပေးနေသော မိခင်ကြီး ကျန်းမာပါ၏လော ဆိုသည့်
အတွေး များစွာဖြင့် အိပ်စက်၍ မရနိုင်သော ညများက
လက်ချိုးရေတွက်လို့ပင် ရနိုင်မည်မထင်ပါ ။ ဟိုအရင်
အချိန်တွေကလို တောပန်းကလေးများကရော မိခင်ကြီးအား
အလှ ဆင်ပေးနိုင်ပါသေးရဲ့လား ဒီမြေမှာမွေး ဒီရေကိုသောက်
ဒီလေကိုရှုရှိုက်ခါ ကြီးထွား ဖွံ့ဖြိုးသွားကြပီး အတောင်စုံ
အပျံသင်ခါစ အရွယ်မို့ ရောက်ရာ ပေါက်ရာ ကိုယ်ပိုင်
လွတ်လပ်ခွင့်နှင့် အတူ လိုရာခရီး ပျံသန်းနိုင်ပေမယ့်
IMG_20171013_005630.png
Credit : Google photo

ရောက်ရာ ပေါက်ရာ နေရာတိုင်းမှာ အမိကောင်းကျိုး
သဲတစ်ပွင့် အုပ်တစ်ချပ်မျှ မသယ်ပိုးနိုင်ဘဲ
ဒေါင်းယောင်ဆောင်သော ကျီးပမာ အမိရင်ခွင်မှ
ထွက်ခွာသွားသော အမိသား သမီးများ၏
အမိမကောင်းကြောင်း ပြောသံ ဆိုသံတွေ ကြားရလျှင်
အမိသား တစ်ယောက်အနေဖြင့် ရင်ထုမနာဖြစ်ရပေသည် ။

FB_IMG_1501082985691.jpg
Credit : Google photo

ကျွန်ုပ်အတွက် ကမ္ဘာပေါ်မှာ အမိသည်သာ အကြင်နာဆုံး
အလှပဆုံး ဖြစ်၏ ယနေ့ အချိန်အခါမှာ အမိ၏ သာယာလှပ
ဖွံ့ဖြိုးတိုးတက်မှု့စသော ကဏ္ဌများအား ထိန်းသိမ်း
စောင့်ရှောက်မှု့ ဥာဏ့်ဖျင်းသော ဥယျာဉ်မှုးများ၏
တာဝန်မဲ့မှု့များကြောင့် ကျန်းမာရေး ချို့တဲ့နေသော
အမိအား ဟိုယခင် ခေတ်အခါကလိုမျိုး ကမ္ဘာမှာ
မြန်မာ ဟေ့" လို့ ကြွေးကြော်နိုင်အောင် ပြန်လည်
ပြူစုစောင့်ရှောက်နိုင်မည့် ဥယျာဉ်မှုးကောင်း တစ်ချို့
မြန်မြန်ဆန်ဆန် ပေါ်ထွက်လာပါစေကြောင်း

FB_IMG_1505221674051.jpg
Credit : Google photo

အမိသား တစ်ယောက်အနေဖြင့် ကျွန်ုပ် တောင်းဆုဆန္ဒ
ပြုပါကြောင်း ပြောကြား လိုက်ပါသည်ခင်ဗျ ။
လယ်မြေ ယာမြေ တောင်စောင်း ကမ်းပါမကြံ ရွှေဝါရောင်
စပါးခင်းများဖြင့် တင့်တယ်လှပနေသော ကျွန်ုပ်တို့၏
အမိ " မြန်မာနိုင်ငံတော်" ကြီးအား တစ်နေ့ တစ်ရက်မျှပင်
မေ့မရနိုင်ပါပေ ။

IMG_20171013_005644.png

Credit : Google photo

သာယာလှပသော နံနက်ခင်း လန်းဆန်း
တက်ကြွနေသော နေ့လည်ခင်း အချိန်အခါ နွေးထွေး
အေးမြမှု့ကို ပေးစွမ်းနိုင်သော ညချမ်း စိမ်းစိုလှပနေသော
တောင်တန်းကြီးများနှင့်အတူ သွေးချင်းညီအကို မောင်နှမ
များအား ဤနေရာမှ သတိရ အမှတ်တရ လွမ်းဆွတ်
နေပါကြောင်း ပြောကြားရင်း ကျွန်ုပ်၏ " မြန်မာပြည် အလွမ်း"
ဆိုသောပိုစ့်အား နိဂုံးသတ်လိုက်ပါရစေ ခင်ဗျား

