Steemit အဖွဲ့ဝင် သင်ဆရာ၊မြင်ဆရာ၊အစ်ကို၊အစ်မ၊သူငယ်ချင်းများအားလုံးမင်္ဂလာပါ
လို့ဦးစွာပထမအနေဖြင့်နုတ်ခွန်းဆက်သပါတယ်ခင်ဗျ။
အချိန်ရဲ့တန်ဖိုးရှိပုံအမျိုးမျိုးကို ရေးသားပြောဆိုကြပုံတွေကို အားလုံးပဲဖတ်ဖူးကြား
ဖူးကြပါသည်။အမှန်တကယ်ပဲ အချိန်ဟာအလွန့်ကိုတန်ဖိုးကြီးပြီးအဖိုးမဖြတ်နိုင်တဲ့
အရာတစ်ခုပါ။မရောက်ရှိလာသေးတဲ့အချိန်တွေကို ယ္ခုချက်ချင်းရောက်ရှိလာအောင်
လုပ်ယူလို့မရသလို ကုန်လွန်သွားတဲ့အချိန်တွေကိုလည်း ပြန်ပြီးနောက်ဆုတ်လို့
မရနိုင်ပါဘူး။ဒါကြောင့်လည်းအချိန်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုဆိုတာ
အထူးပင် ပြောစရာမလိုတော့ပါ။
“ပညာလိုအိုသည်မရှိ” ။ထိုစကားကိုအားလုံးပဲကြားဖူးကြ ပါသည်။ထိုစကားဟာ
ဘယ်အရွယ်ရောက်ရောက် ပညာရှာချင်စိတ်ရှိဖို့က အဓိကကျကြောင်း ၊ဒါကြောင့်
ဘယ်အရွယ်ရောက်ရောက် ပညာရှာရမယ်ဆိုတာကိုတိုက်တွန်းနှိုးဆော်တဲ့စကား
ပဲဖြစ်ပါသည်။ဒါပေမဲ့ထိုစကားဟာကျွန်တော့်အထင်ရာနုန်းပြည့်မှန်တယ်လို့မထင်
မိပါဘူး။(မှတ်ချက်။ ။လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါသည်၊)ဒါက ကျွန်တော်
ရဲ့အမြင်ကိုပြောတာပါ။ကျွန်တော်ပြောချင်တာကအချိန်ကိုသူ့အချိန်နဲ့သူအချိန်အခါ
အလိုက်အချိန်မနှောင်းခင်မှန်မှန်ကန်ကန်အသုံးချတတ်မှပိုပြီးအဆင်ပြေနိုင်ပါတယ်။
ငယ်ငယ်ကပညာမသင်ခဲ့ရတဲ့အဘိုးအိုတစ်ယောက်ဟာခုချိန်ကျမှပညာသင်မယ်ဆိုပါ
တော့အနည်းအကျဉ်းပဲစာသင်လို့ရနိုင်မှာပါ။လောကီဘ၀အတွက်တော့နောက်ကျသွား
ပါပြီ။လောကုတ္ထရာအတွက်ဘာသာရေးဘက်ကို အချိန်ပေးလိုက်တာက ပိုပြီးအကျိုးရှိ
စေမှာပါ။ဘာလို့လည်းဆိုတော့ပညာသင်ရမယ့်အချိန်ခါတွေကုန်လွန်သွားလို့ပါပဲ။
(ကျွန်တော့် အမြင်ကိုပြောတာပါ)။
ထိုနည်းတူစွာပဲ အချိန်ကို အချိန်အခါမလင့်ခင် အသုံးချတတ်မှပိုပြီးအဆင်ပြေနိုင်ပါတယ်။
ဒါကြောင့် steemit platform ပေါ်ကိုရောက်ရှိလာကြတဲ့ သူငယ်ချင်းတို့လည်းအချိန်အခါ
အကောင်းကိုလက်လွတ်မခံပဲ အမိအရဆုပ်ကိုင်ထားနိုင်ဖို့လိုအပ်ပါတယ်။ဒါမှ ခုချိန်ကတည်း
ကအချိန်တွေ မကုန်လွန်စေခင် steemit dollar $ / steemit power $ တွေကိုစုထားနိုင်မှ
နောင်အခါကျွန်တော်တို့အတွက်အဆင်ပြေနိုင်မှာပါ။ ဒါမှလည်း ကျွန်တော့်ရဲ့ဆရာ
ဦးတင်လှိုင်ဦး(သရက်)ပြောသလိုပါပဲကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ Myanmar Steemit လောကထဲကိုဝင်ရောက်လာတဲ့ အနာဂတ်လူငယ်တွေအတွက်တစ်ဖက်တစ်လမ်းက ကူညီ
လို့ရမှာပါ။
“ကုသိုလ်လည်းရ၊၀မ်းလည်းဝ” ဆိုသလိုမျိုး steemit dollar$ / steemit power $
တွေကိုစုရင်းကျွန်တော်တို့ရဲ့အနာတ်အတွက်လည်းအများကြီးအကျိုးရှိစေမှာပါ။ဘာလို့
လည်းဆိုတော့နောင်တစ်ချိန်မှာ steemit dollar$ /steemit powe တွေနေရာယူလာမယ်လို့
အခိုင်အမာပြောဆိုနေကြလို့ပါပဲ။အဲဒီလိုခန့်မှန်းချက်တွေအတိုင်းဖြစ်မလာခဲ့ဘူးဆိုရင်တောင်
ကျွန်တော်တို့အတွက်အချည်းအနှီးမဖြစ်နိုင်ပါဘူး။ကျွန်တော်တို့အတွက်အရင်းအနှီးစိုက်ထုတ်
ထားတာ ငွေတစ်ပြား တစ်ချပ်မှ နစ်နာစရာမရှိပါဘူး။တကယ်တော့ ကျွန်တော့်တို့စိုက်ထုတ်
ထားတာက အချိန်တွေပါပဲ။ဒါကြောင့် အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့အရေးကြီးပါတယ်။
Steemit အဖွဲ့ဝင်အပေါင်း အချိန် ကိုအကျိုးရှိရှိအသုံးချနိုင်ပါစေရန်ရည်ရွယ်လျှက်
@hanhtay
Photo credit from google images.
Thank for sharing
ဟုတ်ကဲ့ပါ အစ်ကို
good post
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ
thanks bro
ဟုတ်ကဲ့ အစ်ကို
အချိန်နဲ့ပတ်သက်လို့ရေးရင်အများကြီးရသေးတယ်။
ဟုတ်ကဲ့ပါ ဆရာ
အချိန်ကပဲ အရာအားလုံးကို အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်..
ဟုတ်ကဲ့ အစ်ကို
Time and tidy wait for no man!
အချိန်ရခိုက် လုံ့လစိုက်လို့
Steem Power စုကြစို့
ဟုတ်ကဲ့ အစ်ကို
Thank your post
Thank You
မနေ့က မအားလို့ မန့်လိုက်ရဘူး
အခုပြန်လာမန့်တာ
အဲတာလာပြောတာ
လစ်ပြီဗျာ
Thank You
Time
Thank You
အချိန်က စကားပြောသွားပါလိမ်မည်
ဟုတ်ကဲ့ အစ်ကို
Good post.Tide and time wait for noone.
Thank You sis
အမှန်ပဲ ညီလေး
ဟုတ်ကဲ့ အစ်ကို