ကျွန်မ အသက်လေးနှစ်အရွယ်လောက်ကဖြစ်မည်။ ကျွန်မဦးလေးနှင့် ကျွန်မအဖိုး အကြီးအကျယ်ရန်ဖစ်ကြသည်။
ကျွန်မရှေ့တွင် ဒုတ်ဆွဲ၊ဓားဆွဲ အခြေနေထိဖြစ်ကြပါသည်။အခုချိန်ထိကျွန်မစိတ်ထဲတွင် အဲ့ဒီအခိုက်အတန့်ကိုမှတ်မိနေသည့်တိုင်အောင် အဲ့အချိန်က ကလေးတစ်ယောက်၏ နုနယ်သည့်စိတ်ထဲတွင်မည်မျှပင်စိတ်ဒဏ်ရာ ရခဲ့မည်လဲ။ နောက်တစ်ခု...ကျွန်မတို့မိဘတွေ ငယ်ငယ်ကတည်းက ကျွန်မတို့ငိုလျှင်၊ကျွန်မတို့လိုချင်တာတစ်ခုခုပူဆာမိ၍ မဝယ်ပေးချင်သည့်အခါမျိုးတွေဆိုလျှင် ဒေဝေါ တို့ လူမည်းတို့ လူဖြူတို့ လူနီတို့ ဆိုတာ မရှိပဲနဲ့အမြဲတမ်းခြောက်လှန့်ခံနေခဲ့ရတာပါ...ဘေးအိမ်နီးနားချင်း၊ ရပ်ကွက်ထဲက လူကြီးတချို့များကပင် ဟိုနားမသွားနဲ့၊ သရဲရှိတယ် ဒီနားမသွားနဲ့ မနိးကျည်းပင်က သရဲခြောက်တယ်..
စသဖြင့် ပြောနေသံများကြားလာရတဲ့ ကျွန်မအဖို့က မိုးချုပ်လာမှာပင်ကို ကြောက်နေမိတော့တာ၊ ကမ္ဘာမှာ နေ့ဆိုတာပဲရှိရင်ကောင်းမယ် ညဆိုတာမရှိစေချင်ဘူး လို့အကြိမ်ကြိမ်ဆုတောင်းဖူးခဲ့တာ။ ကျွန်မအသိစိတ်ထဲ အခုချိန်မှာတွေးမိတာက "ငါသာ ကလေးတစ်ယောက်ကို ထိန်းကျောင်းခွင့်ရှိခဲ့မယ်ဆိုရင် အဲ့ဒီလို ယုံတမ်းပုံပြင်တွေနဲ့ ထိန်းကျောင်းမယ့်အစား ခြောက်လှန့်မယ့်အစား တကယ့်လက်တွေ့ဘဝနဲ့နှိုင်းယှဉ်ပြီး သင်ပေးချင်တယ် "လို့
ွှဆုံးဖြတ်ချက်ချနေမိတော့ပါသည်။ ကျွန်မဟာ လေးငါးနှစ်အရွယ်ကစပြီး(လေးငါးနှစ်ဆိုတော့လူမှန်းသိတက်စပေါ့)ဆယ်တန်းနှစ်လောက်အထိ က တောက်လျှောက် အထက်ကဖော်ပြခဲ့သလိုပဲ ဝန်းကျင် နဲ့ပဲ ကြီးပြင်းလာခဲ့ရသည်။
နောက်ဆယ်တန်း နှစ်ဝက်လောက်မှာပဲ နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့ခဲ့ရပါသည်။ အဲ့ဒီ ပတ်ဝန်းကျင်ကိုရောက်တဲ့အချိန်တွင် လူတွေကို အကောင်းမြင်တက်ခဲ့ပါတယ်။ ကြောက်ရွံစိတ်တွေဆိုတာလည်း ကြက်ပျောက် ငှက်ပျောက်ပါပဲ။ အဲ့ဒီမှာ ကျွန်မကိုယ်တိုင်ဟာ လွတ်မြောက်လာသလိုခံစားရပါတယ်။ ကျွန်မကိုယ်တိုင်ဟာ စိတ်ချမ်းသာမှုတွေရှိလာတဲ့အတွက် ကျမရဲ့ ဝန်းကျင်ကိုလည်ယ ကောင်းတဲ့အရာတွေပဲ မျှဝေတက်ခဲ့ပါတယ်။ ကိုယ့်အတွက်ကြောင့် သူတစ်ပါးနစ်နာစေတာမျိုးတွေ၊စိတ်အနှောက့်ယှက်ဖြစ်စေတာတွေကို တက်နိုင်သမျှရှောင်ရှားတက်ခဲ့ပါတယ်။ ဒါဟာ "Win Win"ပါ။ ကျွန်မဟာ ဝန်းကျင်ကောင်းကြောင့်ပြောင်းလဲလာတယ်။ ဝန်းကျင်ဟာ ကျမကြောင့် စိတ်မချမ်းမြေ့စရာမရှိ...ဘယ်လောက်တောင် သာယာလိုက်တဲ့လောကကြီးပါလဲ.......
