မင်္ဂလာပါ
ကျွန်မတို့လူသားများသည် နှုတ်မှအသံထွက်ကာ စကားပြောကြတယ်၊ ပြောတဲ့စကားလုံတွေဟာ ထိမိလေးနက်တဲ့အဓိပ္ပါယ်တွေနဲ့ပြည့်နှက်နေပါတယ်။
ဒီနေ့မှာတော့ "သိသိသာသာ " "မသိမသာ " ဆိုတဲ့စကားလုံးတွေရဲ့အဓိပ္ပါယ်ကို ကျွ န်မ သိသလောက်ပြောပြချင်တာပါ။
လူတွေပြောကြတယ် ပုံမှန်အနေ အထားထက်ကျော်လွန်သွားရင်သိသိသာသာ ဆိုတဲ့အသုံးကိုပြောတတ်ကြပါတယ်။ "သိသိသာသာ" ဆိုတဲ့အသုံးမှာ လူတွေ အချင်းချင်းစကားပြောကြမယ် သူများထက် ကိုယ်က သိတယ် တတ်တယ် တောာ်တယ် ဆိုရင် ထိုသူက သူများထက် သာသွားသွားတယ်။ ဘာ့ကြောင့်လဲ ထိုသူဟာ သူများတကာ ထက်ပိုသိလို့ တတ်လို့ တော်လို့ သာသွားတာပေါ့။
ထို့ကြောင့် - သိတော့ သာတယ် လို့ပြောကြတာပါ။
အလုပ်တစ်ခု သို့မဟုတ် ဘာပဲ လုပ်လုပ်ပေါ့ လူချင်းယှဉ်ပြီး
ို့ ပြောမယ် လုပ်မယ် ဆိုရင် ဘာမျှမသိနားမလည် မတတ်တဲ့သူသည် သူများနှင့်ယှဉ်ပြိုင်လျှင်နှိင်မည်မဟုတ်သောကြောင့်အရေးလည်း မသာနှိင်ချေ။ ဥပမာပြေရ လျှင် သေနေသော သူသေကောင်ကြီး၏ ဘေးမှာထိုင်ပြီး သိအောင်တတ်အောင် ဘာတွေသင်ပေးသင်းပေး ဘာပဲပြောပြော ဘာပဲ လုပ်လုပ် ထိုသူသေကောင်ကြီးသည် ဘာတစ်ခုမျှ သိနှိင်မည်မဟုတ်ပေ။ ထို့ကြောင့် ဘာမျှမသိလျှင်တော့ လူသေကောင်ကြီး(မသာ) ပါပဲ။
ကျွန်မ ချစ်ခင်ရပါသော မိဘ သူငယ်ချင်း မိတ်ဆွေ အားလုံးတို့သည်လည်း ဘဝတွင်ကောင်းသောလုပ်ရပ်များကို ဖော်ဆောင်၍ တိုးတတ်မြင့်မားသော ဘဝများကို လက်ဝယ်ပိုင်ဆိုင် သိ-သာ နှိင်ကြပါစေ။😊
@originalworks
Good Post
Good
Good
အရေးအသားကောင်းပါတယ်ဗျ ညီမရေ ကြိုးစားထား
ဟုတ်ကဲ့ ကျေးဇူးပါ
Good
Good
Good
Good post
အားပေးနေပါတယ်
ပန်လေးလှတယ်