ပြီးခဲ့သည့်ပို့စ်တွင် -
မိမိသည် အဖိုးထိုက်တန်သူလား သို့မဟုတ် တန်ဖိုးမရှိသူလား.. ??လူတယောက်ရဲ့ တန်ဖိုးဆိုတာ ဘာလဲ ?? လူတယောက်၏တန်ဖိုးကို ဘယ်အရာနဲ့တိုင်းတာမလဲ ?? ဘယ်လိုတိုင်းတာမလဲ ??
အစရှိသည့် မေးခွန်းများကို မေးမြန်းခဲ့ပါသည်။
ထိုမေးခွန်းများကို ဖြေဆိုရန် အဖြေများမှာ အမျိုးမျိုး ကွဲပြားမှု ရှိပါသည်။
Photo credit-Google image
အဘယ်ကြောင့်ဆိုသော် လူတယောက်၏တန်ဖိုးကို သတ်မှတ်ရာတွင် လူတဦးနှင့်တဦး မတူညီကြသောကြောင့် ဖြစ်ပေသည်။ယေဘုယျအားဖြင့် လူတယောက်၏တန်ဖိုးကို - စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၊အလှအပဆိုင်ရာ တန်ဖိုးများ၊လူမှုရေးရာ ကောင်းမွန်မှု၊အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊လူ့ကျင့်ဝတ်နှင့်အညီ လိုက်နာမှုများ၊ကိုယ်ကျင့်တရား ကောင်းမွန်မှု အစရှိသဖြင့်အချက်အလက်အမျိုးမျိုးအပေါ် အခြေခံ၍ လူတယောက်၏တန်ဖိုးကို သတ်မှတ်လေ့ရှိကြသည်။
Photo credit-Google image
အချို့သောသူများသည် အထက်ပါ
အကြောင်းအချက်များအပြင် ထိုသူ၏ ပိုင်ဆိုင်မှု ငွေကြေး၊
ဥစ္စာဓနများ၊အောင်မြင်မှုများ၊ရာထူး၊အာဏာများကိုလည်း
တန်ဖိုးတခုအဖြစ် သတ်မှတ်ကြသူများလည်းရှိသေးသည်။
ထိုသူများမှာ လူတယောက်
အောင်မြင်ချမ်းသာနေချိန်၊ရာထူးအာဏာရှိနေချိန်တွင် ထိုသူအား အထူးအရေးပေးဆက်ဆံကြသော်လည်း မမျှော်လင့်သော အကြောင်းအရာများကြောင့် ထိုအရာများကို လက်လွတ်ဆုံးရှုံးရချိန်တွင် ထိုသူအား အရေးမစိုက်၊အဖတ်ပင်မလုပ်တော့ပဲ တန်ဖိုးမရှိသူတဦးကဲ့သို့ ဆက်ဆံကြသူများဖြစ်ပေသည်။
မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်၏ လွှမ်းမိုးမှု၊အပြုအမူများ၊မိမိ၏ ကျွမ်းကျင်မှုနှင့် လုပ်နိုင်စွမ်းများ၊မိမိ၏ယုံကြည်ချက်များ၊တန်ဖိုးထားမှုများနှင့် ဖြစ်တည်နေသော အခြေအနေတို့အပေါ်တွင် အခြေခံ၍ လူတယောက်၏တန်ဖိုးကို သတ်မှတ်လေ့ရှိကြသည်။
ထို့ကြောင့် လူတယောက်၏တန်ဖိုးကိုဖော်ပြရာ၌ တဦးနှင့်တဦး၊တနေရာနှင့်တနေရာ၊တနိုင်ငံနှင့်တနိုင်ငံ တူညီမှုမရှိနိုင်ပေ။အဘယ်ကြောင့်ဆိုသော် အထက်တွင်ဖော်ပြခဲ့သလို အခြေအနေ၊ အကြောင်းအခြင်းအရာများစွာအပေါ်၌ အခြေခံ၍ လူတယောက်၏တန်ဖိုးကို ဆုံးဖြတ်ကြသောကြောင့်ဖြစ်သည်။
သို့သော် လူတယောက်၏တန်ဖိုးကိုသတ်မှတ်ရာ၌ တစ်ကမ္ဘာလုံးတွင် တူညီသော "စံ သတ်မှတ်ချက်" တခုရှိသည်။၎င်းမှာ "ကိုယ်ကျင့်သီလ" ဖြစ်ပေသည်။လူတယောက်၏ သီလ၊သမာဓိ တည်ကြည် ခိုင်မာမှုနှင့် ထိုသူ၏ အကျင့် စာရိတ္တရေချိန်ပေါ်မူတည်၍ တန်ဖိုးသတ်မှတ်နိုင်သည်။
Photo credit-Google image
ထိုသို့သော အကြောင်းအခြင်းအရာများကို အခြေခံ၍ ကျွန်ုပ်တို့သည် အခြားသူများအား တန်ဖိုးရှိသူ/တန်ဖိုးမရှိသူ၊လူကောင်း/လူဆိုး ဖြစ်သည် အစရှိသဖြင့်အကဲဖြတ် ဆန်းစစ်မှုများပြုလုပ်သကဲ့သို့ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ရန်လည်း လိုအပ်ပေသည်။
မိမိသည် တန်ဖိုးရှိသူလား၊တန်ဖိုးမရှိသူလား...?
မိမိ၏တန်ဖိုးကို မိမိကိုယ်တိုင် သိရှိရန်လိုအပ်ပေသည်။သို့မှသာ မိမိကိုယ်ကို တန်ဖိုးထားတတ်မည်ဖြစ်သည်။
(နောက်လာမည့် ပို့စ်တွင် မိမိကိုယ်ကို တန်ဖိုးထားသူနှင့်တန်ဖိုးမထားသူတို့၏ ကွာခြားချက်များနှင့် မိမိကိုယ်ကို တန်ဖိုးမြှင့်တင်စေရန် ပြုလုပ်ရမည့် အချက်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။)
Congratulations @htetwaihin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Congratulations @htetwaihin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Motivation,psychology အမျိုးအစားပါ ၊ သတ်ပုံသတ်ညွှန်း တအားတိုးတက်လာတယ်။ ကိုယ့်စာကိုယ်အထူးဂရုစိုက်တာသိသာတယ်။ စာပိုဒ်ခွဲတာကောင်းရင် အချို့ပုံများက မလိုအပ်ပါ။
ဟုတ်ကဲ့ပါ ဆရာ...
ဆက်လက်ကြိုးစားပါမယ်။
ကျေးဇူးတင်ပါတယ်။
အရေးအသားကောင်းပါတယ်စာပိုဒ်ခွဲလိုက်ရင်ပိုကောင်းပါတယ်bro
ဟုတ်ကဲ့ပါ...ပြန်ခွဲထားပါတယ်။ကျနော်က ဖုန်းနဲ့တင်တာဆိုတော့ desktop view မှာဆို တမျိုးဖြစ်နေမယ်ထင်တယ်။ကြည့်ပီး လိုအပ်တာရှိရင်လည်း ပြန်ပြောပေးပါအုံးခင်ဗျာ...
ကျေးဇူးတင်ပါတယ်။
yes,
thanks..
nice post,bro!
Thank you bro..
အခုလို အရေးအသားတိုးတက်လာတာတွေ့ရတော့ ၀မ်းသာပါတယ်။ ဆက်လက်ကြိုးစားပါ အားပေးနေပါတယ်။
ဟုတ်ကဲ့...ကျေးဇူးပါခင်ဗျာ။
ကြိုးစားပါ့မယ်။
Nice sharing !
Thanks bro..
Thanks..