"နေတက်ရင် ကျေနပ်စရာကြီး" ဆိုတဲ့ စကားပုံ အတိုင်းပေါ့...
(ဒါဟာ ဝန်းကျင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာများဖြစ်ပါတယ် နောက်တွင်မူ "ကျမရဲ့ တွေးခေါ်မှုများ" တွင် အတွေးအခေါ်ပိုင်းဆိုင်ရာများ သက်သက် ဖော်ပြပါမည်။)
ဒါပေမဲ့...ဝန်းကျင်ဆိုသည်မှာ အမြဲတမ်း ကောင်းနေနိုင်မည်လား.... ဤနေရာတွင်တစ်ချက်စဉ်းစားစရာရှိပါသည်။ ထိုအကြောင်းအရာကိုဖော်ပြရာတွင်
1.အကောင်းမှအဆိုးသို့ပြောင်းလဲခြင်း
2.အဆိုးမှအကောင်းသို့ ပြောင်းလဲခြင်း
3.မကောင်းမဆိုး အလယ်အလတ် တွင်တည်ရှိနေခြင်း
အကောင်းမှအဆိုးအားပြောင်းရန် ချက်ချင်း လွယ်ကူသလောက်
အဆိုးမှအကောင်းသို့ပြောင်းလဲရန်မှာ လွန်စွာခတ်ခဲလှပေသည်။ကျမအတွက် ဒီ ဝန်းကျင် ဆိုသည့် ဝေါဟာရသည် အတော်ပင်အရေးပါနေသောကြောင့် အကျယ်တဝင့်ဖော်ပြနေခြင့်းဖစ်သည်။ ကျွန်မသည် ယခုအချိန်ထိပင် အကောင်းအဆိုး ဒွန်တွဲနေတက်ပါသည်။
ကျမကိုယ်တိုင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု မပြင်းထန်လေတော့ ဝန်းကျင်ခေါ်ဆောင်ရာ နောက်ကို အလွယ်တကူ ဆွဲငင်ပါသွားပါတယ် ။ ဒါဟာ စိတ်စွမ်းအင်မရှိသေးတာပါ။ ဒီလိုပဲ အချိန်ကြာတာနှင့်အမျှ မပြောင်းလဲ ဖို့လဲ မဖြစ်နိုင်ပါဘူး၊ အသက်အရွယ်ဆိုတာ ရှိသေးတာကြောင့် ပြောင်းလဲနိုင်ရန်နည်းမျိုးစုံဖြင့်ကြိုးစားနေပါတယ်။ အခုချိန်ထိလဲ ကိုယ့်ကိုကို ပြောင်းလဲရင်း...ပြောင်းလဲရင်း.............နောင်လဲ
ကိုယ်က ဝန်းကျင် အတွက် ဝန်းကျင်ကောင်း တစခု ဖြစ်စေရန် ကြိုးပမ်းရင်း..........ဒီစာ ကို နိဂုံးချုပ် ပါတယ်လို့ ပြောချင်ပါတယ်။
ဒေဝေါကြီးလာနေပီ :D