STEEM မိတ်ဆက်

in #myanmar7 years ago (edited)

steem ဆိုသည်မှာ SHA-256 hashing algorithm
နည်းပညာကိုသုံးထားသော PoW coin ဖြစ်ပါတယ် ။
အရှည်ကောက်ကတော့ Proof of Work ဖြစ်ပါတယ် ။
steem ကို 2015 ခုနှစ် ဂျူ လိုင် 4 ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ steem ရဲ့ official website ကတော့ steem.io ပါ။
steem ရဲ့ official message board ကတော့
steemit.com/@steemitblog ဖြစ်ပြီး steem ရဲ့ twitter acc ကတော့ @steemit ဖြစ်ပါတယ်။

S80218-041309(1).jpg

steemit.com ဆိုတာကတော့
block-chain နည်းပညာကို အခြေ ခံထားတဲ့ social media တစ်ခုဖြစ်ပြီး steemit မှာဆိုရင် အဓိကအနေနဲ့ ငွေကြေးသုံးမျိုးရှိပါတယ်။
Steem ရယ်, Steem Power (SP) နဲ့ Steem Backed Dollars တို့ပဲဖြစ်ပါတယ်။

sbd_share.jpg
Image Source

Steem Blockchain မှာ အ​ခြေခံအကျဆုံး unit ကို​ပြောပါဆို steem ကိုပဲ လက်​ညိုးထိုးပြရပါလိမ့်မယ်။
Steem ဆိုတာ liquid currency တစ်​မျိုးပါ။ exchange site ​တွေမှာ ၀ယ်​လို့ရမယ်​၊ ​ရောင်းလို့ရမယ်​။
ထို့အပြင်​ steemit user အချင်းချင်း တစ်​​ယောက်​နှင့်​တစ်​​ယောက်​ steem ကို အလွယ်​တကူ transfer လုပ်​လို့ရပါ​သေးတယ်​။ ဒါ့အပြင် SBD အဖြစ်လဲ exchange လုပ်လို့ရမယ်၊ steem power ဖြစ်သွားအောင်လည်း power up လို့ရမယ်။ steem power ဆိုတာကတော့ အခြေခံအားဖြင့် steem နဲ့တူပေမယ့်လို့ သူက ထုတ်ရောင်းချင်တဲ့အချိန်မှာ ထုတ်ရောင်းလို့မရနိုင်ဘူး သုံးလလောက်တော့ lock ဖြစ်သွားမယ်။ အဲ...ထုတ်ချင်တယ်ဆိုရင် power down ရမယ် တစ်ပတ်ကို သင်ထုတ်ချင်တဲ့ steem ပမာဏရဲ့ 13 ပုံ 1 ပုံခြင်းစီ ပြန်ရမယ်။ အဲ့လိုမျိုး။

sydLJSJAgQYIECRIkSJAgQYIECRIkWBr+D0POkjH7ag8XAAAAAElFTkSuQmCC(1).png
Image Source

steem ကို ယေဘုယျ အားဖြင့်
debt(အကြွေး) နဲ့ ownership(ကိုယ်ပိုင်) ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။
ownership ကိုအရင်​​ပြောပါ့မယ်​၊ steem ​တွေကို ကိုယ့်​ပိုက်​ဆံနဲ့ကိုယ်​၀ယ်​တဲ့သူဟာ ownership ပါ။ ownership ဟာ steemit platform ​အောင်​မြင်​သွားရင်​ သူဟာချမ်းသာသွားနိုင်​ပြီး မ​အောင်​မြင်​ခဲ့ရင်​ သူ့​ငွေ​ကြေး​တွေဆုံးရှုံးရမှာပါ။
နောက်​တစ်​မျိုးက debt ၊ သူက​တော့ steemကို ​ချေးငှါးတဲ့သူဖြစ်​ပါတယ်​။ သူက​တော့ steemit ​အောင်​မြင်​သည်​ဖြစ်​​စေ၊ ကျရှုံးသည်​ဖြစ်​​စေ သင့်​တင့်​တဲ့အတိုးနှုန်းကိုရဖို့ အာမခံချက်​ရှိပါတယ်​။ ဒါပေမယ့်​ steemit conmmunity ကြီး
လျှမ်းလျှမ်း​တောက်​ အောင်​မြင်​သွားရင်​​တောင်​ သူဟာအကျိုးအမြတ်​တစ်​စုံတစ်​ရာမရရှိနိုင်​ပါဘူး။(အချိန်တန်ရင် သူချေးငှားထားတဲ့ steem power ကိုပြန်ပေးရမှာ)
ဒီ Debt နဲ့ Ownership နှစ်​မျိုးလုံးဟာ steemit ကြီး​တိုးတက်​ဖို့နဲ့ ​steem ​ဈေးတက်​ဖို့အတွက်​ အ​ထောက်​အပံ့​တွေပဲဖြစ်​ပါတယ်​။
Ownership ကိုမှ
နောက်​ထပ်​နှစ်​မျိုးထပ်​ခွဲထား​သေးတာက​တော့ liquid ownership နဲ့ Vesting Ownership ပါ။
Vesting Ownership ဆိုတာ ​ရေရှည်​ရင်းနှီးမြှုပ်​နှံသူဖြစ်​ပါတယ်​( steem ကို power up ပြီး steem
power ပြောင်းထားတဲ့သူကို ပြောတာပါ။)
liquid ownership ကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲရှင်။
steem ကိုပဲ အဓိကကိုင်ထားတဲ့သူကို ခေါ်တာပါ။

steeeeem.jpg
Image Source

steem ကို အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ exchange website များကတော့ OpenLedgeDEX, Bittrex, HitBTC, Poloniex နဲ့ Upbit တို့ပဲဖြစ်ပါတယ်။

