ပြောမယုံကြုံမှသိ ( ၃ )

in #myanmar7 years ago (edited)

IMG_20180109_164402.jpgကျွန်တော်တို့ ညီအကိုသုံးယောက်သား စကားပြောကောင်းနေတာနဲ့ ည (၁၁)နာရီလောက်ရှိသွားတယ်ဗျ.....။ကိုသန်းထွန်းက စကားပြောကောင်းကောင်း ကျုပ်တို့ညီအကိုနှစ်ယောက်က အသဲတထိတ်ထိတ်နဲ့ နားထောင်ရတာကိုကြိုက်နဲ့...... သိပ်ကိုအတိုင် အလှည့်ညီနေတာဗျ...........။ကြောက်ပါတယ်ဆိုမှ......ဟာ...... ကိုသန်းထွန်း ထင်းကုန်သွားပြီဗျ.......။ဟင်........မင်းကလည်းကြောက်ကြောက်နဲ့ ထင်းတွေကြည် မီးဖိုထဲ ပစ်ထည့်နေတာကိုကွ........။ဟဲ....ဟဲ......။ထင်းက ပေါပါတယ်ကွာ........။ကဲ........မင်းတို့ညီအကိုနှစ်ယောက်နေခဲ့...။ငါ ထင်းသွားယူလိုက်အုံးမယ်........။ကိုကြီး အဝေးကြီးသွားမနေနဲ့နော်........။မြန်မြန်ပြန်လာခဲ့......။ဟား......ဟား......မင်းကလဲကွာ ကြောက်စရာမရှိ ကြံဖန်ကြောက်နေတယ်.......။ဒီမှာ သန်းလွင်လဲရှိတာပဲ........။ဟင်.....ကျုပ်ကလဲ ကြောက်တာပဲဗျ........။ဒီလယ်ပွဲထဲ.....ညမပြောနဲ့ နေ့တောင် သိပ်ရောက်ဖြစ်တာမဟုတ်ဘူး........။ဟင်း......ညီအကိုနှစ်ယောက်ကတော့ တွဲမိပါ့ကွာ..........။အင်းပါကွာ....တန်းပြန်လာခဲ့မယ်..........။ကိုသန်းထွန်းက ဓာတ်မီးဆွဲ ပြီး အနောက်နားက သစ်ပင်တွေဆီ ထင်းခြောက်သွား ရှာတာပေါ့ဗျာ............။

