" ချမ်းမြေ့ရေ ချမ်းမြေ့ " ဟူသော အော်ခေါ်သံနှင့်အတူ အလိုမကျသော ကျိန်ဆဲသံများက နောက်ကကပ်ပါလာလေသည် ။ မိခင်ထိုသို့ ဆဲဆိုလေ ချမ်းမြေ့ဟူသော ကလေးငယ်၏ စိတ်၌ ပိုပြီးအရွဲ့တိုက်လိုစိတ်များဖြစ်လာတော့သည် ။ ထိုကြောင့် ကြားသော်လည်း ပြန်မထူးပေ ။ အပေါင်းအသင်းသူငယ်ချင်းများရှိရာ ဂိမ်းဆိုင် လက်ဖက်ရည်ဆိုင်သို့ သာ ထွက်သွားလေသည် ။ နာမည်က အေးချမ်းစေလိုသော အတိတ်နိမိတ်ဆောင်ပြီး ချမ်းမြေ့ ဟုပေးထားသော်လည်း မိသားစုအတွင်း ဘယ်တုန်းကမှ ချမ်းမြေ့သာယာခြင်းမရှိခဲ့ပေ ။ အခြေခံလူတန်းစားတို့ အဖို့  အလုပ်အဆင်မပြေတိုင်း စားဖို့ သောက်ဖို့ အခက်အခဲကြုံရတိုင်း စိတ်ထွက်ပေါက်အဖြစ် သားသမီးအပေါ် ဒေါသများပုံအောတတ်ကြသည် ။ သားသမီးများကလည်း အရွဲ့တိုက် ပြန်မပြော နားမထောင် ဖြစ်သလိုနေ ဖြစ်သလိုစားဘဝများသို့ ရောက်ရတော့သည် ။ ယခုလည်း ဆဲဆိုသံများကြောင့် အပေါင်းအသင်းများနှင့်သာ စိတ်ပြေလက်ပျောက်သွားနေသည် ။ ထိုသို့ နေပါများတော့ အိမ်ပေါ်ကပါ မောင်းချသည် ။ သူကလည်း ခေသူမဟုတ် ပြုံးရွှင်စွာပင် အိမ်ပေါ်ကဆင်းသည် ။ ကျောင်းပြေးသည် ။ ၅၀၀- ၁၀၀၀ ရဖို့ အတွက် သူငယ်ချင်းများနှင့် ကြုံရာကျပန်းလုပ်သည် ။ ဟိုအိမ်လိုက်အိပ် ဒီအိမ်လိုက်အိပ်နှင့် သူငယ်ချင်းများထံ အလှည့်ကျလိုက်အိပ်သည် ။ ဤသည်ကိုပင် ပျော်စရာဘဝဟု ထင်မှတ်နေတော့သည် ။
စားဖို့ အတွက်က အလုပ်တစ်ရက် လုပ်ရင် ငါးရာ တစ်ထောင် ကပြေးမလွတ် ။ အိပ်ဖို့ အတွက်လည်း အိမ်ဟုသမုတ်ထားသော သူငယ်ချင်းများ၏ ဇရပ်သာသာ ကွပ်ပျစ်မှာ အတူရောအိပ်ရုံနှင့် ရနေသည်မို့  သူ့ အဖြစ်က ပျော်ဖို့ ပင်ကောင်းသည်ဟု ထင်မှတ်နေတော့သည် ။ ထို့ ကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ပေါ်က မောင်းချအောင် အမြဲလုပ်နေခြင်းသာဖြစ်သည် ။ စိတ်ကူးပေါက်တဲ့အချိန် ကျောင်းသွားသည် ။ ကျောင်းပျက်ရက်များ၍ အိမ်သို့ တိုင်စာပို့ သည့်နေ့  သူအိမ်ပေါ်သို့ ပြန်ရောက်သည့်နေ့ ပင် ဖြစ်သည် ။ ဒီအတိုင်းလားဆိုတော့ မဟုတ်ပါချေ ။ အဖေနှင့်အမေ၏ လက်သံပြောင်ပြောင်များပါ သူ့ အတွက်အဆစ်ပါလာသည် ။ တစ်ခါတစ်လေ မိခင်ဖြစ်သူက ဆုံးမသည် ။ " နင် မိဘမေတ္တာကို တစ်စက်ကလေးမှ နားမလည်ဘူး ကောင်းစေချင်လို့ ဆုံးမတာကို နည်းနည်းလေးမှ မနာခံဘူး " ဟုပြောသည့်အခါ ချမ်းမြေ့ဆိုသည့် ကလေးက မခံသာအောင် စောဒကတတ်ပြန်သည် ။ " မိဘမေတ္တာဆိုတာ အရက်မူးနေတဲ့ နာဠာဂီရိဆင်ရှေ့မှာ ကလေးကိုပစ်ချပြီး ကိုဟ်လွတ်ရုန်းပြေးတဲ့ မေတ္တာကို ပြောတာလား " ဆိုပြီး ခနဲ့တတ်သည် ။ ထိုအခါ ကျောပြင်တစ်လျှောက် အရှိုးရာများသာ ပို၍တိုးလာသည် ။
မိဘကလည်း ဆုံးမသော နည်းစနစ်မမှန်သလို သာသမီးဘက်ကလည်း တစ်ခွန်းတစ်လေတောင် လိုက်နာခြင်းမရှိ ။ ထင်ရာစိုင်းနေသည် ။ နေ့ စဉ်နေ့ တိုင်း ရိုက်နှက်သံ ဆဲဆိုသံများက ပတ်ဝန်းကျင်အဖို့  နေသားပင်ကျနေတော့သည် ။ တစ်နေ့ တော့ တစ်ဖက်ရွာမှ လင်မယားနှစ်ယောက်က ချမ်းမြေ့ဆိုသော ကလေးကို မွေးစားဖို့ လာရောက်တောင်းလေသည် ။ ချမ်းမြေ့ အောက်တွင်လည်း အငယ်နှစ်ယောက်ရှိသေးသည်မို့  ပြောမရဆိုမရ ဆန်ကုန်မြေလေးအတွက် တစ်ယောက်စာ သက်သာလည်းနည်းလားဟူသောအတွေးနှင့် မွေးစားဖို့ ပေးလေသည် ။ ချမ်းမြေ့ကလည်း ဒီအိမ် ဒီမိသားစုနှင့် ဝေးလေကောင်းလေ ။ ဘယ်အိမ်ဖြစ်ဖြစ် လိုက်နေမည်ဟု ခံယူထားသူမို့  အသာတကြည်ပင် လိုက်သွားတော့သည် ။ သို့ ပေမဲ့ မိဘရင်းများကတော့ ကျောင်းထားပေးဖို့  အစစအရာရာဂရုစိုက်ဖို့  အရမ်းဆိုးသွမ်းသောကြောင့် " မသေရင်တော်ပါပြီ ကျိုးသာကျိုး ပဲ့သာပဲ့ ရိုက်နှက်ဆုံးမပါ " ဟူ၍ မေတ္တာစကားများပင် အမှာတော်ပါးလိုက်သေးသည် ။ ထိုနေ့ ကစ၍ ချမ်းမြေ့ဟူသော ကလေးဆိုး၏ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ရတော့သည် ။
ဆက်ရန်. . . .
မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုဟ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။
MSC-181
Author @gunapeya
ချမ်းမြေ့ ကလေး နာမည်နှင့်လိုက်အောင် ချမ်းမြေ့တော့လေမလား
သိဘူး အဲ့ဒါတော့ တွေးကြည့်လိုက်ဦးမယ် ပြီးမှ ပေါ့
ချမ်းမြေ့ဘဝပြောင်းလဲပုံကိုဆက်ဖတ်ရန်မျှော်နေပါမည်ဘုရား
ဟုတ်ကဲ့ပါ ဆက်ရေးကြည့်ပါဦးမယ်
စောင်မျှော် နေပါမယ်ဘုရား။
အားပေးတာ ကျေးဇူးပါကွယ်
တပည်တော်ရဲ့ ဘကြီးဘုန်းကြီးကတော့ စာသင်ကျောင်းအပ်တာ
ကျောင်းအုပ်ကို ကျုပ်တူစာမရလိုရိုက်လို့သေသွားရင် ခြေထောက်ရိုးနဲ့ခေါင်းရိုးဘဲလာပို့တဲ့ ဟားးးးကြောက်စရကြီး
ဟုတ်ပါ့ ရိုက်နှက်တိုင်းသာ စာရကြေးဆို နွားတွေ ဘွဲ့ရမှာပေါ့လို့  သူများတွေစောဒကတတ်နေကြမှာပေါ့ ဦးယုရယ်
စောင့်ဖတ်ရပြန်ပါပြီလေ😁
မရဘူး အခန်းဆက်နဲ့ပဲ သွားမယ်
နာမည်နဲ့ဘဝက ပြောင်းပြန်ဆိုတော့ ချမ်းမြေ့ပါစေ ပဲဆုပေးရမလိုပါပဲဘုရား
ဟုတ်တယ် ဦးစိုး ဒါပေမဲ့ နာမည်က ပညတ်သက်သက်မို့ လို အဲ့လိုတော့ မဖ်ြနိုင်ဘူး
တကယ် ချမ်းမြေ့ စေချင်ပါတယ်။
ချမ်းမြေ့ရပါတော့မယ် နောက်အပိုင်းများမှာပေါ့
သားသမီးများ၏ ဘဝသည် မိဘ၏ဆုံးမသွန်သင်နည်းစနစ်ကျမှုနှင့် တိုက်ရိုက်အချိုးကျပါသည်
ဟုတ်တယ် ဘိတ်သားရေ မိဘတွေကလည်း လိုအပ်တယ်
ချမ်းမြေ့လေးတစ်ရောက် ဘာဆက်ဖြစ်မှာပါလိမ့်
မသိဘူးလေ နောက်တစ်ပိုင်းဖတ်ကြည့်ပေါ့
ဘယ်လိုများ ပြောင်းလဲသွားမှာပါလိမ့်
နောက်တစ်ပိုင်းမှာ လာမည် မျှော်ပေါ့
မိဘမဆုံးမရင်တော့ကလေးက ဆိုးပြီလေ
မွေးစားမိဘတွေ လက်ထဲ ရောက်လာပြီလေ ဘယ်လိုဆက်ဖြ်းမလဲ မသိသေးဘူး
ကလေးဆိုး ဆိုပီး ဦးဇင်းပုံတွေ့လိုက်တော့ တမျိုထင်သွားတာ။နောက်မှ ချမ်းမြေ့မှန်းသိတယ်။အဆက်အစပ်မိအောင် အပိုင်၁ပြန်ဖတ်ရအူးမယ်။ ;-)
uz အဲ့လောက်မဆိုးပါဘူး မဆိုရုံလေးပါ
ချမ်းမြေ့လေးဘ၀ အဆိုးတွေများလှပါလား။
ပတ်ဝန်းကျင်ဆိုးကြောင့် ပြောင်းလဲသွားတာပါ
အလွန် စိတ်ဝင်စားဖွယ်ရာဖြစ်လာပါပြီဘုရား တစ်ပုဒ်လုံး ရေးထားပြီးသားလားဟင် မတင်ခင်ကြိုဖတ်ထားချင်စိတ်တွေ ပေါက်လာလို့ပါဘုရား
ကြိုတော့ မရေးရ သေးပါဘူး ဒါပေမဲ့ ရေးကွက်က အများကြီးပါ ဇာတ်ကောင်က အီဖေကိုယ်လေ ဟီးးးး
အဲ့ဒါပြောချင်တာပဲဦးဇင်းရေ
သားသမီးမကောင်း မိဘခေါင်း လို့သာပြောနေတာ
သားသမီးတွေဘာလို့မကောင်းသွားကြတာ
ကိုလည်းပြန်စမ်းစစ်ဖို့လိုတယ်