ခွေး​​လေး ဘိုဖြူ

in #myanmar7 years ago

အိမ်​မှာ ​ခွေး​လေး ၂​ကောင်​​မွေးထားသည်​။ ဘိုဖြူ နှင့်​ မိုက်​ကယ်​။
ဘိုဖြူ အ​ဖေက ​ခွေးပုမျိုး ၊​သို့​ပေမယ့်​ ဘိုဖြူ က​တော့ အရပ်​ရှည်​ပါသည်​။ "ဘိုဖြူ " ဟူ​သော အမည်​နာမကို ကြည့်​ခြင်းအားဖြင့်​ အ​မွှေးအဖြူ ​ရောင်​နှင့်​ ​ခွေး​လေး ဖြစ်​​ပေမည်​ ဟု စာရှုသူတို့ ​တွေးမိ​လောက်​ပြီ။ မှန်​ပါသည်​၊ အ​မွှေးဖြူ ဖြူ အိအိ​လေး​တွေနှင့်​ ချစ်​စရာ​ကောင်းလှ​သော ဘိုဖြူ ပင်​ဖြစ်​ပါ​ပေသည်​။ ချစ်​စရာ​ကောင်း၍လည်း အိမ်​နီးချင်းဦး​လေးကြီးဆီမှ ​တောင်းယူခဲ့ခြင်း ဖြစ်​သည်​။ ဘိုဖြူ ​လေးကို လိုချင်​၍ ​တောင်းယူသူ​တွေများလှသည်​။ အစတုန်းက ဒီ​ခွေး​လေးနို့ပြတ်​မှသာ ​မွေးမလို့ စဉ်းစားထား​ပေမယ့်​၊ ဘိုဖြူ ကို လိုချင်​၍ ​ချောင်း​နေ​သော ဟိုဘက်​အိမ်​က အစ်​မကြီး၏ ရန်​ကို ​ကြောက်​၍ ၊ ​ခွေးရှင်​ကို ခွင့်​​တောင်း၍ ယူလာခဲ့သည်​။
2017-11-26-13-08-13--1464558039(1).jpg
Image Source

ဘိုဖြူ​လေးအိမ်​သို့​ရောက်​လာသည့်​​နေ့မှစ၍ အိမ်​စည်​သည်​ဟု ​ပြောရမည်​။ ယခင်​က တိတ်​ဆိတ်​​နေ​သော ကျ​နော်​တို့အိမ်​​လေးမှာ ​ခွေး​ဟောင်​သံ​လေးများဖြင့်​ သာယာနာ​ပျော်​ဖွယ်​​ကောင်းလှသည်​၊ ​ခွေးအကြီးကြီးများ၏ ​ဟောင်​သံမှာ ဆူညံသံဖြစ်​​သော်​လည်း ၊ ​ခွေး​ပေါက်​စ​လေးများ၏ ​ဟောင်​သံမှာ အသံတိုးတိုး စူးစူး​လေးဖြစ်​၍ နား​ထောင်​​ကောင်းခြင်းဖြစ်​သည်​။ ဤတွင်​ ကျ​နော်​တို့ တစ်​အိမ်​လုံး ဘိုဖြူ ကိုချစ်​ကြ​သော်​လည်း အဘွားက​တော့ မည်​သည့်​တိရစ္ဆာန်​ကိုမှ မချစ်​ပါ။ "ဟာ ဒီ​ခွေးနားညီးတယ်​" ဟုသာ​ငေါက်​ငမ်း​လေ့ရှိပြီး တစ်​ခါတစ်​​လေ တံမြက်​စည်းရိုးနှင့်​ပါ ရိုက်​​လေ့ရှိသည်​။ ထို့​ကြောင့်​ ဘိုဖြူမှာ အဘွားကို ​​ကြောက်​ရသည်​။ "အဟမ်း" ဟု အဘွားက သူ့ဘာသာ​ချောင်းဆိုးလျှင်​ပင်​ သူ့ကို​ငေါက်​ငမ်းသည်​ထင်​ကာ အမြီးကုပ်​သွားရှာသည်​။

