အိ ပ် မ က် ရဲ့ေ နာ က်ေ ဖး
အနာတွေ အများကြီးလို့ အမေက ပြောတယ်
ကျွန်တော်က ကိုယ့်ကိုကိုယ် သိပါတယ်
သည်တစ်ဘဝလုံး အကုသိုလ်တွေချည်း
ခိုလို ဥာည်းခဲ့ပါတယ်
လေ လို လွင့်ခဲ့ပါတယ်
စနစ် ကြီးလို ဆိုးဝါးခဲ့ပါတယ်
အခု ခိုအိမ်ကလေး ဘယ်မှာလည်း
အခု လေထဲ ဘယ်လို လွင့်မလည်း
အခု စံနစ်ကြီးကို ယုံကြည်ချင်ပါတယ် ။ ။
ကျီး က န်း
ဆင်သေပေါ် နားပြီး ဆင်ခိုးမပေါ် ကျွဲခိုးပေါ်လို့
ဆင့်ပါးစပ်နှမ်းပက်သလို ဆင်ကန်းတောတိုးလို့
ကျီးကြည့် ကြောင်ကြည့်နဲ့
တောကျီးကန်းဟာ ကြောင်တောင်ကန်းလို့
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တဲ့
ဒေါင်းယောင်ဆောင်တဲ့ ကျီးဟာ
ကျီးဖြူ ကျီးမည်း တစ်ကောင်ထဲတော့ မဖြစ်နိုင်ဘူး ။
ကို ကျူး
၂၃ ဧပရယ် ၂၀၁၉ ။