သူငယ်ချင်းထံသို့ ပေးစာ

in #myanmar6 years ago (edited)

သူငယ်ချင်းရေ...

              ဘဝရဲ့ တစ်ဆစ်ချိုး
            ပညာခရီးရဲ့ တစ်ဆစ်ချိုး
           ၁၀တန်းဆိုတဲ့ အတန်းပညာကို
            အောင်မြင်သွားပြီးရင်
            မတူညီတဲ့ ဝါသနာတွေကြောင့်
            မတူညီတဲ့ လမ်းကိုလျှောက်ရမှာပါ။

            အမှတ်ကောင်းတဲ့ သူငယ်ချင်းတစ်ချို့
           ဆေးတက္ကသိုလ်တတ်နေချိန်မှာ
           မိဘအဆင်မပြေလို့ 
           အဝေးသင်တတ်နေတဲ့သူတွေကို
            မနှိမ်ပါနဲ့ သူငယ်ချင်းရေ။

            အမှတ်လဲမီပြီး ဝါသနာပါရာကို
            တတ်ရောက်ခွင့်ရောက်ရလို့
             ပျော်နေတဲ့သူရှိသလို
             အမှတ်မမီလို့ ဝါသနာကို
             စွန့်လွှတ်ပြီး ရောက်တဲ့ကျောင်းမှာ
             ပျော်သလိုနေရတဲ့ သူတွေကို
              မနှိမ်ပါနဲ့ သူငယ်ချင်း။

              အမှတ်လဲမီ ဝါသနာလဲပါပေမယ့်
              အဝေးသင်တောင်မယူနိုင်
               မိသားစုရဲ့ အားထားရဆုံးမို့
               ကျောင်းနားအလုပ်လုပ်ရတဲ့ 
               လူတစ်ချို့ကို လည်း
               မနှိမ်ပါနဲ့ သူငယ်ချင်း။

               ဘယ်လိုပဲဖြစ်နေဖြစ်နေ
    "Certificate is just a paper"ပါ
                 သူငယ်ချင်းရေ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.

MSU NO-003
received_236425950252219.jpeg


written by :@hnineikhaing #myanmar #msu

Sort:  

သူငယ်ချင်းကို ဘူနဲ့များပေးစားမလဲလို့လိုက်ကြည့်တာ ကိုယ်နဲ့မဟုတ်ဖဲ နောက်မှ ပေးစာဖြစ်မန်းသိလိုက်တယ် ဒီကနေရာဦးမို့ပါဆို ။

😀ရေးရင်အရှိန်ပါသွားတာ တောင်းပန်ပါတယ်

တောင်းပန်ပါတယ်တော့ လုပ်ပါနဲ့အေနော့လေ ။ သူစိမ်းဆန်တာမှ ခါတဲ့ ။

ဒါဆိုမတောင်းပန်ဘူးနော်😝ပြန်ရုတ်သိမ်းတယ်

အယ်မ ရယ် ကြမ်းလှချည်လား ခြေလှမ်းတွေ သွက်နေတယ်နော် 👍 👍

အယ်ကို ကိုတော့လိုက်မမီပါဘူးနော်။

တိုက်ဆိုင်မှုတွေရှိသူကတော့ ချက်ချင်း သဘောပေါက်တော့တာပေါ့ကွယ်

ဟုတ်​ကဲ့ပါ သယ်​ရင်း​😁

good poem ပါ sis ရေ

ကျေးဇူးပါbro

Congratulations @hnineikhaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!