images(67)(1).jpg
Image Source

ကျွန်ုပ်​တို့မိသားစုက ဘိုဖြူ​လေးကို လွန်​စွာချစ်​​သော​ကြောင့်​ အသားဟင်း၊ငါးဟင်းများနှင့်​သာ ထမင်း​ကိုနယ်​​ကြွေး​လေ့ရှိသည်​။ ကြာ​တော့ ဘိုဖြူ ကအ​ကောင်းကြိုက်​​သော ​ခွေးတစ်​​ကောင်​ဖြစ်​လာသည်​။ အသားဖတ်​မပါလျှင်​ ထမင်းမစား​တော့ပါ။ အစား​ကောင်း​တွေစားကာ ဘိုဖြူ​ ​လေးအရွယ်​​ရောက်​လာသည်​။
ဒီလိုနဲ့ တစ်​​နေ့မှာ ​ခွေး​လေးဘိုဖြူ အတွက်​ ကံကြမ္မာဆိုးကျ​ရောက်​လာပါ​တော့တယ်​။
စည်​ပင်​က ​ခွေး​လေး​ခွေးလွင့်​​တွေကို အမဲသားထဲမှာ အဆိပ်​ထည့်​ပြီး လမ်း​တွေမှာ လာချထားတယ်​။ အ​ကောင်းကြိုက်​လွန်းတဲ့ ကျွန်​​တော်​တို့ရဲ့​ခွေး​လေးဘိုဖြူ က အမဲသားဆိုကြိုက်​မှကြိုက်​ပဲ။ ကံဆိုးချင်​​တော့ အဆိပ်​ပါတဲ့ အမဲသားကိုမှသွားစားမိရှာတယ်​၊ ဘိုဖြူ ​လေးအဆိပ်​မိသွား​တော့တာ​ပေါ့။

98a7f8ec621d55320d7991d29333dbaf--healthy-foods-samoyed-dogs(1).jpg
Image Source

သူ့ခမျာမရှိမဲ့ရှိမဲ့ အား​လေးနဲ့ အိမ်​ကိုပြန်​​ရောက်​လာရှာတယ်​။ သူကြီးပြင်းခဲ့ရာ အိမ်​၊ သူ့သခင်​​တွေရဲ့အနားမှာပဲ ​ခေါင်းချ​တော့မယ်​လို့ ​တွေးထားဟန်​တူပါရဲ့။ အဲ့ဒီအချိန်​တုန်းက အားအင်​ချိနဲ့ပြီး နွမ်းလျ​နေတဲ့ ဘိုဖြူ ​လေးကို အဘွားအပါအ၀င်​ အိမ်​ကလူ​တွေအကုန်​ မကြည့်​ရက်​ကြ​တော့လို့ အဆိပ်​များပြယ်​မလားလို့ ကန်​စွန်းရွက်​ရယ်​၊ ထန်းလျက်​ခဲကို ​ထောင်းပြီး ဘိုဖြူ ပါးစပ်​ထဲကို ဇွတ်​အတင်းထိုးထည့်​ပြီးတိုက်​ရပါတယ်​။ တစ်​ချို့​သော ရွာက​ခွေး​လေး​တွေဟာ ထန်းလျက်​ခဲဆို ကြိုက်​ကြ ၀ါးကြ​ပေမယ့်​၊ ဘိုဖြူ က ထန်းလျက်​လုံးဝမကြိုက်​ပါ။ ​ကျွေးထားသမျှ ကန်​စွန်းရွက်​နဲ့ ထန်းလျက်​​တွေကို အကုန်​ပြန်​အန်​ထုတ်​ပါတယ်​။ အဲဒီ​တော့ ဘယ်​သက်​သာပါ​တော့မလဲ။

