ဒီနေ့ပတ်ဝန်းကျင်ဟာ ကျွန်တော်တို့ လူငယ်တွေကိုယ်တိုင် လိုက်မမီအောင် ရုပ်ဝတ္ထုတွေ တိုးတက်နေကြပါတယ်။ နည်းပညာအသစ်အဆန်းတွေဆိုရင် ကျွန်တော်တို့တွေ မသိတာတွေအများကြီးရှိပါသေးတယ်။
ကျွန်တော်တို့လို စီးပွားရေးအရ ဆင်းရဲတဲ့နိုင်ငံမှာ အစစအရာရာ နိမ့်ကျနေတာ တိုးတက်မှု အားနည်းလို့ပါပဲ။
ရုပ်ဝတ္ထုတွေ မတိုးတက်တော့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်သလားဆိုတော့လည်း fbတစ်ခါ ကြည့်မိတိုင်း ဆဲလိုက်ကြတာ မိုးမွှန်လို့ လိုင်းသုံးပြီးမှ ပိုပြီးတောင် ရိုင်းစိုင်းနေကြသလား အောက်မေ့ရအောင်ပါပဲ။
ဘယ်အရာမဆို တိုးတက်ဖို့ဆိုရင် ကျွန်တော်တို့တွေက တိုးတက်အောင်ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လုပ်သမျှလောက်ကို အခန့်သား ထိုင်စားနေရင် တိုးတက်မှုရပ်သွားပါလိမ့်မယ်။
အဲ့ဒီလို မဖြစ်ရအောင် အသစ်အသစ်တွေကို တီထွင်ဖန်တီးပြီး အမြဲတစေ ရှင်သန်ကြီးထွားနေအောင် ကြိုးစားနေကြဖို့လိုပါတယ်။
တိုးတက်တဲ့နိုင်ငံဟာ စာဖတ်၍စာဖတ်တဲ့ နိုင်ငံတိုင်း တိုးတက်ကြတယ် လို့ ဦးသန့်ကပြောဖူးပါတယ်။
စာဖတ်နေရုံမျှနဲ့ မတိုးတက်ပါဘူး။ စာဖတ်ပြီး ဦးနှောက် အတွေးအခေါ် အတွေးအကြံတွေကို ပွင့်လန်းရှင်သန်နေအောင်လုပ်ပြီး အဲ့ဒီစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နေကြမှသာ အမှန်တကယ် တိုးတက်မှာပါ။
ဒီနေ့ ကမ္ဘာပေါ်မှာ ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ အိုင်ဖုန်းဟာ ဒီနေ့ပထိ အသစ်အဆန်းတွေကို ဖန်တီးပြီး တိုးတက်မှုကို ရယူနေတာဖြစ်ပါတယ်။ သူတို့ အိုင်ဖုန်းကို လူတွေ သိပ်ကြိုက်ကြတာကလည်း အဲ့ဒီဆန်းသစ်နေမှုကြောင့်ပါပဲ။
ဒါဟာ မရပ်တန့်တဲ့ ကြိုးစားမှုကြောင့် ရရှိနေတဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်။အဲ့ဒီတိုးတက်မှုနဲ့အတူ အောင်မြင်မှုကိုလည်း ရရှိနေတာ ဖြစ်ပါတယ်။
ဆန်းသစ်မှုတွေကို အမြဲရှာဖွေနေပြီး အဲ့ဒီဆန်းသစ်မှုတွေဟာ လူတွေနဲ့ ဘယ်လောက်အံဝင်ခွင်ကျ ဖြစ်စေသလဲ။ လူတွေ ဘယ်လောင်ကြိုက်ကြသလဲ ဆိုတဲ့အပေါ် မူတည်ုပီး ရှာဖွေသင့်ပါတယ်။
ကိုယ့်ရဲ့လက်ရှိအခြေအနေကနေ ငွေကြေးပဲဖြစ်ဖြစ် အသိပညာပဲပဲ ဖြစ်ဖြစ် အရင်ကထက် ပိုများလာတယ် ပိုသိလာတယ် ဆိုရင် ဒါဟာ တိုးတက်မှုတစ်ခုပါပဲ။
