Sort:  

မော်ဒန်ကဗျာရဲ့သဘောက စာဖတ်သူရဲ့ ရှု့မြင်ပုံအလိုက် ပဲ့တင်သံများထွက်လာအောင်ရေးသားရတာပါဗျာ၊ ဒီကဗျာမှာပဲ့တင်သံအနည်းဆုံး(၃)ခုထွက်အောင်ရေးသားထားပါတယ်၊ လူတိုင်းဟာ ငွေနောက်ကိုအလောတကြီးလိုက်နေကြသူများတယ်၊ ထိုသူများအတွက် ငွေထီးကိုပြေးမြင်ကြပါလိမ့်မယ်၊ ငယ်ရွယ်သူများအတွက် ချစ်သူကြင်သူနဲ့အတူလက်တွဲသွားဖို့ရည်ရွယ်ကြတော့ ထီးဆိုတာ ချစ်သူလို့မြင်ကြလိမ့်မယ်၊ အသက်အရွယ်ကြီးရင်လာသူမျယးအတွက် မိမိဘဝကူးချိန်မှာအေးချမ်းဖို့ ဒါန၊သီလ၊ ဘာဝနာကို ထီးအဖြစ်ကောက်ယူကြပါလိမ့်မယ်၊ ဒါဟာမော်ဒန်ကဗျာရဲ့ ပရိယာယ်ပါပဲ။