images(65)(1).jpg
Image Source

ဘိုဖြူ ​လေးအခန်း​ထောင့်​နား​လေးမှာ မှိန်း​နေတာ ​တော်​​တော်​ကြာ​နေပါပြီ။ ကြာဆို ​နေ့လယ်​ ၁နာရီ​လောက်​ကတည်းက​နေ ည၉နာရီ​တောင်​ထိုး​နေပါ​ပေါ့လား။ ထမင်းစားဖို့​နေ​နေသာသာ ချ​ပေးထားတဲ့​ရေ​တောင်​မ​သောက်​​တော့ အားလုံးက လက်​​လျှော့လိုက်​ရပြီလို့ပဲ ​တွေးထားလိုက်​​တော့တယ်​။ ယခုအချိန်​ထိ အသက်​ရှင်​​နေ​သေးတယ်​ဆိုတာကို​တောင် ​ရှုံ့ပွရှုံ့ပွလုပ်​​နေတဲ့ သူ့နှုတ်​သီး​လေးကိုကြည့်​ပြီး သိရတာပါ။
ကျွန်​​တော်​ဆိုလဲ ဘိုဖြူ ​လေးနားမှာ ထိုင်​ပြီး မျက်​ရည်​​တွေဘာ​တွေဝဲ​နေ​ပါ​တော့တယ်​။ တတ်​နိုင်​သမျှ​တော့ လုပ်​​ပေးခဲ့ပြီးပြီပဲ ။ ကံပဲ​ပေါ့။
ည ၁၁နာရီ​ကျော်​လာပြီ၊ ဘိုဖြူ အ​ခြေအ​နေက ထူးခြားမလာ​သေး။
ည၁၂နာရီ​ကျော်​​တော့ မျက်​လုံး​တွေရဲ့ အိပ်​ချင်​စိတ်​ကို မထိန်းချုပ်​နိုင်​​တော့၍ အိပ်​ရာဝင်​ခဲ့ပါ​တော့သည်​။

for_sale__crying_girl_and_her_dog_by_art_adoption-d5s6uz5(1).jpg
Image Source

မနက်​မိုး​သောက်​အလင်း​ရောက်​လာ​တော့ အိပ်​မှုန်​စုံဝါးဖြင့်​ ​နောက်​ ၁၅မိနစ်​​လောက်​ထပ်​အိပ်​မယ်​ကြံတုန်း "၀ုတ်​....၀ုတ်​" ဟူ​သော ဘိုဖြူ ရဲ့အသံကိုကြားလိုက်​ရ​တော့ အိပ်​ချင်​စိတ်​​တွေဘယ်​ထ​ပြေးသွားမှန်း​တောင်​ မသိလိုက်​​တော့။ ​စောင်​ကိုဖယ်​ကာ ကမန်းကတန်းထ၍ ​အောက်​ထပ်​သို့ ဆင်းလာခဲ့သည်​။ ကျွန်​​တော်​​အောက်​ထပ်​ကို ဆင်းလာတာမြင်​​တော့ ဘိုဖြူ က အ​ပြေးက​လေး လာကြိုရှာသည်​။ ၀မ်းသာလိုက်​တာများ ​ပြောမ​နေပါနဲ့​တော့။

မ​နေ့ကဘိုဖြူ နဲ့ ဒီက​နေ့ ဘိုဖြူ ၊ ဆီနဲ့ ​ရေ လိုကွာခြားလွန်းလှသည်​။
တက်​ကြွလန်းဆန်း​နေတဲ့ ကျွန်​​တော့်​​ခွေး​လေးကို ကျွန်​​တော်​ပြန်​ရပြီ။ နတ်​သိကြား​တွေကများ အသက်​သွင်း​ပေး​လေ​ရော့သလား။
သို့မဟုတ်​ ​ခွေး​လေးဘိုဖြူ အစစ်​က ​သေသွားခဲ့၍ ၀ိညာဉ်​တစ်​ခုက အစားဝင်​​ရောက်​ခဲ့ခြင်း(ဖုတ်​၀င်​ခြင်း) များလား။

best-best-friend-blonde-brunette-Favim.com-3464999(1).jpg
Image Source

ဟိုဟို ဒီဒီ ​လျှောက်​​တွေး​​​နေရင်း ဘိုဖြူ့ ​ခေါင်း​လေးကို ပွတ်​​ပေး​နေမိသည်​။ "ဟင်​...နားရွက်​ထိပ်​​လေးမှာ ​သွေးထွက်​​နေပါလား"....