ကိုယ့်တိုးတက်မှုကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်တိုးတက်မှုလမ်းစကို ကိုယ့်ဘသာပဲ ရှာဖွေကြရမှာ ဖြစ်ပါတယ်။ မူလအခြေအနေထက် ယုတ်လျော့သွားတဲ့အဖြစ်မျိုးကို ဘယ်သူမှ အလိုမရှိကြပါဘူး..လူတိုင်းကတော့ တိုးတက်ချင်ကြ ဖွံ့ဖြိုး ချင်ကြတာချည်းပါပဲ။
ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုပဲ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ ကိုယ့်တိုးတက်မှုတွေကို ကိုယ့်ဘာသာပဲ ရှာဖွေကြရမှာပါ..။
ကျွန်တော်တို့ တွေလည်း ကိုယ်တိုင် အောင်မြင်ချင်ကြရင် ကြိုးစားကြရမှာဖြစ်သလို ကြိုးစားမှုရလာဒ်ဖြစ်တဲ့ အောင်မြင်တဲ့ တိုးတက်ခြင်းတွေကိုလည်း နောက်ဆက်တွဲရရှိနေမှာ ဖြစ်ပါတယ်။
Writter @htetnainglin
Msc 188
Photo credit google
Proတွက် ရေးတာဆိုရင် စာက တိုလွန်းပါတယ် ထက်ဖြည့်ပေးပါအုံး reply လဲ ပြန်ပါ
ဟုတ် မမ
အပြန်အလှန်လေးပေါ့ဗျာကြိုးစားတိုင်းမအောင်မြင်ကြပေမယ်အောင်မြင်နေတဲ့သူတွေဟာလည်းကြိုးစားကြလို့ပါခင်ဗျဟီးးးးးးးး
😁😁thanks
စာဖက်တိုင်း မအောင်မြင်နိုင်ပေမယ့်၊ အောင်မြင်နေတဲ့သူတိုင်းဟာ စာဖက်ကြတဲ့သူတွေ
လို့ဆရာကပြောဖူးတယ် ။Thanks bro
ဗဟုသုတရပြီးကောင်းသောပိုစ့်ပါ...
Thanks
ဟုတ်
Ok
တိုးတက်ချင်စိတ်တွေရှိနေသ၍ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်
Hotr kat par
ကိုယ်စိုက်သလောက် ရိတ်သိမ်းရမှာပါ။များများ ကြိုးစားလေ ကောင်းလေပါညီ။
ဟုတ်
နည်းပညာကတော့
တလနဲ့တလမတူဘူးဗျာ
ဟုတ်ကဲ့ပါ
တိုးတက်စေ့ အားဆေး တစ်ခွက်ပါဗျာ😄😄
😁😁
ရည်မှန်းချက် ပြင်းထန်ရင် ..
တိုးတက် အောင်မြင်မှာပါ ..
ကောင်းပါတယ်ဗျ လက်တွေ့ဆောင်ရွက်နိုင်အောင်ကြိုးစားရပါတော့မည်
ဟုတ်
တိုးတတ်နေတဲ့နိုင်ငံကလူတွေ စာဖတ်ကြသည်
ဟုတ်
တက်ကျမ်း သဘောလိုပေါ့
ကြိုးစားတဲ့သူတိုင်း မအောင်မြင်ကြပေမယ့် အောင်မြင်ကြတဲ့သူတိုင်း ကြိုးစားခဲ့ကြပါတယ်။
ဟုတ်
ရည်မှန်းချက်ထားပြီးကြိုးစားရင် တိုးတက်အောင်မြင်မှာပါ
Thank you for your sharing
ရုပ်ဝတ္ထုနောက်လိုက်ရင်း ဖိနပ်လည်းပါးတော့မယ်
ကြိုးစာနေသူတွေအတွက် ပန်းတိုင်ကအနီးလေးပါ