မနေ့ကကျနော် (၈၈)ရပ်ကွက် ငွေဇင်ယော်လမ်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်ကို ရောက်ဖြစ်တယ်ဗျ။ အဲဒီမှာဗျာ ကျနော်တို့ မန္တလေး မြို့အခေါ် မုန့်ပြားသလပ်ကိုတွေ့လို့ စားချင်လို့
"မုန့်ပြားသလပ်တစ်ခု ဘယ်လောက်လဲ " မေးတော့
"ဘယ်ဟာကို ပြောတာလဲ" တဲ့
ကျနော် ကအဖြူရောင် မုန်ပြားသလပ်ကို လက်ညှိုးထိုးပြတော့
"အဲဒါလား...လမ်းသရဲမုန့်လို့ခေါ်တယ်၊ ဒီဘက်ကအနီရောင်က ခေါက်မုန့်လို့ ခေါ်တယ်"
"ဟုတ်ကဲ့ အန်တီ....အဖြူတစ်ခု၊ အနီတစ်ခုပေးပါ"
"တစ်ခုဘယ်လောက်လဲ အန်တီ"
"၁၅၀ ပါ"
စိတ်ထဲမှာတော့ ဈေးသက်သာလိုက်တာလို့တွေးမိတယ်။
ကျနော်တို့ မန္တလေးမှာဆို မုန့်ပြားသလပ်အဖြူ နဲ့ အနီဆိုပြီးခေါ်ကြတယ်။ အနီရောင်ကတော့ ထန်းလျက်ရည်နဲ့လုပ်ထားတာပေါ့ဗျာ။ အဖြူရောင်ကတော့ ပဲပြုတ်၊ဆူးပုတ်ရွက်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအစိမ်း ပါတယ်၊အပေါ်ကနေ နှမ်းထောင်းဖြူးပေးတယ်။
ကြက်ဥထပ်ထည့်ချင်ရင်လည်းရတယ်။
အခု လမ်းသရဲမုန့်က ဘယ်လိုလုပ်လဲဆိုတာ တစ်ချက်ရိုးလိုက်ဦးမယ်ဗျ။
အရင်ဆုံး ပုံမှာပြထားသလို အဖြူ ရောင်မုန့်အနှစ်ထည့်မယ်။
မီးသွေးမီးဖိုကိုပဲ သုံးရမယ်ဗျ။
ပုံမှာပြထားသလို အပေါ်ကနေ ပါဝင်ပစ္စည်းလေးတွေဖြူးလိုက်မယ်။
ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပဲပင်ပေါက်၊ အုန်းသီးလေးတွေဖြူးလိုက်တယ်။ ကြည့်လိုက်တော့လဲ လွယ်လွယ်လေး ထင်ရတယ် ။ ဒါပေမယ့် လောကကြီးမှာ ဘယ်အရာကမှ ထင်သလောက် မလွယ်ကူလှပါဘူး၊ မုန့်နှစ်ဖျော်တဲ့အခါမှာ ရေအချိုးအစားတွက်ရမယ်။ ရေများလို့လဲမဖြစ် နည်းလို့လဲမဖြစ်ပါဘူး၊ နောက်တစ်ချက်ရှိတာက မီးအပူရှိန်ဂရုစိုက်ရမယ်၊ မီးအပူရှိန်နည်းရင်လဲ မုန့်ကပျော့သွားမယ်၊ မီးများပြန်ရင်လဲ ကျွပ်လွန်းအားကြီးပြီး တူးသွားရင် ဘယ်သူမှဝယ်မှာ မဟုတ်ပါဘူး။ ဟော...လမ်းသရဲမုန့်တော့ရပြီ၊ အမယ် သတင်းစာအပိုင်းအစလေးနဲ့ထုတ်ပေးတာဗျ။ အဖြူ ရောင်ရပြီဆိုတော့ အနီရောင် ဘယ်လိုလုပ်လဲ တစ်ချက်ကြည့်မယ်နော်။
ပုံမှာပြထားတဲ့အတိုင်း မုန့်အနှစ်အဖြူ ရောင်ပဲ ထည့်တယ်ဗျ။