S80218-041314(1).jpg

ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ စာရင်းများအရ steem ရဲ့ market ဟာ $1.14 billion ထိရောက်ရှိနေကြောင်း သိရှိရပါတယ်​။
ဒါ့အပြင် မနေ့က တစ်ရက်ထဲနဲ့
steem စုစုပေါင်း တန်ဖိုး $21.63 မီလီယံဖိုး အရောင်းအဝယ်ဖြစ်နေတာကိုလည်း တွေ့ရှိရပြန်ပါတယ်။
steem ရဲ့ ဈေးနှုန်းဟာ အခုဆိုရင်​ 4.449 USD ( 0.000411 btc) သို့ရောက်ရှိနေပြီး အလားအလာကောင်းသော coin တစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

Thanks for your time,

MSC-040 @honeysara

REFERENCE

http://www.newsrepublic.net/detail/084DB6E95B10100001_us?pid=1021

Sort:  

မသိတာတွေသိလိုက်ရပြီလေ

ဟုတ် 😁

အဲ့လို steem နဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေ တင်ပေးပါ တခါတလေ ကိုယ်စီးနေတာ အထီးလား အမလားမသိရဘူးဖြစ်နေလို့ 

တင်ပါ့ဘုရား၊ တပည့်တော် ကြိုးစားရေးပေးပါ့မယ် ဘုရား 🙏

STEEM က Like Based algorithm ပါ
SHA 256 ဆိုတာ လတ်တလောချိန်ထိ
Crack လို့မလွယ်တဲ့ Encrypted Code တစ်မျိုးပါ။
နောက်ပြီး Proof Of Work မဟုတ်ပါဘူး
Proof of Brain ပါ။
www.steem.io ရဲ့ ဒုတိယစာပိုဒ်လားမသိ
(သေချာမမှတ်မိတော့လို့ပါ)
အဲ့မှာ အထင်အရှားရေးထားပါတယ်။
...
White Paper တွေက အလကားထားထားပေးတာမဟုတ်ပါဘူး။
အချိန်ရရင် White Paper နဲ့ Site ကရေးထားတာတွေ
သေချာဖတ်စေချင်ပါတယ်ခင်ဗျာ။
Proof Of Work ဆိုတာ GPU & CPU based
computing & caculating mining အမျိုးအစားထဲကပါ။
Proof Of Brain ဆိုတာ Human's Brain based
Confirmation အမျိုးအစားထဲကပါခင်ဗျာ။
အမှားပါသွားရင် ခွင့်လွတ်တော်မူပါ မယ်တော် 😁😁

ဟုတ်လား....အောက်ဆုံးမှာပေးထားတဲ့ link ကို ဝင်ဖတ်ကြည့်ပေးပါ bro....အဲ့ဒီအထဲက အချက်အလက်တွေကို ယူသုံးထားတာပါ....ကိုယ်တွေလည်းသိချင်လို့ လေ့လာနေတုန်းရယ် 😇

S80218-191737(1).jpg

PoW မှန်ပါတယ် bro ရဲ့၊ မီနောက်ပါနဲ့ဗျာ 😅

တင်ပါ့

ဒီပိုလ့်လေး ဖတ်မိတော့ လေ့လာစရာတွေကိုယ့်အတွက်အများကြီးကျန်ပါသေးလားလို့ တွေးမိတယ် ကျေးဇူးပါ ညီမ

ဟုတ်ကဲ့ မစု

i will note it sister

ခုလိုသိရလို့ ​ကျေးဇူးပါအစ်​မ​ရေ
နောက်​လည်း များများ​ရေး​ပေး​ပါအုံးဗျာ

ရေးပေးပါမည် ^-^

များများတင်ပေးပါအမရေ ကျွန်တော်တို့ မသိသေးတာတွေ အများကြီးပါပါတယ်ခင်ဗျာ

ဟုတ်ကဲ့ပါရှင့်

ကျေးဇူးပါ ခုလို မျှဝေပေးတဲ့အတွက်

ဟုတ်ကဲ့မမမြန်မာ

ဗဟုသုတလဲရ မင်္ဂလာ လဲရှိပ ​ဗျာ

♪ 加油加油! ♪
ミ ゛ミ ∧_∧ ミ゛ミ
ミ ミ ( ・∀・ )ミ゛ミ
゛゛ \   /゛゛
    i⌒ヽ |
     (_) ノ
      ∪

ဗဟုသုတရတယ်။ကျွန်တော်တို့လဲလေ့လာနေတုန်းအစ်မရေ။အဲ့လိုပြန်ရှင်းပြနိုင်အောင်။ကျေးဇူးပါဗျာ သိခွင့်ရတာ။

ဟုတ်ကဲ့ ကျွန်မလဲ လေ့လာနေတုန်းပါရှင်

ပြန်​လည်​မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ

အခုမှဘဲ သေသေချာချာသိရတော့တယ်

o (◡‿◡✿)

ဗဟုသုတ တိုးပွားရပါတယ်။

Thanks for knowledge sharing..

ဗဟုသုတရပါတယ်​ ကျွန်​​တော်​တို့လိုအသစ်​​တွေအတွက်

。◕‿◕。

ရေးရေးလေးဘဲသဘောပေါက်တယ်ဂျာ

ဗဟုသုတရလို့ ကျေးဇူးပါရှင်


If you believe this post is spam or abuse, please report it to our DiscordYou got a 1.88% upvote from @upmyvote courtesy of @honeysara! #abuse channel.

If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.