"အဘွား​ရေ....ဒီမှာ ဘိုဖြူ နားရွက်​​လေး ​သွေးထွက်​​နေလို့ ​ဆေးထည့်​​ပေးပါဦး"......
အဘွားက ​ဆေးထည့်​​ပေး​နေသည်​။
" အဘွား သူ့နားရွက်​က ဘာဖြစ်​တာလဲဟင်​"

"ကြွက်​ကိုက်​တာ​နေမှာ​ပေါ့"

"​အော်​....သမီးသိပြီ။ ဘိုဖြူ့ နားရွက်​ကို ကြွက်​ကိုက်​လိုက်​တယ်​။
အဲဒီမှာ အဆိပ်​​တွေက ထွက်​သွားတယ်​၊ အဲဒါ​ကြောင့်​ ​နေပြန်​​ကောင်းသွားတယ်​၊ ဟုတ်​တယ်​မှတ်​လားအဘွား"

"​အေး....ငါ့​မြေး​ပြောတာဖြစ်​နိုင်​တယ်​"

ကျွန်​​တော်​​တွေးတာထင်​တာ မှန်​ချင်​မှလဲ မှန်​ပါလိမ့်​မည်​။
ိုဘိုဖြူ ​လေးက​တော့ ​နေ​ကောင်းသွားပြီး ကျန်းမာ​ပျော်​ရွှင်​စွာဖြင့်​ ကျွန်​​တော်​တို့မိသားစုနဲ့အတူ ယခုတိုင်​ ​နေထိုင်​လျက်​ရှိပါ​တော့သည်​။

Written By
@honeysara
MSC-040

Sort:  

Well, i cant understand the language but the cute dog got my attention!

Language is burmese language. The story is about my pet dog, kind of drama, but happy ending. Thanks for interesting @mmali277.

you are welcome!

Hi @honeysara iam also like Dog , Very Good content about pet Dog Thanks

အဆိုတော်ဘိုဖြူသာခေါင်းစဉ်တွေ့ရင်ပေါက်ကွဲပြီ : )

ကြံကြံဖန်​ဖန်​​တွေးတတ်​တယ်​​နော်​ 😂😂

ပြန်​​နေ​ကောင်းသွားလို့..​တော်​​သေးတယ်​..

ဟုတ်​ပ, အရမ်းစိတ်​ပူခဲ့ရတာ 😪

စံရောစင်တွေ စံရောစင်တွေ

ဟယ်​....စီကားမပီ​တော့ဘူး​တော့ 😜

happy ending ဖြစ်အောင် ကောင်းပေလိုက်တာလား တစ်ကယ် ကောင်းသွားတာလား မီသိ

တစ်​ကယ်​​ကောင်းသွားတာပါ။ ဖြစ်​ရပ်​မှန်​ပါ 😁

ဝမ်းသာစရာပါဘဲဗျာ နောက် ခွေးလေးတွေ အဆိပ်မိရင် နားရွှက်ကို လွှာရမလားဘဲ ကန်​စွန်းရွက်​နဲ့ ထန်းလျက်​​တွေကို အကုန်​ပြန်​အန်​ထုတ်​တာ ကြောင့် သူအန်တဲ့ထဲ အဆိပ်ပါပါသွားတာလား အန်အောင် အဲ့ဒါတိုက်ပေးရတာလားမသိဘူးနော် ။

နားရွက်ကိုကြွက်ကိုက်လို့ဆိုတာတော့မဟုတ်နိုင်ပါဘူးဗျာ။အံလိုက်လို့ဖြစ်ပါလိမ့်မယ်

သူအန်​​တဲ့အထဲမှာ အဆိပ်​​တွေမပါဘူးထင်​တာပဲ။ ရိုးရိုးကန်​စွန်းရွက်​​တွေပဲပြန်​အန်​တာရယ်

တိရိစ္ဆာန်တွေမွေးချင်တော့ဘူး သံယောဇဉ်တွေများလွန်းလို့ပါ

ခွေစကား ဆိုတဲ့ဆောင်းပေါးလေးရေးဦးမှ