" လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ"
ဆိုသလို မိမိတို့ ၏ သားငယ် သမီးငယ်များ ဆရာများထံ အပ်နှံပြီး စာပေမသင်ကြားရခင် အချိန်တစ်ခုမှာ မိဘများရဲ့ အနေအထိုင် အပြောအဆို အပြုအမူတိုင်းက သားသမီးများရဲ့ စိတ်ထဲမှာ ချဉ်းနင်းဝင်ရောက်နေကြပြီ ဖြစ်ပါတယ် ဦးတော် ဦးတော် ဟုဆိုသည်နှင့် လက်အုပ်ချီကာ ရဟန်းသံဃာ ဦးချရမှန်းသိသည် ကလေးငယ်နှင့် ကျီစားသည်ကိုပင်
ကြမ်းတမ်းစွာ ဆဲဆိုခြင်းဖြင့် တုံပြန်တတ်သည့် ကလေးငယ် တို့ မှာမည်သို့ ကွာသွားသနည်း
အဓိက အားဖြင့် မိဘတို့ ရဲ့ အမူအကျင့်က သူတို့ ကို
သင်ကြားပေးနေတာပါ သားသမီးတွေ ရှိနေစဉ် ရန်ဖြစ်တာတို့  ဆဲရေးတိုင်းထွာခြင်းတို့ ကိုမိဘများ
ဆင်ခြင်သင့်ပါတယ် " အမိယုတ်တော့ နှုတ်ကြမ်း
အဖယုတ်တော့ ကိုကြမ်း "တဲ့မိမိတို့  သားငယ်သမီးငယ်တွေကို ယဉ်ကျေးလိမ္မာသောကလေးငယ်တွေ ဖြစ်ဖို့ ရာ မိမိတို့ ကိုယ်တိုင် ဂရုစိုက်သင့်ပါတယ် " မိဘမကောင်း သားသမီးခေါင်း " မိဘကိုယ်တိုင်က
စရိုက်ကြမ်းနေပါလျှင် ယဉ်ကျေးတဲ့လူအဖွဲ့အစည်းမှာ မိမိ သားငယ်သမီးငယ်တွေ မျက်နှာပန်းမလှ လူရာသွင်းခြင်း မခံရသည်မှာ မိဘတွေ၏ အပြစ်ပါ
ယဉ်ကျေးစွာ နေတတ်အောင် သင်ပေးရုံနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးပါဘူး
စိတ်ထားကောင်းဖို့  စာရိတ္တကောင်းဖို့  အများအကျိုးဆောင်ရွက်တတ်ဖို့  တဖြည်းဖြည်းချင်း
စနစ်တကျ လေ့ကျင့်ပေးရမည် သို့ မှသာ လူတော်လူကောင်း တစ်ယောက်အဖြစ်နဲ့ အနာဂတ်သားကောင်းရတနာတွေ ဖြစ်လာနိုင်ပါတယ် မိဘများနှင့် ပတ်သတ်ပြီး မိမိ
မှတ်သားထားမိတဲ့ ပုံပြင်လေးတစ်ခု ရှိပါတယ်
တစ်နေ့  မူကြိုကျောင်းက ကလေးငယ်ကို လက်ကိုယ်စီ ကိုင်ဆွဲပြီး ပြန်လာတဲ့မိဘနှစ်ပါးဟာ
လမ်းခုလတ်ရောက်တော့ အမေက သမီးဖြစ်သူကို ပြောလိုက်တယ် " သမီး ဟိုမှာတွေ့လား အမှိုက်တွေလိုက်သိမ်းနေရတဲ့ လူကြီး
သမီးစာကြိုးစားသင်နော် သမီးပညာတတ်မှ အဲ့လိုဘဝမျိုး မရောက်မှာ " ဟုတ်ကဲ့ မေမေ သမီးကြိုးစားမယ် ဟုပြောပြီး ထွက်ခွာသွားချိန်မှာပဲ
ကျန်တဲ့ မိဘတစ်ဦးကတော့ " သား ဟိုမှာအမှိုက်တွေ လိုက်သိမ်းနေရတဲ့ လူကြီးကိုတွေ့ လား သားစာကြိုးစားလို့  ပညာတတ်ကြီး ဖြစ်မှ သူတို့ ဘဝတွေကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ သားရဲ့ " ဟုတ်ကဲ့ အမေ သားကြိုးစားပါ့မယ် ဟုပြောပြီး သွားကြတဲ့အခါ စဉ်းစားစရာလေးတွေ ဖြစ်လာပါပြီ သားသမီးအပေါ်ထားတဲ့ မေတ္တာချင်း
တူကြသော်လည်း လမ်းပြတဲ့အခါ အတ္တဆန်တဲ့ အတွေး ပရဟိတ ဆန်တဲ့ အတွေးတွေနဲ့ ကလေးတွေကို ပေးပုံပေးနည်းချင်းမတူကြပါဘူး
အောင်မြင်တာချင်း တူကြရင်တောင် ကိုယ့်အတွက်ကိုယ် ရုန်းကန်တဲ့သူနဲ့ အများအတွက်နဲ့ ရုန်းကန်တဲ့သူ တန်ဖိုးချင်း အရမ်းကို ကွာခြားနေမယ်ဆိုတာတော့ သေချာပေါက် ပြောရဲပါသည် ဒါကြောင့် မိမိတို့ ၏ သားငယ် သမီးငယ်တွေကို နုနယ်တဲ့အရွယ်ထဲက မိမိတို့ ကိုယ်တိုင် လိုရာပုံသွင်းပြီး အနာဂတ်ကို စနစ်တကျပျိုးထောင်နိုင်ကြသော မိဘများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . . .
မိမိအား ချစ်သူမုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ် ၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ. . . .
photo credit-Google Image
MSC-181written by @gunapeya
Congratulations @gunapeya! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ဟုတ် မှန်ပါတယ်အရှင်ဘုရား။
မိမိအလှည့်ကြရင်တော့ ကလေးကို ဘယ်လိုသင်မယ် ဘယ်လိုပုံသွင်းမယ်ဖတ်ဖူးနားဝ ဟာလေးတွေသုံးပြီးတော့ ကလေးကို ငယ်ငယ်လေးကတည်းက ကိုယ်ကိုယ်တိုင်မဖြစ်နိုက်ခဲ့တဲ့ ဖြစ်ချင်ခဲ့တဲ့အရာတွေ ဖြစ်စေအောင်ပေါ့။ တကယ်လက်တွေ့ကြတော့ ပုထုဇဉ်လူသားတွေ တဖြစ်လည်း အချိန်တိုင်းသတိ မကပ်နိုင်တဖြစ်လည်း အချိန်တိုင်းစဉ်းကြပ်ပြောဆိုနေဖို့ကလည်း အနည်းအများ ခက်ခဲမှု့လေး မိဘတိုင်းတော့မဟုတ်ပါဘူး အများအားဖြင့်တာ့တွေ့ကြုံအရှင်ဘုရား။
အရေးအသားအတွေးအမြင် ကတော့ အရမ်းကောင်းလွန်းပါတယ်။
အမြက်လေးလည်း မျှသွားတယ်နော်။
HFS 31
MSCG 016
ဟုတ်တယ် မိဘတွေရဲ့ ဆန္ဒတွေကြားမှာ
သားသမီးတွေရဲ့ပန်းတိုင်တွေ ပျောက်သွားတာ
အများကြီးမြင်နေတွေ့နေရလို့  ရေးလိုက်မိတာ
Thanks for sharing.
thank for reading.
Thank for post
ကျေးဇူးပါ အားပေသူရှိမှ ရေးသူအားရှိတာပါ
good post....
သားသမီးတွေ ဘယ်လိုဆုံးမရမလဲ ကြည့်ထားနော်
Good post....
thank
Good!
thank you
အားပေးနေပါတယ်ဘုရား
thank komgthet
Goooood ဦးဇင်း
ဆက်လက် ကြိုးစားပါ့မယ်
သာဓုသာဓုသာဓုပါဘုရား
thank for vote & comment
သာဓုပါဘုရား
ကျေးဇူးပဲ ငြိမ်းချမ်း
လက်ဦး ဆရာ မိနဲ့ဖ ပါဘုရား။ ငယ်ငယ်လေးတဲ့ ကသင်ကြားပေးရင် လိမ်မာ တဲ့ သားသမီးတွေ ဖြစ်လာမှပါ ဘုရား။
တချို့မိဘဆို အဆဲပါသင်ပေးကြတယ်
မှန်ပါတယ်
သားသမီးကံမကောင်းကြတာမဟုတ်ဘူး
မိမိက ကောင်းကောင်းမသွန်သင်တတ်ကြလို့ ပါ
Done
thank
မှန်ကန်တဲ့အယူအဆလေးတွေဆက်လက်မျှဝေပေးပါခင်ဗျာ
ဟုတ်ကဲ့ ဒကာစိုးရေ ကြိုးစားနေပါ့မယ်
VoTe ခဲ့တယ်ဘုရား
ကုသိုလ်ရသွားတာပေါ့
အဲ့ vote လေးတွေစုပြီး
စာအုပ်ထုတ်ရမှာ
စည်းကမ်းရှိတဲ့ တာဝန်သိတဲ့ သားသမီးလိမ္မာလေးတွေ ဖြစ်ဖို့ မိဘတိုင်းမှာတာဝန်ရှိပါတယ်
အဲ့ပိုစ့်က မစုတို့ သားအမိ ဇီးလေးကတာ ကြည့်ပြီး ချက်ချင်းချရေးမိတာ သားအမိနှစ်ယောက် ကြည်နူးနေတာတွေ့လိုလေ
ပုဒ်မလေးတွေလိုက်ထည့်လိုက်ပါဦး။
ဟုတ်ကဲ့ ဆရာ
ဖောင့်ပြောင်းရဦးမယ်
ခုဖောင့်က ပုဒ်ထီး ပုဒ်မမပါဘူး
အဲ့ပုံပြင်လေးဖတ်ဖူးတယ်
ဟုတ် ကိုအတာ နောက်လည်း
ပုံပြင်တွေကိုပဲ အတွေးထည့်ပြီး ရေးမှာ