ညီအကို နှစ်ယောက်သား မီးဖိုလေးဘေးထိုင်နေရင်းက ထင်းကျန်တာလေးတွေ ထည့်လိုက်တော့ မီးတောက်လေးတော်တော် တောက်လာတယ်ဗျ............။အဲအချိန်မှာ စတာပဲဗျို...........ဝုတ်........ဝုတ်.......ဝုတ်..
မဲကောင်ကဟောင်ရောဗျ.........။ဟာ...ကိုကြီး လုပ်ပြန်ပြီထင်တယ်.......။ခွေးက တဲကိုကြည့်ပြီးဟောင်နေတာဗျ........။မီးကလဲ ရှိတဲ့ထင်းလေးအကုန်ထည့်ထားတာ ဆိုတော့ မီးတောက်ကလေးက ထတောက်တဲ့အတောက်မှာ...... ညီအကို နှစ်ယောက်သား ခွေးဟောင်တဲ့ဘက် လှည့်ကြည့်လိုက်တာပေါ့.....။ဟာ.......ဟာ.....ဟာ......တဲပေါ်မှာဗျာ......မဲမဲကြီး ဆံပင်ဖားယားကြီးနဲ့ ကျွန်တော်တို့ဘက်ကို ကျောပေးပြီးထိုင်နေတာဗျ.......မီးဖိုကလဲ မီးတောက်နေတော့ အရှင်းကြီးဗျို.......တကိုယ်လုံးကလည်း...အမွေးတွေလိုလို မဲမဲကြီး.......ဆံပင်တွေကလဲ နောက်ကျောတခုလုံး ဖုံးပြီး ဖြူဖက်ဖက်ကြီးဗျာ........။ကြောက်လိုက်တာဆိုတော့.....။
တကိုယ့်လုံး ထုံကျဉ်သွားသလိုလို......ဆံပင်တွေပဲထောင်လာသလိုလို.....ခေါင်းကြီးပဲကြီးလာသလိုလို.....ကြက်သီးတွေကလဲ တဖြန်းဖြန်းနဲ့ထ.......နှစ်ယောက်သား ကြောင်ကြည့်နေပြီးမှ......ဟင်! ဆိုတခါတည်း......ကိုကြီးရေ......ကိုသန်းလွင်ရေ....သကုန်ဖြဲအော်တာပေါ့ဗျာ....။ဘယ်ပြောကောင်းမလဲ....။
မြွေမှန်း ကင်းမှန်းမသိ အမှောင်းကြီးထဲ ပြေးချလိုက်တာ ဓာတ်မီးတောင် မထိုးမိပါဘူးဗျာ.........။လယ်ကန်သင်းက
ခါးလောက် ခြုံပုတ်တွေကို လွှားခနဲ..... လွှားခနဲ.....ကိုယ့်ကိုကိုယ်တောင် ဘယ်လိုခုန်လိုက်မိမှန်းမသိဘူးဗျို...........။အဲဒါနဲ့ ကိုသန်းထွန်းက......ဟကောင်တွေ ဘာဖြစ်တာတုန်းဟ.......။ဓာတ်မီးနဲ့ ကျွန်တော်တို့ဆီလှမ်းထိုးတော့မှ......ကိုသန်းလွင်နဲ့ ကျွန်တော် သူ့ဆီပြေးတာပေါ့.......။ဟာ....ဘာဖြစ်တာတုန်းဟ....ပြောစမ်းပါအုံး....သူကလဲ အလှန့်တကြားနဲ့ မေးတာပေါ့......။အမလေး စကားပြောနိုင်ဖို့ နေနေသာသာ......ကိုယ့်ဗိုက်ကိုမနည်းနှိပ်ပြီး အမောဖြေနေရတယ်ဗျို............။ပြောစမ်းပါဟ.......ဘာဖြစ်တာလဲလို့........။ဟောဟဲ ဟောဟဲ........။ကိုကြီး...............။ဟား........သရဲ.....သရဲ....ခြောက်လို့ဗျ........။ဟာ...မင်းတို့ကလဲကွာ.....မဟုတ်တာ......ဟုတ်တယ်ဗျ....ကိုသန်းထွန်းရ.....တဲပေါ်မှာဗျာ......မဲမဲကြီး ဆံပင်ဖားယားကြီးနဲ့ဗျ......။ဟား.......မောလိုက်တာဗျာ........။ကျွန်တော်တို့ ညီအကိုနှစ်ယောက်လုံး မြင်လိုက်တာဗျ.......။ကျွန်တော်ကလဲ...ဟုတ်တယ်ပေါ့....ပြောမှ...သူယုံသွားတယ်ဗျ.......။ဟင်..... ဟုတ်လားဟ......။ကိုသန်းထွန်းက ကျွန်တော်တို့ကို သရဲခြောက်လွှတ်လိုက်တယ်ပြောတော့......လာသွားမယ်ကွာ...။သွားကြည့်ရအောင်......။ဘယ်လဲကိုကြီးရ.....။တဲဆီကို......။ဗျာ..................................။

IMG_20180109_164443.jpgကိုသန်းထွန်းဆိုတာ ကျွန်တော့် အကိုဝမ်းကွဲဗျ.......။သူက သရဲမကြောက်တတ်ဘူးဗျ.......။ညဆိုလဲ လယ်ထဲသွားရင် တစ်ယောက်တည်းဆိုလဲသွားတာပဲ......။လယ်တောနဲ့ နီးတဲ့လမ်းက သချိုင်းကုန်းနားက လမ်းဆိုရင်လဲအဲဒိလမ်းကပဲသွားတယ်......။ညအခါ ငှက်လည်ပစ်ရင် သချိုင်းကုန်းပေါ်က ငှက်ပေါတယ်ဆိုပြီး တစ်ယောက်တည်း သွားသွားပစ်တာဗျ.......။တော်တော်ကို သတ္တိရှိတဲ့လူလို့ဆိုရမယ်ပေါ့....။