Post writer : ThiHaKo(@gelatofresco)
From Myanmar
Credit : Google photo

Sort:  

ရည်ရွယ်ချက်တွေ ပြည့်စုံတဲ့အချိန် မြန်မာပြည် ပြန်လာခဲ့ပါ ကိုသာအေးရေ။
အမိမြန်မာပြည်က ကိုသာအေးကို နွေးထွေးစွာ ကြိုဆိုနေမှာပါ။

အခုလို အားပေးစကားကြားရလို့ဝမ်းသာပီတိမဆုံးဖြစ်မိပါတယ်ခင်ဗျ ကျေးဇူးပါ အကိုသန့်ဇင့်

ကွီးသာ​အေး ပြန်​လာဖို့ မြန်​မာပြည်​ကြီးနဲ့အတူ ​စောင့်​​မျှော်​​နေပါ​ကြောင်း😃😃

တော်သေးတာပေါ့ကြည့်ရယ် ကလေးတစ်သိုက်နဲ့စောင့်မျှော်နေပါပီဆိုရင်ဖြင့် သာအေးရင်ကျိုးရချည်ရဲ့ 😂😂😂😂😂

Please share your idea comment thanks

လူတိုင်း ကိုယ့်မွေးရပ်ဌာနီ အမိမြေကို ချစ်မြတ်နို်းကြပါတယ်။ good post.

အမိမြေကိုချစ်ကြပေမယ့် အမိမြေမကောင်းကြောင်းပြောနေတဲ့လူတွေကိုမြင်ရတော့စိတ်မကောင်းဘူးဗျာ

ခရီးသွားစရာနေရာတခုပေါ်လာသလိုဘဲ ကျေးဇူပါ bro

ကျေးဇူးပါညီရေ

လွမ်းဖူးခဲ့တယ်...သဲကန္တာရကြီးကို ကြည့်ပြီး...
ပုံလေးတွေနဲ့ ဝေဆာတယ်

ဝေေ၀ဆာဆာဖြစ်အောင်အသစ်ပြန်လည်တည်ဆောက်ကြပါစို့

ခုကဘယ်မှာတုန်းဗျ လာလည်မယ်လေ :)

လာခဲ့ပါဗျာ ဘန်ကောက်မှာပါ အကို

မြန်​မာပြည်​သို့ လွမ်းချင်း

လွမ်းခြင်းဟုခေါ်သည်

Nice post, thank for sharing.

ဟုတ်ကျေးဇူးပါခင်ဗျ

ခုတော့ မိုးကရွာ ရေလျှံနေပါတယ်လမ်းမပေါ်မှာ

ပျော်ပျော်ကြီးရေကူးနေတယ်ဆိုပါတော့ ဟီးးးးး

လွမ်းရမှာပေါ့ ကို့ မွေးရပ်ဟာ

မှန်တာပေါ့ဗျာ ကျေးဇူးပါ ခင်

Good post bro

ကျေးဇူးပါ ညီရေ

မင်းလွမ်းတတ်လို့ လွမ်းရင်ပြန်ခဲ့ပါ ကိုဗညာသီချင်းဆိုကြည့် တာ

အတောင်ပံပါရင် မင်းစီကို အိုးးးးး ပြန်ခဲ့ပီချစ်ဆုံးရေ ခ်ခ်ခ် ကေိးဇူးပါ သီဟကိုကို

အေးပါဟယ် နာတို့လဲ စောင့်ရှောက်နိုင်ဖို့ ကြိုးစားပါမယ်

အမိမြေကိုကာကွယ်စောင့်ရှောက်ကြပါစို့

we r Myanmar

We are Myanmar

Missing home

ဟုတ်တယ်အကိုဒွန်ရေ

လွမ်းပြီလေ

လွမ်းစေ ကိုဘိုရေ

မြန်မာပြည်မှလှိုက်လှဲစွာကြိုဆိုပါသည်

အရမ်းပီတိဖြစ်မိပါသည်ကိုစိုး

votesခဲ့ပါတယ်ဗျ

ဟုတ်ကျေးဇူးပါ ကိုသူရရေ