အဖြူရောင် မုန့်အနှစ်မခြောက်သေးတဲ့အချိန်မှာ အနီရောင်မုန်အနှစ်ထပ်ထည့်ပါတယ်။ ပြီးရင် အပေါ်ကနေ အုန်းသီးလေးတွေ ဖြူးပေးရင် ပြီးသွားပါပြီ။
အင်း...သူတို့ပြောတဲ့ ခေါက်မုန့်ဆိုတာ မန္တလေးက အနီရောင်မုန့်ပြားသလက်နဲ့ လုပ်ပုံလုပ်နည်းအတူတူပါပဲ။ မန္တလေး ကမုန့်က အနီရောင်မုန့်အနှစ်ပိုများသွားပြီး ထူထူလေးဖြစ်သွားတာပဲ ကွာပါတယ်။
မန္တလေး မှာလဲ ခေါက်မုန့်ဆိုတဲ့နာမည်နဲ့ မုန့်တစ်မျိုးရှိသေးတယ်ဗျ။ သူတို့ခေါက်မုန့်နဲ့တော့မတူဘူးပေါ့ဗျာ။ မန္တလေးကခေါက်မုန့်က ကြက်ဥတို့ ထောပတ်တို့နဲ့လုပ်ထားပြီး မုန့်ကို ခေါက်ထားတာဗျ။ အဲဒါကြောင့်လည်း ခေါက်မုန့်လို့ခေါ်တာဗျ။ ကျနော်ဆို ခေါက်မုန့်ကို အရမ်းကြိုက်တာဗျ။ ၀ါးလိုက်ရင် ကြွပ်ကြွပ်နဲ့မည်ပြီး ထောပတ်နံ့လေးသင်းနေတာပဲ၊ ပြောရင်းနဲ့တောင် စားချင်လာပြီဗျ။
အခုလောလောဆယ်တော့ ရှိတဲ့ လမ်းသရဲမုန့်နဲ့ ခေါက်မုန့် နဲ့ပဲစားရတော့မယ်ဗျာ။
ခံတွင်းချဉ်တယ်၊ ဗိုက်မ၀သေးဘူးဗျ။ လက်ဖက်ရည် ၀င်သောက်လိုက်ဦးမယ်။ "ဗျို့ တီးဆရာ....ပုံမှန်တစ်ခွက်လောက်ဗျို့"
Myanmar Steemit အဖွဲ့သားများအားလုံး သွားရည်ကျနိုင်ကြပါစေ.....အဲလေ ယောင်လို့...ကျန်းမာလန်းဖြာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း......
Written By
@honeysara
ဓာတ်ပုံတွေကြည့်ရနဲ့တင် သွားရည်ယိုတယ်။ လမ်းသရဲမုန့် မစားရတာကြာပြီ။
ဟုတ်လား....ပါဆယ်ပို့ပေးမယ်လေ 😊
တစ်ခု ၅၀၀ကျပ်
ဟုတ်တယ်ဆို....အဲ့မှာဈေးသက်သာတယ်နော် 😁😋
မစားဖြစ်တာအတော်ကြာ သရေယိုလိုက်ထာ
လမ်းမှာတွေ့ရင် ၀ယ်ကျွေးမယ်လေ 😊
ကြိုက်တယ်
ဟုတ်လား :-)
အရင်က ဘုရားပွဲဈေးဆို စားရတယ် ခုမစားရတာတောင်အတော်ကြာခဲ့ဘီ
အော်..ဆောင်းရာသီရောက်တော့မယ်၊ ဘုရားပွဲဈေးတွေ နီးပါပြီ ☺
ခေါက်မုန့်ပဲသိတယ်
Aww, Imm....
Coffee လေးအရမ်းကြိုက်တယ်။
Coffee သောက်ချင်တာလား?
ကျနော်က
လက်ဖက်ရည် ပုံတင်ထားတာဗျ 😂😂
vote ခဲ့တယ်ဗျာ
If u would like to vote me back
@aungmyotun
I upvoted you too 😉
ဂလု ဂလု
ရှလွှတ် .....ရှလွတ် 😂😂😂
ငင့် အဲ့ရေခဲမုန့်ကအေးမှမအေးတာကို
လမ်းသရဲ မုန့်ပါဗျ 😳
စားချင်စရာပဲနော်
Imm ☺😋