အဲလိုနဲ့.......ကိုသန်းထွန်းက ဓားရှည်ကြီးကိုကိုင်ပြီး ရှေ့ကသွားတော့ ကျွန်တော်နဲ့ ကိုသန်းလွင် သူ့နောက်က ကြောက်ကြောက်နဲ့ ကပ်လိုက်သွားရတာပေါ့ဗျာ..................။တဲရှေ့ရောက်တော့ တဲပေါ်ဓာတ်မီးနဲ့ ထိုးကြည့်.......တဲနောက်....တဲပါတ်ချာလည် ထိုးကြည့် ...........ဘာမှမတွေ့တော့ဘူးဗျ....။ မင်းတို့ ဟာကလဲ ဟုတ်ရောဟုတ်လားကွာ...............။ဟာ.....ကိုကြီးကလဲ ဟုတ်ပါတယ်ဆိုမှ........။ကျွန်တော်တို့ ညီအကိုနှစ်ယောက်စလုံး မြင်လိုက်တာဗျ.............။နေအုံး........အခုတခါ လာပါစေအုံး..........။ပေါ်လာလို့ကတော့........တခါတည်း ပိုင်းထည့်လိုက်မယ်.........။”နင်တို့တွေ ကိုယ့်ဖာသာနေနော် ထပ်ခြောက်လို့ကတော့ တဲမီးနဲ့ရှုံ့ပစ်မယ်..”ဘာညာနဲ့ ဟောက်ပြောနေတာပေါ့ဗျာ..။အမလေးကိုကြီးရာ.......။မလုပ်ပါနဲ့...........။ခုညတောင်အိပ်မရအောင်လုပ်ထားပါအုံးမယ်ဗျာ.......။သူကသာ အဲလိုတွေပြောနေတာ......ကိုသန်းလွင်နဲ့ကျွန်တော်ကတော့.......ကြောက်လွန်းလို့ ဆက်ဆက်တောင်တုန်နေတယ်ဗျာ............။

အပိုင်း (၄) ဆက်ရန်

Photo credit -google
written by htetlinaungg
MSC, 078

Sort:  

သရဲတော့မမြင်ဖူးသေးပါ

ျွန်တော့ပုံသာကြည့်လိုက်ပါ bro

Nice post
I follow you Follow mee back plz
vote my post

Congratulations @htetlinaungg! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဟုတ်

ဖတ်ရင်းနဲ့ကြောက်ကြောက်လာတယ်

Nice post
I follow you Follow mee back plz
vote my post

I followed you

ဟုတ်ကဲ့ပါ ကျေးဇူးပါအမ
ညမဖတ်ပါနဲ့နော်......ဟဲဟဲ

good story

Thank bro, I will try

ဖတ်လို့ မရဲဘူး ကြောက်တယ်ဟ

ဘုရား တရားသာ အာရုံပြာအိပ်ပါတော့ ဘုန်းဘုန်း

Inn ကနေ့ညတော့ ဘယ်လိုအိပ်ရမလည်းဟေ့…

ဖတ်ပေးတဲ့အတွက်ကျေးဇူးပါအကို
ဘုရားစာရွတ်အိပ်ပါတော့ bro

Comment ဖတ်​ပြီး ​ကြောက်​လို့စာမဖတ်​ပဲ ပြန်​ထွက်​သွားသည်​။...

ကြောက်တတ်သူများမဖတ်ရလို့ခေါင်းစဉ်ပြောင်းရမယ်နော

သေပီ အိပ်ခါနီးမ ဖတ်​မိတယ်​😂😂

ညမဖတ်ရလို့ ခေါင်းစဉ်တပ်ပေးပါမယ် bro

သူ့ ပြောမယုံနဲ့ ကိုယ်နဲ့ကလည်း ညဘက်ဆိုကြုံပီ...
:(

ဟုတ်

Really i like this post , Good .....

ကျွန်တော် ရယ် ကို သန်းထွန်း ရယ် ကို သန်းလွင်ရယ်
စောင့်ဖတ်လျက်ပါ ဗျ

ကြောက်​သွားပီ

ဟုတ်

တရဲမင်​ဖူးချင်​တာ😉တရဲမ​ငယ်​၂​လေး​တွေ့ရင်​​ပြော​ပေးပါ။တော်​ကီပြစ်​ချင်​လို့😜

Good Post and Good Writing bro.